Skip to main content

ရင်သွေးငယ်လေးတွေအတွက် ဖေဖေမေမေတို့ သတိထားရမယ့် အချက် (၃) ချက်

ရင်သွေးငယ်လေးတွေအတွက် ဖေဖေမေမေတို့ သတိထားရမယ့် အချက် (၃) ချက်
ကလေးအများစုက မိုဘိုင်းဖုန်းနဲ့ ဂိမ်းဆော့နေတတ်ကြပါပြီ။ 

ရင်သွေးငယ်လေးတွေဟာ အနာဂတ်ရဲ့မျိုးဆက်သစ်လေးတွေပါ။ ငယ်ရွယ်တဲ့ အချိန်ကတည်းက အစပြုပြီး အသက်ကြီးလာသည့်တိုင် သူ့ ဖြတ်သန်းရမယ့် ဘ၀နေ့ရက်တွေကို ပျော်ရွှင်မှုရှိစွာနဲ့ ကုန်ဆုံးစေဖို့က အရေးကြီးပါတယ်။ ကျန်းမာသွက်လက်ပြီး ထက်မြက်နေစေဖို့အတွက် ဖေဖေ၊မေမေတို့ရဲ့ လုပ်ဆောင်ပေးတာလေးတွေကလည်း အရေးပါတယ်နော်။ 

၁။ ပျော်ရွှင်မြူးတူးစွာ ဆော့ကစားကြပါစေ 

ဖေဖေ၊မေမေ တချို့က ကလေးတွေအတွက် စိုးရိမ်ပူပန်ပြီး ဆော့ကစားခိုင်းတာမျိုးကို တင်းကျပ်လေ့ရှိပါတယ်။ ဒီလိုမျိုး တင်းကျပ်လွန်းတာက မကောင်းဘူးနော်။ ကလေးတို့ဘာသာဘာဝ ဆော့ကစားနေမှ ကိုယ်လက်လှုပ်ရှားမှုရှိစေပြီး သူတို့လေးတွေရဲ့ စိတ်ထဲမှာ မသိမသာလေး ဖြစ်ပေါ်နေတတ်တဲ့ စိတ်ဖိစီးမှုတွေ ကင်းဝေးမယ်လေ။ ဆော့ကစားခြင်းက ကလေးတွေရဲ့ ကိုယ်ခံအားကိုလည်း တိုးမြှင့်စေပြီး တော်တန်ရုံ ရောဂါတွေဝင်ရောက်မှုကိုတောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကစားသင့်တဲ့အချိန်မှာ ဆော့ကစားခိုင်းဖို့ လိုအပ်မယ်နော်။ တစ်ပတ်တစ်ခါ ကစားကွင်း လိုက်ပို့တာမျိုး၊ ပန်းခြံလိုက်ပို့တာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။ 

၂။ မိုဘိုင်းဖုန်းတွေအလွန်အကျွံ အသုံးမပြုပါစေနဲ့ 

ကလေးအများစုက မိုဘိုင်းဖုန်းနဲ့ ဂိမ်းဆော့နေတတ်ကြပါပြီ။ တချို့ဆိုရင် တနေ့လုံးထိကို ဆော့ကစားကြတာမျိုးပါ။ မိုဘိုင်းဖုန်းကို အသက်အရွယ်နဲ့မလိုက် အလွန်အကျွံ အသုံးပြုနေပြီဆိုရင်တော့ စိုးရိမ်စရာအခြေအနေဖြစ်နေပါပြီ။ အဲဒီလို အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှု နည်းပါးလာမယ်၊ ညောင်းညာတောင့်တင်းခြင်းတွေ ခံစားရမယ်၊ မျက်စိအား လျော့နည်းလာပြီး ငယ်ငယ်လေးနဲ့ မျက်မှန်တပ်ရတာမျိုး စတဲ့ ဆိုးကျိုးတွေ ဖြစ်ပွားလာပါလိမ့်မယ်။ မိုဘိုင်းဖုန်းနဲ့ ဆော့ကစားခြင်းကြောင့် ကလေးတွေမှာ စိတ်ဖိစီးမှုတွေ များပြားလာပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒချို့ယွင်းချက်တွေပါ ဖြစ်လာတဲ့အထိ ဆိုးကျိုးများတာမို့ မိုဘိုင်းဖုန်းကို အလွန်အကျွံအသုံးမပြုဖို့ ဖေဖေ၊မေမေတို့က အတတ်နိုင်ဆုံး ထိန်းချုပ်ပေးရပါလိမ့်မယ်။ 

၃။ တနေကုန် ကျောင်းသင်ခန်းစာတွေ မလုပ်ခိုင်းပါနဲ့ 

နားချိန်တန်နား၊ စားချိန်တန်စား၊ ကစားချိန်တန် ကစားဆိုသလိုမျိုး မိဘတွေဘက်က အချိန်ဇယားလေးနဲ့ လုပ်ပေးရင် အကောင်းဆုံးပေါ့။ တချို့မိဘတွေက မိမိကလေးလေးတွေကို ဖြစ်ထွန်းစေချင်တာမို့ ကျောင်းသင်ခန်းစာတွေကို အလွန်အကျွံလေ့လာခိုင်းတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို လုပ်ခိုင်းတာက ကလေးကိုလည်း ၀န်ပိစေတဲ့အပြင် သူ့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေပါတယ်။ တနေ့တာအတွက် အချိန်ဇယားလေးတွေ ပြုလုပ်ပြီး သူ့အချိန်နဲ့သူ ကလေးငယ်လေးတွေကို ပုံစံလေးချပေးထားရင် စည်းကမ်းလည်းရှိ၊ လွတ်လပ်ပေါ့ပါးပြီး ဥာဏ်ရည်ထက်မြက်တဲ့ သားသား၊မီးမီးလေးတွေကို ဖေဖေ၊မေမေတို့ ကိုယ်တိုင် ပြုစုပျိုးထောင်ပေးနိုင်တာပေါ့။ 


Credit: Duwun 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...