Skip to main content

ငပုတော မြို့ က ခေါင်းဖြတ်လူသတ်အမှုအား ခက်ခဲစွာဖော်ထုတ် ဖမ်းဆီးအရေးယူနို

ငပုတော မြို့ က ခေါင်းဖြတ်လူသတ်အမှုအား ခက်ခဲစွာဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့

 
ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့ က ခေါင်းဖြတ်လူသတ်အမှုအား ပုသိမ်ခရိုင် ရဲတပ်ဖွဲ့နှင့် ငပုတောမြို့နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ခက်ခဲစွာဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့
ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့နယ် ငပုတောမြို့မစခန်း၏ အနောက်ဘက် ၇ မိုင်ခန့် အကွာ ဂုံးချောင်းကျေးရွာ က ခေါင်းဖြတ်လူသတ်အမှုအား ပုသိမ်ခရိုင် ရဲတပ်ဖွဲ့နှင့် ငပုတောမြို့နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၇ ရက်ကြာမှာ ခက်ခဲစွာဖော်ထုတ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံသုံးဦးအား ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်း သိရသည်။ 


ဖြစ်စဉ်မှာ ၂၀.၁၀.၂၀၁၇.ရက်နေ့ ည ၁၀ နာရီအချိန်ခန့် မမိုးမိုးဦး အသက် ၂၂ နှစ်(ဘ)ဦးစောနီတော၊ အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ဂုံးချောင်းကျေးရွာ နေသူသည် ယောက္ခဖြစ်သူဦးသိန်းရွှေ လယ်တဲမှာရှိနေချိန် ခင်ပွန်းဖြစ်သူ စောဝင်းရွှေ အသက် ၃၉ နှစ်က ညီဖြစ်သူထွန်းထွန်းနိုင် အား လက်ကိုင်ဖုန်း အားသွင်းရန် ဘက္ထရီအိုး မတွေ့ရ၍ မေးမြန်ကြည့်ရာ ဆည်မှာထားခဲ့ကြောင်းပြော၍ တဦးတည်း ဘက္ထရီအိုးယူရန် ထွက်သွားခဲ့သည်။ 


နောက်တရက်မိုးလင်းသည်နှင့် ပြန်ရောက်လာခြင်းမရှိသဖြင့် ကျေးရွာမှ လူများကူညီမှုရယူပြီးဆွေမျိုးသားချင်းများ လိုက်ရှာကြရာ မည်သည့်နေရာမှ မတွေ့ခဲ့ရပါ ၂၂.၁၀.၂၀၁၇.ရက်နေ့လည် ၂ နာရီ အချိန်ခန့်မှာ ဦးစံဝင်း၊ ဦးချစ်သန်း တို့နှင့်အတူ ဆက်လက်ရှာဖွေကြရာ ဂုံးချောင်းကျေးရွာ ချောင်းဖျားရိုးကမ်းပါးရေထဲထွင် မည်သူမည်ဝါမသိရ လူသေလောင်း လက်တဖက်တွေ့ရ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဌေး ထံသွားရောက် အကြောင်းကြားခဲ့ကြသည်။ 


 အုပ်ချုပ်ရေးမှူး က ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြပြီး အလောင်းအား စစ်ဆေးကြည့်ကြရာ ခေါင်းပြတ်နေပြီး ဝဲနို့အုံထိုးသွင်းဒါဏ်ရာ တချက် ၊ဝဲနို့အုံအောက်ထိုးသွင်းဒါဏ်ရာတချက်၊ ဝဲဘက်ဝမ်ဗိုက်ထိုးသွင်းဒါဏ်ရာတချက်၊ ယာနို့အုံအောက်ထိုးသွင်းဒါဏ်ရာတချက်၊ ရင်ညွန့်မှာထိုးသွင်းဒါဏ်ရာ တချက်တို့တွေ့ရပြီး သေဆုံးသူမှာ စောဝင်းရွှေ ဖြစ်ကြောင်း ညီဖြစ်သူ ထွန်းထွန်းနိုင် က အတည်ပြုနိုင်ခဲ့သည်။ 

