ဘင်္ဂလားဒေ့ရှ်ကိုဝင်ဖို့ ရိုဟင်ဂျာတွေ ထောင်နဲ့ချီ စောင့်ဆိုင်းနေဆဲ
Thithtoolwin
ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်မှာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းကို ၀င်ခွင့်ရဖို့အတွက် စုရုံးစောင့်ဆိုင်းနေကြဆဲလို့ AP သတင်းက ဖော်ပြပါတယ်။
နယ်စပ်တလျောက် အစာရေစာချို့တဲ့ ပြတ်လပ်နေတဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ စောင့်ဆိုင်းနေကြသလို၊ ရေကြီးနေတဲ့ နတ်မြစ်ကို တံငါလှေတွေနဲ့ ဖြတ်ကူးနေကြသူတွေကိုလည်း နေ့စဉ်တွေ့မြင်နေရတယ်လို့ AP က ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့ကတော့ နယ်စပ်တနေရာမှာ လယ်ကွင်းတွေထဲ စောင့်ဆိုင်းနေကြတဲ့ ဒုက္ခသည်နှစ်ထောင်ကျော်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ညနေပိုင်းအထိ ၀င်ခွင့်ပြုခဲ့ပြီး၊ နောက်ပိုင်းမှာ ပြန်ပိတ်လိုက်ပါတယ်။
ဘင်္ဂလာေးဒ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေမှာလည်း မိဘဆွေမျိုးတွေမပါရှိဘဲ တဦးတည်းရောက်ရှိလာခဲ့ကြတဲ့ ကလေးပေါင်း လေးသောင်းကျော်ရှိတယ်လို့ အီးယူ ဥရောပသမဂ္ဂ ကော်မရှင်နာမင်းကြီးက ပြောပါတယ်။
RFA Burmese
- Get link
- X
- Other Apps
- Get link
- X
- Other Apps

Comments