Skip to main content

ဟူတီသူပုန်ခေါင်းဆောင် ၄ဝ ဦး အကြောင်း သတင်းပေးပါက ဆုငွေ ဒေါ်လာ သန်း ၄ဝဝ ပေးမည်ဟု ဆော်ဒီ အစိုးရပြော

ဟူတီသူပုန်ခေါင်းဆောင် ၄ဝ ဦး အကြောင်း သတင်းပေးပါက ဆုငွေ ဒေါ်လာ သန်း ၄ဝဝ ပေးမည်ဟု ဆော်ဒီ အစိုးရပြော

 
 
ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ ဟူတီသူပုန်ခေါင်းဆောင် ဓာတ်ပုံကို ကိုင်မြှောက်၍ ဆန္ဒပြနေစဉ်(ဆင်ဟွာ)
    ရီယာ့ဒ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) 

    ဆော်ဒီအာရေးဗီးယားနိုင်ငံက ယီမင်နိုင်ငံရှိ ဟူတီ(Houthi) စစ်သွေးကြွ သူပုန်အဖွဲ့ မှ ခေါင်းဆောင် ၄ဝ ဦး၏ သတင်းအချက်အလက်များကို ပေးပို့ လာပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ခန့် ကို ပေးအပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်ဟု ဆော်ဒီသတင်းအေဂျင်စီက ဆိုသည်။ 

အဆိုပါ သူပုန်ခေါင်းဆောင်များကို ဖမ်းဆီးမှုပြုလုပ်ရန် (သို့ မဟုတ်) ၄င်းသူပုန်ခေါင်းဆောင်များ တည်ရှိသည့်နေရာအား သတင်းပေးခြင်း တို့ ကို ပြုလုပ်ပေးသူများအား ဆုငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဟူတီသူပုန်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုတိုးမြှင့်လာခြင်း နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ လုံခြုံရေးကို အဆက်မပြတ်ထိခိုက်လာခြင်းတို့ ကြောင့် ယခုကဲ့သို့ ဆုကြေးငွေ ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်း ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ 

၎င်းထုတ်ပြန်ချက်ထဲတွင် ဟူတီ ၊ အီရန် နှင့် ဟစ်ဇ်ဘိုလာ တို့ သည် ပဲ့ထိန်းဒုံးကျည်များကို အသုံးပြု၍ ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ပိုင်နက်နယ်မြေကို တိုက်ခိုက်မှုပြုလုပ်နေကြောင်း စွပ်စွဲ ဖော်ပြထားသည်။ 

ယီမင်နိုင်ငံမှ ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်မြို့ သို့ ချိန်ရွယ်ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့် တားခဲ့ရကြောင်း ဆော်ဒီအာရေးဗီးယားလေတပ်က နိုဝင်ဘာလ ၅ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ၄င်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ 

ဆော်ဒီအာရေးဗီးယားနိုင်ငံက ဦးဆောင်သော အဖွဲ့ ဝင် ၁ဝ နိုင်ငံပါဝင်သည့် ညွန့် ပေါင်းတပ်ဖွဲ့ သည် ယီမင်ပြည်တွင်းစစ်အတွင်း ၂ဝ၁၅ ခုနှစ် မတ်လမှ စတင်၍ ဝင်ရောက်စွက်ဖက်ကာ နိုင်ငံတကာက အသိအမှတ်ပြုထားသော ယီမင်သမ္မတ Abd Rabbu Mansour Hadi အား ဆန့် ကျင်တိုက်ခိုက်နေသည့် အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ရှီယိုက်ဟူတီ သူပုန်များအား တိုက်ခိုက်နေခြင်းဖြစ်သည်။ ၄င်းဟူတီသူပုန်များသည် ယီမင်နိုင်ငံမြို့ တော် ဆန်နာ(Sanaa ) နှင့် နိုင်ငံမြောက်ပိုင်းရှိ အခြားမြို့ ပေါင်းများစွာကိုလည်း သိမ်းပိုက်ထားကြောင်း သိရသည်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...