Skip to main content

အမျိုးသမီးတွေ သူတို့ချစ်သူအမျိုးသားတွေကို မထင်မှတ်ပဲ အဝေးကိုတွန်းပို့သလို ဖြစ်စေတဲ့ အရာ (၄) မျိုး

အမျိုးသမီးတွေ သူတို့ချစ်သူအမျိုးသားတွေကို မထင်မှတ်ပဲ အဝေးကိုတွန်းပို့သလို ဖြစ်စေတဲ့ အရာ (၄) မျိုး
# Zawgyi Version ဖြင့် ဖတ်ပါ # 

သင့်ချစ်သူကောင်လေးကို သင်အရမ်းချစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သော သင့်အပြောအဆို အပြုအမူတွေကြောင့် တစ်ဖက်လူက စိတ်ပျက်သွားရတဲ့ အခြေအနေမျိုးတွေ သင်ကြုံဖူးပါသလား။ တစ်ခါတစ်လေ ကိုယ်မထင်မှတ်ပဲ ပြောလိုက်မေးလိုက်တဲ့ အရာတွေက သင့်ချစ်သူကို သင့်ရဲ့အဝေးကို တွန်းပို့လိုက်သလို ဖြစ်စေတတ်တာမျိုးရှိပါတယ်။ 

ဒီတော့ အဲ့ဒီအရာ (၄) မျိုးကို ပြောပြရရင်ဖြင့်... 

၁။ မေးခွန်းတွေ တရစပ်မေးမြန်းတတ်ခြင်း 

နှစ်ဦးသားတွေ့ဆုံတဲ့အခါ သင်ဟာ သင့်ချစ်သူကို သံသယမေးခွန်းတွေနဲ့ အမြဲမေးခွန်းထုတ်တတ်တယ်။ အထူးသဖြင့် ကျွန်မ ၀နေပြီလားဆိုတာမျိုး၊ ဘာကြောင့်ခုလို ပြောဆိုရတာလဲဆိုတာမျိုး၊ ကျွန်မကို မချစ်တော့ဘူးမလား စတာတွေကို သင့်ချစ်သူကို အမြဲမေးမြန်းနေတယ်ဆိုရင်တော့ ကြာရင် ဒီလိုမေးခွန်းမျိုးတွေ တစ်ဖက်လူက ဖြေချင်စိတ်ရှိတော့မှာ မဟုတ်ပါဘူး။  ဒီလိုမေးခွန်းမျိုးတွေဟာ တစ်ဖက်လူကို အကြပ်အတည်းဖြစ်စေတာကြောင့် သူတို့ကို စိတ်ပျက်စိတ်ကွက်စေတဲ့ မေးခွန်းမျိုးတွေပါပဲ။ 

၂။ သူပေးတဲ့အချစ်က ဘယ်တော့မှ မလုံလောက်ကြောင်း အထွန့်တက်ခြင်း 

နှစ်ယောက်သားအတူလမ်းလျှောက်တဲ့အခါ လက်ကိုတင်းနေအောင် တွဲထားမှ၊ ကိုယ့်ပခုံးကို သူဖက်ထားမှ၊ လူကြားသူကြားထဲ သိပ်ချစ်တဲ့ပုံစံ လုပ်ပြနေမှ၊ ရုပ်ရှင်ရုံထဲ နေကြာစေ့ အခွံခွာကျွေးမှ ဆိုပြီး သူ့ကို စည်းကမ်းတွေတော့ မထုတ်ထားပါနဲ့။ ဒီလိုမျိုး ဘယ်သူကမှ လုပ်ချင်မှာ မဟုတ်ပါဘူး။ သူတို့စိတ်ထဲရှိတဲ့အတိုင်းသာ လုပ်ဆောင်ချင်ကြမှာပါ။ ဒါ့အပြင် အမျိုးသားတွေ မနှစ်သက်တဲ့ စည်းကမ်းတွေ အလွန်အမင်း တင်းကြပ်ထားပြီး သင်မကျေနပ်တာ တစ်ခုခုလုပ်လိုက်တိုင်း သင့်ကိုမချစ်လို့ ဒါမျိုးလုပ်တာမို့ မကျေနပ်ကြောင်း ပြောတာမျိုးတွေဟာ ရေရှည်လက်တွဲသွားချင်တဲ့သူတွေအတွက်တော့ စိတ်ပျက်စရာပါပဲ။ နာရီဝက်တစ်ခါ ဘာလုပ်နေကြောင်း message မပို့လို့၊ တစ်နာရီတစ်ခါ ဖုန်းမခေါ်လို့ ၊ facebook မှာ တခြား ကောင်မလေးတစ်ယောက်ပို့စ်ကို Like လုပ်မိလို့ ရစ်မယ်ဆိုရင်လည်း သူ့နေရာမှာ ငါသာဆိုရင် ဆိုတာမျိုးတွေးပြီး ပြောဆိုသင့်ပါတယ်။ 

