Skip to main content

ချစ်တာ နဲ့ ရစ်တာ

ချစ်တာ နဲ့ ရစ်တာ
# Zawgyi Version ဖြင့် ဖတ်ပါ # 

မိန်းကလေးပဲ ဖြစ်ဖြစ် ယောင်္ကျားလေးပဲ ဖြစ်ဖြစ်  တအားချစ် ကြပြီဆိုရင် ချစ်တာရဲ့ နောက်မှာ ရစ်တာလေးတွေ ပါလာတာ သဘာဝပါ ။ 

ဒါပေမဲ့ လိုအပ်သည်ထက် ပိုသွားရင်တော့  အဆင်မပြေဖြစ် နှစ်ဦးစလုံး စိတ်ဆင်းရဲ  ၊ မပျော်မရွှင် ဖြစ်သွားတတ်ကြပါတယ်။ 

နောက်တော့ တစ်ဦးနဲ့ တစ်ဦး စိတ်ပျက်သွားကြပြီး လမ်းခွဲ ပြတ်သွားသည် အထိ ဖြစ်သွားတတ် ကြပါတယ် ။ 

တစ်ချို့မှာ တကယ် ချစ်ကြပေမဲ့ ရစ်တတ်တဲ့ အကျင့်ကြောင့် ချစ်လျှက်နဲ့ ပြတ်သွားကြတဲ့ အတွဲတွေ အတော် များတာကို တွေ့ရပါတယ် ။ သူတို့ကို ကြားလူက ကူညီ ညှိနှိုင်း ပေးကြသော်လည်း တစ်ဖက် အရစ်ခံရတဲ့သူက  ချစ်သော်လည်း ရစ်တတ်လွန်းတဲ့ စရိုက်ကို ကြောက်ပြီး ပြန်လက်တွဲရမှာ ကြောက်သွားတတ် ကြပါတယ် ။ နောက်ဆုံး အသဲကွဲခံ လိုက်သည် အထိ ဖြစ်သွားကြပါတယ် ။ 

ဆရာဗေဒင်ဆီကို လာမေးကြတဲ့ အဆင်မပြေတဲ့ သမီးရည်းစား အတွဲ တော်တော် များများက  အဲဒီ ရစ်တဲ့ ကိစ္စကြောင့် အဆင်မပြေ ဖြစ်တာ များပါတယ် ။ 

ဟိုတစ်နေ့က မိန်းကလေး တစ်ယောက် ရောက်လာတယ် ။ 
" သမီးချစ်သူက သမီးကို ဖုန်းဆက်တာလည်း မကိုင် စာပို့တော့လည်း ဖတ်ပြီး စာ မပြန်တော့လို့ ပြတ်မယ် ပြောလို့ ကယ်ပါဦး ဆရာရယ်" တဲ့ 

" ဘာဖြစ်တာလဲဗျာ "   ဆိုတော့ 

" သမီးကြောင့်ပါ သမီးက အရမ်းရစ်တော့ သူက မခံနိုင် ဖြစ်သွားတာပါ ။ သူအလုပ်များ မှန်းလည်း သိပါတယ်။ ဒါပေမဲ့  သမီး ဖုန်းဆက် တာကို ချက်ချင်း မကိုင်ရင် သမီး က ရစ်တော့တာပဲ  အဲလို ဖြစ်တာပါ" 

(ကိုယ့်ကြောင့်မှန်းတော့ သိသားပဲ:D ) 

နောက် ကောင်လေး တစ်ယောက် က လည်း ပြောပါတယ် ။ 

"သူ့ကို ကျွန်တော် အရမ်း ချစ်ပါတယ်။ ဒါပေမဲ့ သူက တအားရစ်တယ်ဗျာ နားလည်မှု မပေးဘူး ။ ကြာလာတော့ မပျော်တော့ဘူး ။ သူနဲ့ တွေ့ရင် ပျော်ရွှင်ဖို့ထက် စိတ်ညစ် စိတ်သောက ဖြစ်ရ သူပြသနာ ရှာတာကို 
လိုက်ရှင်းရနဲ့ ကျတော့ ကျွန်တော် သည်းမခံနိုင် တော့လို့ ဖြတ်လိုက်မိတယ် ။  အဲဒီတော့ သူက ပြန်ဆက်ပါတယ် ။ ပြန်လိုက် ချော့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က  သူနဲ့ တွဲရင် အရင်လို ပြန်ပြီး ရစ်မှာ ကြောက်လို့ မတွဲရဲတော့ဘူး ဆရာရယ် "တဲ့ .. 