ယင်းဖြစ်စဉ်အား သေဆုးံသူ၏ဇနီးဖြစ်သူက တရားလိုပြု တိုင်ကြားသဖြင့် ငပုတောမြို့မရဲစခန်း (ပ)၃၄၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်၍ အမှုအား စခန်းမှူးဒုရဲမှူးအောင်မျိုးထွန်းက တာဝန်ယူစစ်ဆေးသည်။ အလောင်းအား ငပုတောပြည်သူဆေးရုံကြီးသို့ တပ်ကြပ်ကြီးလှမျိုးထွန်း မှရဲဆေးစာနှင့်အတူ ပို့ဆောင်ခဲ့ပြီး စခန်းမှူး ကအဆင့်ဆင့်ဆက်သွယ်တင်ပြခဲ့ပြီး အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးရန် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သဟိန်းမင်းထွန်း အပိုင်နယ်ထိန်းရဲဒုတပ်ကြပ်အောင်ကျော်ဦးတို့နှင့်အတူ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ 

စခန်းမှူး၏ အဆင့်ဆင့်တင်ပြမှုကြောင့် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲမှူးကြီးဝင်းမြင့်ထူး ကိုယ်တိုင် ပါဝင်ပြီး ပုသိမ်ခရိုင် မှု/ကူ ဌာန စုမှ ရဲအုပ်ငြိမ်းချမ်းကျော် ရဲအုပ်ဇော်ထက်အောင် ရဲတပ်ကြပ်ကျော်ကျော် တို့နှင့်အတူငပုတောသို့ ရောက်ရှိကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းမြင့်နှင့်အတူပူပေါင်းပြီး အနီးကပ်ကြီးကြပ်၍ အဖွဲငယ် ၄ ဖွဲ့စည်း၍ နယ်မြေချင်းဆက်စပ်ကျေးရွာများ လယ်ယာလုပ်ငန်းတဲများ တောင်ယာလုပ်ငန်းနှင့်မီးသွေးဖုတ်လုပ်ငန်းတဲတို့အား ပြိုင်တူလုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ 

ထိုသို့ပူးပေါင်းဆောင်ရွက်ခဲ့ချင်းကြောင့် ရရှိသောသတင်းများအား အတည်ပြုကြပြီး သံသယတရားခံ စောလူအေး အသက် ၃၄ နှစ်(ဘ)ဦးမောင်ဂျား လယ်ယာလုပ်သား ဂုံးချောင်းကျေးရွာ နေသူအား ချုပ်ရီမာန်တောင်ခံ၍ အမှုစစ်နဲ့အတူ ပူးပေါင်းအဖွဲ့က စစ်ဆေးကြရာ ၃၀.၁၀.၂၀၁၇ ရက်နေ့မှာ ပထမ တွင် ညင်းဆန်နေသော်လည်း အမှုစစ်အဖွဲ့က မညင်းနိုင်သော အချက်လက်များထောက်ပြ၍ လိမ္မာပါးနပ်စွာ စစ်ဆေးခဲ့ရာ မညင်းသာတော့ဘဲ ဝန်ခံထွက်ဆိုခဲ့ရသည်။ 

ဝန်ခံထွက်ဆိုသည်မှာ အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ဂုံးချောင်းကျေးရွာ ဇာတိဖြစ်ပြီးဦးမောင်ဂျား ဒေါ်မပြုံး တို့၏မွေးချင်း ၂ ယောက်ရှိသည့်အနက်မှ အကြီးဆုံး သားဖြစ်ကြောင်း ငယ်စဉ်က တောင်ချောင်း အစိုးရ မူလတန်း ကျောင်းမှာ ပထမတန်းထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ်ခန့်က တရွာတဲနေ ဦးမဲမဲကြီး ဒေါ်နီတာ တို့၏ သ္မီးမနွယ်နီ နှင့် အိမ်ထောင်ကျခဲ့ပြီး သားသ္မီး မထွန်းကားခဲ့ပါ ၊ တလကျော်ခန့်သာပေါင်းသင်းရပြီး ဇနီးမှာ မြွေကိုက်၍သေဆုံးသွားတာကြောင့်ယနေ့တိုင်အိမ်တောင်မပြုဘဲ ညီငယ်နှင့်အတူ နေကြောင်း ဆိုခဲ့သည်။ 


