Skip to main content

မော်ရင်ညိုနှင့် ၎င်းအကြားတွင် အဆက်အသွယ် မပြတ်တမ်းရှိကြောင်း မိုရာတာ အသိပေး

မော်ရင်ညိုနှင့် ၎င်းအကြားတွင် အဆက်အသွယ် မပြတ်တမ်းရှိကြောင်း မိုရာတာ အသိပေး

 The Voice Myanmar 
 
ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် မန်ယူနည်းပြ မော်ရင်ညိုနှင့် ၎င်း၏အကြားတွင် လက်ရှိအချိန်တိုင်သည်အထိ အဆက်အသွယ် မပြတ်တမ်းရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီး ပြိုင်ပွဲကစားနေချိန်တွင်မူ မော်ရင်ညိုကို မိတ်ဆွေနေရာတွင် ထားရှိတော့မည်မဟုတ်ဘဲ ပြိုင်ဘက်အဖြစ် သတ်မှတ်ကာ ချယ်လ်ဆီးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ရန်သာ အာရုံစိုက်သွားမည်ဟု မိုရာတာက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
လန်ဒန်၊ နိုဝင်ဘာ ၎

ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် မန်ယူနည်းပြ မော်ရင်ညိုနှင့် ၎င်း၏အကြားတွင် လက်ရှိအချိန်တိုင်သည်အထိ အဆက်အသွယ် မပြတ်တမ်းရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီး ပြိုင်ပွဲကစားနေချိန်တွင်မူ မော်ရင်ညိုကို မိတ်ဆွေနေရာတွင် ထားရှိတော့မည်မဟုတ်ဘဲ ပြိုင်ဘက်အဖြစ် သတ်မှတ်ကာ ချယ်လ်ဆီးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ရန်သာ အာရုံစိုက်သွားမည်ဟု မိုရာတာက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မိုရာတာနှင့် မော်ရင်ညိုတို့သည် စာတိုမက်ဆေ့ခ်ျ အပြန်အလှန် ပေးပို့မှုများ  အမြဲတစေရှိနေပြီး လွန်ခဲ့သည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ အသင်းတိုက်စစ်ကို အားဖြည့်ရန်အတွက် မိုရာတာကိုခေါ်ယူရန် မန်ယူက ကြိုးပမ်းမှုများရှိခဲ့သေးသည်။

မော်ရင်ညိုသည် လုကာကုကို ခေါ်ယူရရှိလိုက်ပြီးသည့်နောက်တွင်မှ မိုရာတာကို ခေါ်ယူရန်စီစဉ်ထားခြင်းများကို ဖျက်သိမ်းပစ်လိုက်ခြင်းဖြစ်ပြီး ၎င်းအနေနှင့် မန်ယူ၏ပြိုင်ဘက် ချယ်လ်ဆီးထံသို့ ပြောင်းရွှေ့ဖြစ်ခဲ့သော်လည်း နည်းပြမော်ရင်ညိုနှင့်မူ အခင်အမင်မပျက်ဘဲ ရင်းနှီးသည့်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်ထားနိုင်ဆဲဖြစ်ကြောင်း မိုရာတာက ဆက်လက် ရှင်းပြသွားခဲ့သည်။

မိုရာတာသည် ၎င်း၏ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို နည်းပြမော်ရင်ညို၏လက်အောက်တွင် စတင်ခွင့်ရခဲ့ပြီး မော်ရင်ညို၏အခွင့်အရေးပေးမှုများကြောင့် လက်ရှိအချိန်တွင် ယခုကဲ့သို့ ထိပ်တန်းတစ်နေရာ၌ တက်ရောက်ရပ်တည်နေနိုင်ခြင်းဖြစ်သည်ဟုလည်း မိုရာတာက ၀န်ခံသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မိုရာတာက “ကျွန်တော်နဲ့ မော်ရင်ညိုအကြားမှာ ပြီးခဲ့တဲ့ နွေရာသီကာလကမှ မဟုတ်ပါဘူး။ အဆက်အသွယ်တွေက မပြတ်တမ်း ရှိခဲ့ပါတယ်။ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးတစ်ရပ်က ကျွန်တော်တို့နှစ်ယောက်အကြားမှာ အခုအချိန်ထိ ရှိနေဆဲပါပဲ။ သူက ကျွန်တော့်ကို ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ အစပြုဖို့ အခွင့်အရေးပေးခဲ့တဲ့ လက်ဦးဆရာပါ။ အခုလည်း မက်ဆေ့ခ်ျတွေ အပြန်အလှန်ပေးပို့ပြီး သာကြောင်းမာကြောင်းနဲ့ မိသားစုအကြောင်းတွေကို ကျွန်တော်တို့ အမြဲလိုလို ပြောဖြစ်နေပါတယ်။ ဒါပေမဲ့ ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော့ လုံးဝမပြောကြပါဘူး။ တစ်ခါတစ်ရံမှာဆို ရယ်စရာတွေ ပြောဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာတော့ အဲ့ဒီပတ်သက်မှုတွေအားလုံးကို ကျွန်တော်က ကွင်းပြင်မှာပဲ ထားရစ်ခဲ့မှာဖြစ်ပါတယ်။ ဘောလုံးပွဲကစားနေချိန်မှာတော့ မော်ရင်ညိုဟာ ကျွန်တော့်ရဲ့ပြိုင်ဘက်၊ ချယ်လ်ဆီးရဲ့ပြိုင်ဘက်ပါပဲ။ ချယ်လ်ဆီးအသင်း အနိုင်ရလဒ်ကို ဘယ်လိုရယူနိုင်မလဲဆိုတာကိုပဲ ကျွန်တော် အာရုံစိုက်သွားဖို့ ရှိပါတယ်”ဟု ပြောကြားသွားခဲ့သည်။

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...