Skip to main content

ခင်ပွန်းသည်ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို သိသွားပြီး ဒေါသထွက်နေခဲ့တဲ့ အမျိုးသမီးတစ်ဦးကြောင့် ကာတာလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရ

ခင်ပွန်းသည်ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို သိသွားပြီး ဒေါသထွက်နေခဲ့တဲ့ အမျိုးသမီးတစ်ဦးကြောင့် ကာတာလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရ

 
ယင်းနောက်မှာ လေယာဉ်မှူးတွေက အိန္ဒိယတောင်ပိုင်းမြို့ချန်နိုင်မှာပဲ ရုတ်တရက် ဆင်းသက်လိုက်ဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၇ ။             ။ ခင်ပွန်းဖြစ်သူ အိမ်ထောင်ရေးဖောက်ပြန်နေခြင်းကို သိရှိသွားပြီးနောက် လေယာဉ်ပေါ်မှာ အကြီးအကျယ် ဒေါသထွက်ကာ သောင်းကျန်းခဲ့တဲ့ အမျိုးသမီးတစ်ဦးကြောင့် ကာတာလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က အရေးပေါ်ဆင်းသက်မှုတစ်ရပ် ပြုလုပ်ခဲ့ရတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အီရန်နိုင်ငံသူအမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ၊ ကလေးတို့နဲ့အတူ ယင်းနေ့က ဒိုဟာကနေ ဘာလီကို ဦးတည်ပျံသန်းတဲ့ ကာတာလေကြောင်းလိုင်း လေယာဉ်တစ်စီးပေါ်မှာ လိုက်ပါလာခဲ့တယ်လို့ အိန္ဒိယရဲ့ Hindustan Times သတင်းဌာနက ဖော်ပြပါတယ်။
ယင်းသို့ လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာစဉ် လမ်းတစ်ဝက်လောက်အရောက်မှာ ၎င်းအမျိုးသမီးက အိပ်နေတဲ့သူမရဲ့ ခင်ပွန်းသည်ရဲ့ ဖုန်းကို ယူကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းဖုန်းကို ခင်ပွန်းဖြစ်သူရဲ့ လက်ကို ယူပြီး လက်ဗွေနဲ့ လော့ဖွင့်ခဲ့ပြီးနောက်မှာတော့ ခင်ပွန်းသည်ရဲ့ အိမ်ထောင်ရေးဖောက်ပြန်ထားမှု အသေးစိတ်ကိစ္စအ၀၀ကို တွေ့မြင်သိရှိသွားခဲ့တာဖြစ်ပါတယ်။
ယင်းလိုမျိုး ခင်ပွန်းသည် နောက်ကွယ်မှာ အခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိရှိသွားတဲ့ အဆိုပါအီရန်နိုင်ငံသူအမျိုးသမီးဟာ  ချက်ချင်းပဲ ခင်ပွန်းကို စတင်ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ ယင်းအခြေအနေကို လေယာဉ်အမှုထမ်းတွေ ကြားဝင်ဖျန်ဖြေဖို့ ကြိုးပမ်းခဲ့ပေမယ့် လုံ့ဝ ထိန်းမရခဲ့ဘူးလို့ သိရပါတယ်။
ယင်းနောက်မှာ လေယာဉ်မှူးတွေက အိန္ဒိယတောင်ပိုင်းမြို့ချန်နိုင်မှာပဲ ရုတ်တရက် ဆင်းသက်လိုက်ဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ သိရပါတယ်။
ချန်နိုင်လေဆိပ်မှာ ဆင်းပြီးမှာတော့ အဆိုပါ အမျိုးသမီး၊ သူမရဲ့ ခင်ပွန်းနဲ့ ကလေးတို့ကို လေယာဉ်ပေါ်ကနေ ဆင်းခိုင်းခဲ့ပြီး လေယာဉ်ကတော့ မူလခရီးစဉ်အတိုင်း အင်ဒိုနီးရှားကို ဆက်လက်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
" သူတို့မိသားစု ဒီချန်နိုင်လေဆိပ်မှာ ပဲ တစ်ရက်လုံး ရှိနေခဲ့ပါတယ်၊ နောက်မှ ကွာလာလမ်ပူကို ပို့ပေးခဲ့ပါတယ်၊ ရဲဘက်က အရေးယူတာမျိုး မရှိခဲ့ပါဘူး" လို့ တာဝန်ရှိသူတစ်ဦးက ပြောသွားပါတယ်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...