Skip to main content

ဓာတ်ငွေ့နှင့် စွန့်ပစ်အမှိုက်များကြောင့် ရန်ကုန်မြို့ ရာသီဥတုပြောင်းလဲမှုဒဏ် ပိုကြုံလာရဟု ဆို

ဓာတ်ငွေ့နှင့် စွန့်ပစ်အမှိုက်များကြောင့် ရန်ကုန်မြို့ ရာသီဥတုပြောင်းလဲမှုဒဏ် ပိုကြုံလာရဟု ဆို

ရန်ကုန်မြို့၏ ရာသီဥတုသည်  စက်ရုံ၊ အလုပ်ရုံများမှ ဓာတ်ငွေ့ ထုတ်လွှတ်မှုများနှင့် အမှိုက်စွန့်ပစ်မှုများ များပြားလာခြင်းကြောင့်လည်း ပိုမိုဆိုးရွားလာကြောင်း Insight Institute For Environment မှ Director  ဒေါက်တာ ဒေါ်လွင်လွင်ဝေက ပြောသည်။ 

“စက်မှုဇုန်တွေသွားလို့ရှိရင် ညစ်ညမ်းတဲ့ရေတွေ မီးခိုးတွေ ထုတ်လုပ်မှု အများကြီးရှိနေတာ တွေ့ရတယ်၊ ဒါတွေကို စစ်ဆေးမှုအနေနဲ့လည်း ရှိမနေဘူးပေါ့နော်။  အဲဒီတော့ ကာဗွန်ထုတ်လုပ်မှုတွေ ဘယ်လောက် များနေပြီလည်း Green House Gas ထုတ်လုပ်မှုများလေ ပိုပူနွေးလာမယ်၊ ပူနွေးမှုတွေ များလာလေ ရန်ကုန်တိုင်းရဲ့ ရာသီဥတုက ပြောင်းလဲမှု ပိုများလာလေပေါ့ ” ဟု ဒေါက်တာ ဒေါ်လွင်လွင်ဝေက ပြောသည်။ 

လှိုင်သာယာ၊ ရွှေပေါက်ကံ စသည့် စက်မှုဇုန်တို့မှ စက်ရုံတို့သည် စွန့်ပစ်ရေဆိုးများနှင့် ညစ်ညမ်းမီးခိုး ငွေ့များ ထုတ်လုပ်မှုရှိနေသည့်အတွက် ရာသီဥတုပြောင်းလဲမှုကို တွန်းအားပေးနေပြီး နွေရာသီရောက်ပါက အပူချိန်မြင့် တက်ခြင်း၊ မိုးကြီးခြင်း၊ အအေးလှိုင်း ဖြတ်ခြင်းစသည့် ရာသီဥတုဆိုးရွားမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

၂၀၀၈ နာဂစ်နောက်ပိုင်းတွင် သိသိသာသာ ကြုံလာရသော်လည်း နာဂစ်ကြောင့် သစ်ပင်များ လျော့ပါးသွား သည့် အချက်သာမက စက်ရုံ၊ အလုပ်ရုံများနှင့် အမှိုက်စွန့်ပစ်မှုများကလည်း ရာသီဥတုပြောင်းလဲမှုကို ရိုက်ခတ်လာကြောင်း ၄င်းက ထောက်ပြပြောဆိုခဲ့ပြီး ယာဉ်အစီးရေများပြားလာခြင်းကြောင့် ကာဗွန်ထုတ်လုပ်မှု ပိုများလာပြီး လေထုအပူချိန်ပိုမြင့်စေသည်ဟု ဒေါ်လွင်လွင်ဝေက ပြောသည်။ 

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် အဓိကအားဖြင့် လယ်ယာလုပ်ငန်းခွင် ပျက်စီးမှုများပြီး စီးပွားရေး ထိခိုက်ယုံမက ကျန်းမာရေးဆိုင်ရာ ပြသနာများလည်း ပိုမို ရင်ဆိုင်လာရကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသုံးသပ်သူများက မကြာခဏ ထောက်ပြပြောဆိုလေ့ရှိသည်။ 

ရာသီဥတု ပြောင်းလဲမှုဆိုသည်မှာ ပျှမ်းမျှ အပူချိန် ပြောင်းလဲလာခြင်း၊ မိုးကြိုး လေပြင်းတိုက်ခတ်မှု ပိုမိုဖြစ်ပွားလာခြင်း၊ မိုးရွာသွန်းမှု ပုံစံမမှန်ခြင်း ခန့်မှန်းရခက်လာခြင်း၊ မုန်တိုင်းအန္တရာယ် ပိုမိုကျရောက်လာခြင်း၊ လျှက်တပြတ် ရေကြီးမှုများ ပိုမိုဖြစ်ပွားလာခြင်း စသည်တို့ဖြစ်သည်။ 

ရန်ကုန်တွင် သိသိသာသာပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်၍ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ဦးခင်ကျော်က ” ၂၀၀၀ ခုနှစ်နောက်ပိုင်း ရောက်လာတော့ အပူဒဏ်သိသိသာသာ ခံစားရတယ်။ တခါတလေ ကိုယ်မှာ အင်္ကျီတောင်မကပ်နိုင်တဲ့ အထိပဲ” ဟု ဆိုသည်။ 

ပြောင်းလဲလာသည့် ရာသီဥတုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးလာခြင်း၊ သစ်တောပြုန်းတီးမှုကြောင့် တောတွင်းတိရိစ္ဆာန်များနှင့် အပင်များ သီးပွင့်ချိန် ပေါက်ပွားချိန် ပုံမှန် မရှိခြင်းကြောင့် ဇီဝမျိုးတုန်း ပျောက်ကွယ်ခြင်းများကို ဖြစ်စေသည်။ ထို့အပြင်  ရာသီဥတု ခြောက်သွေ့ခြင်းကြောင့် ရေတွင်း ရေကန်များ ခန်းခြင်း၊ ရေကြီးခြင်းကြောင့် ရေတွင်း ရေကန်များ ပျက်စီးသည့်အတွက် သောက်သုံးရေ ရှားပါးလာခြင်း၊ အပူချိန် မြင့်တက်သည့်အတွက် ကူးစက်ရောဂါများ ဖြစ်ပွားလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးခြင်း ဝေဒနာတို့ကြောင့် ကျန်းမာရေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေး စာအုပ်တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံ၌ အပူချိန်သည် ပြီးခဲ့သည့် နှစ်ထက်နည်းသွားသော်လည်း  အယ်နီညို ဖြစ်ခဲ့သည့် နှစ်က ပိုမိုပူပြင်းခဲ့ကြောင်း၊ ယခုနှစ်တွင်  မုတ်သုံအားကောင်းသည့်အတွက် မိုးများခြင်း ကြုံတွေ့နေရကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောသည်။ 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...