Skip to main content

နယူးယောက် မန်ဟက်တန်တွင် ထရပ်ကားဖြင့်တိုက်ခိုက်၊ လူရှစ်ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏဏ်ရ

နယူးယောက် မန်ဟက်တန်တွင် ထရပ်ကားဖြင့်တိုက်ခိုက်၊ လူရှစ်ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

 The Voice Myanmar 
 
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အောက်မန်ဟန်တန်မြို့နယ်တွင် ထရပ်ကားတစ်စီးဖြင့် ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
နယူးယောက်၊ နိုဝင်ဘာ ၁ 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အောက်မန်ဟန်တန်မြို့နယ်တွင် ထရပ်ကားတစ်စီးဖြင့် ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထရပ်ကားဖြင့် ဝင်ရောက်တိုက်ခိုက်သူ အသက် ၂၉ နှစ်အရွယ် ဥဇဘက်လူမျိုးမှာ ကားပေါ်မှ အဆင်းတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိသွားသည်။ 

အဆိုပါကားဖြင့် တိုက်ခိုက်မှုပေါ် ပေါက်ခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်က ပြည်တွင်း လုံခြုံရေးဌာနအနေနှင့် လုံခြုံရေး တိုးမြှင့်ချထားရန် ညွှန်ကြားလိုက်သည်။ 

ထရပ်ကားဖြင့် ဝင်တိုက်သူသည် အလ္လာဟူကဘား (ဘုရားသခင်သည် အမြင့်မြတ်ဆုံး)ဟု အော်ဟစ်ကာ ကားပေါ်မှဆင်းလာခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ နယူးယောက် ရဲအရာရှိများက အဆိုပါဖြစ်ရပ်သည် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း နယူးယောက်မြို့အတွက် လူထိခိုက်သေဆုံးမှု အများဆုံး အကြမ်းဖက် တိုက်ခိုက်မှုပင် ဖြစ်သည်ဟု ဆိုသည်။

ဝင်တိုက်ခဲ့သည့် ထရပ်ကားပေါ်တွင် ရှာဖွေတွေ့ရှိသည့် မှတ်စုတစ်ခုတွင် IS စစ်သွေးကြွအုပ်စုကို ညွှန်းဆိုဖော်ပြထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ 

သေဆုံးသွားသူ ရှစ်ဦးတွင် အာဂျင်တီးနား နိုင်ငံသား ငါးဦး ပါဝင်ကြောင်း အာဂျင်တီးနား နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပေးသည်။ အာဂျင်တီးနား နိုင်ငံသား သူငယ်ချင်း ၁၀ ဦးသည် ရိုဆာရီယိုမြို့ရှိ ပိုလီတက်ကနစ် ကောလိပ်မှ ဘွဲ့ရရှိခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် နယူးယောက်မြို့သို့ လာရောက် လည်ပတ်နေခဲ့ခြင်းဖြစ်သည်။ 

အဆိုပါသူငယ်ချင်း ၁၀ ဦးအနက် စတီးလုပ်ငန်းပိုင်ရှင် အာရီယယ်လီဂျာဆိုသူမှာ အခင်းဖြစ်သည့်နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ၎င်းသည် သူငယ်ချင်းများအတွက် ခရီးစဉ် ကုန်ကျစရိတ် ကျခံပေးခဲ့ခြင်းဖြစ်ကြောင်း La Nacion သတင်းစာက ဖော်ပြသည်။ 

အာဂျင်တီနား နိုင်ငံခြားရေး ဝန်ကြီးဌာန၏အဆိုအရ အဆိုပါ သူငယ်ချင်းများမှာ အသက် ၄၈ နှစ်နှင့် ၄၉ နှစ်အရွယ်ရှိသူများ ဖြစ်ကြသည်။ အဆိုပါဖြစ်ရပ်ကြောင့် ပိုလီတက်ကနစ် ကောလိပ်ရှိရာ ရိုဆာရီယိုမြို့တွင် သုံးရက်တာမျှ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်လိုက်သည်။ အာဂျင်တီးနား သမ္မတ မာရူဆီယိုမာခရီက သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များအတွက် အထူးပင် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော် ပြောကြားသည်။ 

အခြား သေဆုံးသူတစ်ဦးမှာ ဘယ်လ်ဂျီယံလူမျိုးဖြစ်ကြောင်း ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ နောက်နှစ်ဦးမှာမူ မည်သူမည်ဝါဖြစ်ကြောင်း  အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...