၃။မနာလိုသ၀န်တိုတာ လွန်ကျူးခြင်း 

သင့်ချစ်သူကောင်လေးကို အခြားတစ်ယောက်နဲ့ သ၀န်တိုတယ်ဆိုတာ ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းရှိပါတယ်။ သူက အနေအထိုင် မတတ်လို့လား၊ အခြားကောင်မလေးတွေနဲ့ အရောဝင်လို့လား။ သင့်ရှေ့မှာ အခြားတစ်ယောက်နဲ့ ကြူနေတာမျိုးရှိလို့လား။ ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။ အဲ့ဒီအထဲကလိုဆိုရင်တော့ သင့်ချစ်သူနဲ့ သေချာဆွေးနွေးပြောဆိုသင့်ပါတယ်။ မဟုတ်ပဲ သူ့အရင်ရည်းစားဟောင်းနဲ့ မဆိုင်တော့တာကို သ၀န်တိုနေတာ၊ နောက်တစ်ယောက်ရသွားမှာစိုးလို့ သူ့ကိုမျက်စိဒေါက်ထောက်လိုက်ကြည့် သ၀န်တိုနေတာမျိုးတွေကတော့ သင့်ချစ်သူအတွက် အနေကြပ်စေ၊ စိတ်အိုက်စေတဲ့ အရာမျိုးတွေပေါ့။ 

၎။သူမရှိရင် မနေနိုင်ကြောင်း၊အသက်မရှင်ချင်တော့ကြောင်း အမြဲခြိမ်းခြောက်ပြောဆိုတတ်ခြင်း 

သူနဲ့ပြသနာတစ်ခုခုတက်လို့ နှစ်ယောက်သား မခေါ်မပြောနေကြတဲ့အခါ သင်ဟာ သူ့ကို ဒီလိုလုပ်ရင် ငါ့ကိုယ်ငါ သတ်သေလိုက်မယ်ဆိုတာမျိုး အမြဲခြိမ်းခြောက်လေ့ရှိပါသလား။ ဒါမှမဟုတ် အတူရှိနေချိန်တွေမှာလည်း ငါ့ထက်ချစ်ရမယ့်သူ တွေ့သွားရင် အဲ့ဒီလူကို ငါလိုက်သတ်မယ်ဆိုတာမျိုးတွေ မကြာခဏ ပြောဖူးပါသလား။ သူနဲ့စိတ်ကောက်တိုင်း ကိုယ့်ကိုကိုယ် အသားနာအောင် လုပ်လေ့ရှိပါသလား။ ဒီအရာတွေဟာ သင့်ကို သူ ပိုချစ်လာစေမှာ မဟုတ်ပါဘူး။ သင့်ကို ဆိုက်ကိုလို့ ထင်ချင်ထင် မထင်ရင်လည်း ဒီလိုလူမျိုးနဲ့ ငါရေရှည်ဖြစ်ပါ့မလားလို့ တွေးထင်မိသွားစေမယ့် အကြောင်းမျိုးမို့ ရှောင်ကြည်ရမှာပါ။ 

Ref:yourtango 

 
Credit: Orginal Writer 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...