မှုခင်းပိုင်းထွက်ဆိုခဲ့ရာ ညီဖြစ်သူသားငယ်မှာ ဒေသအခေါ် ခုနှစ်မော့တောင်ပေါ်တွင် မီးသွေးဖုတ်သည့် လုပ်ငန်းလုပ်ကိုင်နေပါသည်။ သူငယ်ချင်းဖြစ်သူ တင်ကိုဝင်း သဇင်ကွင်းကျေးရွာနေသူကလည်း ၎င်းတို့အတူ မီးသွေးဖုတ်လုပ်ငန်းအတူ ၃ ယောက်ပေါင်း လုပ်ကိုင်ခဲ့ကြရာ ၅ လခန့်ကြာခဲ့ပါပြီ ၂၀.၁၀.၂၀၁၇.ရက်နေ့ညနေ. ၆ နာရီ အချိန်ခန့်မှာ အုပ်ရှစ်ကွင်းကားလမ်းဘေး ဂုံးချောင်းကျေးရွာ တွင် နေထိုင်သော ဆိုင်ကယ်တက္ကစီမောင်သူ ဦးဇော်ဝင်း နှင့်တွေ့ခဲ့ရာ မင်းတို့ ၃ ယောက်က ဆင်သတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စီးပွားရှာနေကြကြောင်း သဇင်ကွင်းကျေးရွာနေ ဇင်မင်းထိုက် ကို စောဝင်းရွှေ ပြောပြောနေသည်ကို ကြားခဲ့ရကြောင်းပြော၍ သိရှိရသည်။ 

ထိုသို့ သိရသောအခါ ဒေါသဖြစ်ပြီး ၃ ဦးအတူတိုင်ပင်ကြပြီး ဓာတ်မီးကိုစီ ဓားကိုယ်စီယူခဲ့ကြပြီး ဂုံးချောင်း ချောင်းဖျားတွင်ရှိသော စောဝင်းရွှေ တဲသို့ သွားရောက်ကြပြီး သားငယ်နှင့်တင်ကိုဝင်းတို့အားဆည်၏ တဘက်စပါးခင်းမှာ ခနပုန်းခိုင်းစေသည်။ ၎င်းကဝါးရုံအကွယ်မှစောင့်နေချိန် ည ၉ နာရီအချိန်ခန့် စောဝင်းရွှေ လက်နှိတ်ဓာတ်မီးဖြင့် ရောက်လာချိန် နောက်မှဝင်ဖက်လုံးလိုက်ပြီးပုန်းနေသော ညီဖြစ်သူသားငယ်နှင့် သူငယ်ချင်းတင်ကိုဝင်းတို့အားအော်ခေါ်လိုက်ပြီး အသင့်ယူဆောင်လာသော ဓားဖြင့်ထိုးခိုင်းခဲ့ရာ တင်ကိုဝင်း ကစ၍ ဘယ်ဘက်ရင်အုံအားထိုးလိုက်ရာ မျပေါက်ဘူးကွ ပြော၍ ၎င်းကစောဝင်းရွှေအား ဖက်ထားရင်း ယာနားရွတ်အား ပါးစပ်ဖြင့်ကိုက်လိုက်သည်။ 

တင်ကိုဝင်းကဆက်၍ ဘယ်ရင်အုံအား ထိုးလိုက်ရာ ဝင်သွားပြီး လုံးထွေးကာ ရေထဲကြသွားခဲ့သည်၊ နောက် သားငယ်က ၃ ချက်ခန့် ထိုးလိုက်ပြီး လဲကြသွားချိန် ၎င်းက ခေါင်းအားဖြတ်ပြစ်လိုက်ပြီး ရေထဲတွင်ထားခဲ့ကြသည်။ သားငယ်ဓားအိမ်ကြကျန်ခဲ့သဖြင့် ရှာမတွေ့ခဲ့ပါ၊ ည ၁ နာရီအချိန်ခန့် မှာ တဲပြန်ရောက်ရေချိုးကြပြီးအိပ်ခဲ့ကြသည်။ နောက်တနေ့ မနက်မှာ ဓားများအားတောင်ပေါ်ရှိ ကြက်နွယ်ပင်ခြေရင်း ပဲခင်းတဲ စသည့်နေရာတို့တွင် ဝှက်ထားကြောင်း ဆိုခဲ့ပြီး သက်သေခံဓားတို့အား အမှုစစ်စခန်းမှူးဒုရဲမှူးအောင်မျိုးထွန်းက ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့သည်။ 

ကွင်းဆက်တရားခံများအား စစ်ဆေးခဲ့ရာ စောလူအေးနှင့် ထပ်တူထွက်ဆိုခဲ့၏ အမှုစစ်မှ ရဲလုပ်ငန်းများ အမြန်ပြီးပြတ်အောင်ဆောင်ရွက်၍ အမှုအား ပုသိမ်ခရိုင်တရားရုံးမှာ တရားစွဲတင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ 

ရွှေဘို ဝဠာ 
ရွှေဘိုဝဠာ - မှု့ခင်းသတင်း နှင့် သတင်းစုံ 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...