အဲဒီတော့ ဆရာဗေဒင်က ပြောပြရတယ်။ 

" ရစ်တယ် ဒေါသထွက် စိတ်ဆိုး လွယ်နေတယ် ဆိုတာ မင်း ဂရုစိုက်တာကို ခံချင်နေလို့ပါ ကွာ " လို့ 

မိန်းကလေးများကလည်း  ရစ်တာကို အရသာကြီးတစ်ခု အနေနဲ့ မကျင့်သုံးကြပါနဲ့… တကယ် စိတ်ပျက်သွားလို့ လမ်းခွဲသွားရင် ခံနိုင်မှာလား ။ 


အဲဒီတော့ ကြားထဲကနေပြီး ဆရာဗေဒင် ကပဲ သိပ်မရစ်အောင် လုပ်တဲ့ နည်းလေးတစ်ခု ယတြာပေးပါ့မယ် ။ 

၁။ တအားရစ်တဲ့ တနင်္ဂနွေ သားသမီး ချစ်သူနဲ့ သွားတွေ့ရင် သပြေသား ဆောင်သွားပါ ။ သကြားစားပြီး ပြောပါ ။ 

၂။ တအားရစ်တဲ့ တနင်္လာ သားသမီး  ချစ်သူနဲ့ သွားတွေ့ရင် နှင်းဆီပန်း ဆောင်သွားပါ ။ လက်ဆောင်ပေးပါ ။ နို့ဆီ စားပြီး ပြောပါ ။ 

၃။ တအားရစ်တဲ့ အင်္ဂါ သားသမီး  ချစ်သူနဲ့ သွားတွေ့ရင် အုန်းညွန့် ဆောင်သွားပါ ။  အာလူး စားပြီးပြောပါ ။ ချောကလက် လက်ဆောင် ပေးလိုက်ပါ။ 

၎။ တအားရစ်တဲ့ ဗုဒ္ဓဟူး သားသမီး  ချစ်သူနဲ့ သွားတွေ့ရင် ကံကော်ညွန့် ဆောင်သွားပါ ။  ကော်ဖီသောက် (သို့) ကိတ်မုန့် စားပြီး ပြောပါ။  စပယ်ပန်း လက်ဆောင်ပေးပါ။ 

၅။ တအားရစ်တဲ့ ကြာသပတေး သားသမီး ချစ်သူနဲ့ သွားတွေ့ရင် ဇွန်းပန်း / ဇီးညွန့် ဆောင်သွားပါ ။  ဇီးသီး /  ဇီးထုတ် စားပြီး စကားပြောပါ။ စပယ်ပန်း လက်ဆောင်ပေးပါ ။ 

၆။ တအားရစ်တဲ့ သောကြာ သားသမီး  ချစ်သူနဲ့ သွားတွေ့ရင် ရွက်လှညွန့် ဆောင်သွားပါ ။ ရေသောက်ပြီး ပြောပါ ။ ယိုစုံထုတ် လက်ဆောင် ၀ယ်ကျွေးလိုက်ပါ ။ 

၇။ တအားရစ်တဲ့ စနေ သားသမီး  ချစ်သူ နဲ သွားတွေ့ရင် မေမြို့ပန်း ဆောင်သွားပါ ။ ပေါင်မုန့်စားပြီး ပြောပါ ။ ရေခဲ့မုန့် ၀ယ်ကျွေးလိုက်ပါ ။ 

၈။ တအားရစ်တဲ့ ရာဟု သားသမီး  ချစ်သူ နဲ သွားတွေ့ရင် ခရေညွန့် ဆောင်သွားပါ ။ ချောကလက် စားပြီးပြောပါ ။ 

အဆင်ပြေသွားပါလိမ့်မယ် ခင်ဗျာ။ 

အားလုံး  စိတ်ချမ်းချမ်းသာသာနဲ့ ချစ်နိုင်ကြပါစေ လို့ ဆုတောင်းပေးရင်း 


Credit: ဆရာဗေဒင် 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...