Skip to main content

ကချင်မှာ ပထမဆုံး ဖြစ်မယ့် စီးပွားရေးဇုန်မှာ ရင်းနှီးဖို့ တရုတ်စိတ်ဝင်စား

ကချင်မှာ ပထမဆုံး ဖြစ်မယ့် စီးပွားရေးဇုန်မှာ ရင်းနှီးဖို့ တရုတ်စိတ်ဝင်စား

 
ကချင်ပြည်နယ်လွှတ်တော်
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ တရုတ် အထူးစီးပွားရေး ကိုယ်စားလှယ်အဖွဲ့က ကချင် ပြည်နယ် အစိုးရနဲ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံပြီး ရင်းနှီးမြုပ်နှံမှု တွေနဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။ 

အဖွဲ့ဝင် ၁၀ ဦးပါတဲ့ တရုတ် အထူးစီးပွားရေး ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ လွယ်ဂျယ်နဲ့ ကန်ပိုက်တီး ဒေသကနေ တရုတ်ဘက်ကို မှောင်ခိုလမ်းကြောင်းကနေ တင်ပို့နေတဲ့ ဆန်တွေကို တရားဝင် ကူးသန်း ရောင်းဝယ်နိုင်ဖို့ ပြည်နယ်အစိုးရက ပြောဆိုခဲ့တယ်လို့ ကချင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဒီဆင်ရန်က ပြောပါတယ်။ 

ကချင် ပြည်နယ်အစိုးရက မြန်မာ ဆန်ကုန်သည်ကြီးတွေရဲ့ ဆုံးရှုံး နစ်နာမှုတွေကို တင်ပြ ပြီး နှစ်နိုင်ငံ အစိုးရ ညှိနှိုင်း အဖြေရှာဖို့ ပြောခဲ့ရာမှာ လောလောဆယ် မြန်မာ့ဆန်ကို တရုတ်ဘက်က ဝယ်ယူတာ မရှိသေးဘဲ တစ်နှစ်ကို ဆန်တန်ချိန် ဘယ်လောက် တရုတ်ကို ပို့မယ်ဆိုတာ နှစ်နိုင်ငံ သဘောတူပြီးမှသာ ဆန်တင်ပို့မှုတွေ တရားဝင် ဖြစ်မယ်လို့ တုံ့ပြန်ကြောင်း သူက ဆိုပါတယ်။ 

အခု ကချင် ပြည်နယ်ကို လာတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့မှာတော့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ ပါမလာခဲ့တဲ့ အတွက် တရုတ် ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ သဘောတူတာ မရှိခဲ့ဘူးလို့ ဦးဒီဆင်ရန်က ပြောပါတယ်။ 

တကယ်တော့ တရုတ်ကုမ္ပဏီ အများစုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြပြီး ကချင်ပြည်နယ် ဝိုင်းမော် ဘက်မှာ လုပ်မယ့် အထူးစီးပွားရေး ဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ အဆိုပြုထားတဲ့ တရုတ်ကုမ္ပဏီ တွေလည်း ရှိနေပါတယ်။ 

တရုတ်နိုင်ငံ ထိန်ချုန်းဘက်က ကုမ္ပဏီတွေက အများဆုံး စိတ်ဝင်စားနေပြီး လောလောဆယ် တရုတ် ကုမ္ပဏီနှစ်ခုနဲ့ ပြောဆို ဆွေးနွေး နေကြောင်းနဲ့ ပြည်ထောင်စု အစိုးရက ဆုံးဖြတ် လုပ်ကိုင်မယ်လို့ ဦးဒီဆင်ရန်က ပြောပါတယ်။ 

ဝိုင်းမော်ဘက်မှာ လုပ်မယ့် စီးပွားရေးဇုန် စီမံကိန်းဟာ ကချင်ပြည်နယ်အတွက် ပထမဆုံး စီးပွားရေးဇုန် ဖြစ်ပြီး မြေဧက ထောင်နဲ့ ချီ အကျယ်အဝန်းရှိပါလိမ့်မယ်။ 

စက်ရုံတွေနဲ့ ဟိုတယ်တွေ လည်း ပါဝင်မယ့် အဲဒီနေရာဟာ ကုန်သွယ်ရေး လုပ်ငန်းတွေရဲ့ ဗဟို အချက်အချာ ဖြစ်လာ နိုင်ဖွယ်ရှိပါတယ်။

BBC Burmese 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...