Skip to main content

အထီးကျန်နေတယ်လို့ ခံစားရရင် ဒါတွေလုပ်ကြည့်

အထီးကျန်နေတယ်လို့ ခံစားရရင် ဒါတွေလုပ်ကြည့်
# Zawgyi Version ဖြင့် ဖတ်ပါ # 

တစ်ယောက်တည်းအထီးကျန်နေတယ်လို့ ခဏခဏ ခံစားမိနေလား၊ ဒါမှမဟုတ် အမြဲတမ်းပဲ အထီးကျန်နေတာလား။ အထီးကျန်တယ်ဆိုတာ ကိုယ်တစ်ယောက်တည်းရှိနေချိန်မှမဟုတ်ဘူး လူကြားထဲမှာလည်း အထီးကျန်တယ်။ ချစ်သူမရှိရင် ပိုပြီးတော့တောင် အထီးကျန်သေးတယ်။ FA တွေ အထီးကျန်နေရင် ဒါတွေလုပ်ကြည့်ပါလား။ 

၁။ လုပ်ချင်တာတွေချရေး 
ကိုယ်ဖြစ်တာ ဘာတွေလဲ။ ဝိတ်ကျဖို့၊ ဘော်ဒီလှဖို့၊ ဆံပင်ဆေးဆိုးဖို့၊ သင်တန်းတက်ဖို့ စတဲ့ ရည်မှန်းချက်တွေကို ချရေးပါ။ ရုပ်ရှင်ကြည့်မှာတို့ ခရီးထွက်မှာတို့လို တစ်ကိုယ်တော်စွန့်စားခန်းလေးတွေလည်း လုပ်ချင်ရင် ချသာရေးထား။ ပြီးရင် အကောင်အထည်ဖော်ပါ။ အပေါင်းအသင်းတွေ ပိုတိုးလာနိုင်သလို အထီးကျန်တဲ့ခံစားမှုလည်း လျော့သွားမှာသေချာတယ်။ 

၂။ သူငယ်ချင်းနဲ့ အမျိုးတွေဆီဖုန်းခေါ် 
အဝေးရောက်နေသူအဖို့ မိသားစုနဲ့ ခွဲနေရတဲ့ဒုက္ခက အတော်ဆိုးတာနော်။ အရမ်းအထီးကျန်လာပြီဆိုရင် ကိုယ့်သူငယ်ချင်းဟောင်းတွေ မိသားစုဝင်တွေ အမျိုးတွေဆီကို ဖုန်းခေါ်လိုက်ပါ။ သူတို့ကလည်း ဝမ်းသာကြပါလိမ့်မယ်။

၃။ စေတနာ့ဝန်ထမ်း 
အလုပ်ပိတ်ရက်တွေမှာ ဘာမှလုပ်စရာမရှိ ဘယ်မှသွားစရာမရှိ အခန်းအောင်းပြီး အထီးကျန်နေမယ့်အစား စေတနာ့ဝန်ထမ်းအလုပ်လေးတွေ လုပ်ကြည့်ဖို့လည်း တိုက်တွန်းပါတယ်။ ပရဟိတလုပ်ငန်းတွေမှာ လူအင်အား စိုက်ထုတ်ကူညီဖို့ အများကြီးလိုအပ်နေပါတယ်။ အိမ်နီးနားချင်းတွေရဲ့ ကလေးတွေထိန်းပေးတာကနေ ပရဟိတအသင်းတွေမှာ လုပ်အားပေးတာတွေအထိ ကိုယ်အဆင်ပြေရာကို ပူးပေါင်းနိုင်ပါတယ်။ ကုသိုလ်လည်းရ အပျင်းလည်းပြေမှာနော်။ 

၎။ သင်တန်းနဲ့အားကစား 

Zumba အကသင်တန်းတို့ ပန်းချီသင်တန်းတို့လို ဝါသနာပါမယ့် သင်တန်းတစ်ခုခုကို သင်ယူကြည့်ပါ။ ပညာရပ်အသစ်တွေကို အာရုံစိုက်မိသွားတဲ့အခါ စိတ်ညစ်တာတွေ လျော့သွားပြီး ကိုယ့်အတွက် ကောင်းမွန်ပါတယ်။ 

၅။ တရားထိုင် 
လူကြားထဲသွားရတာ မနှစ်သက်တဲ့သူ ဆိုရင်တော့ တရားထိုင်ကြည့်ဖို့ တိုက်တွန်းပါတယ်။ တရားထိုင်တယ်ဆိုတာထက် ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ရှုလေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်းလုပ်တဲ့သဘောပါပဲ။ ကျန်းမာရေးလည်းကောင်းပြီး အာရုံစူးစိုက်မှုကောင်းစေပါတယ်။ 

၆။ ယာယီပဲလို့တွေး 
ဘာတွေပဲဖြစ်ဖြစ် ဒါတွေအားလုံးက တစ်ချိန်မှာ ပြီးသွားမှာပဲဆိုတဲ့ မမြဲတဲ့သဘောတရားကို ခေါင်းထဲထည့်ထားရင် စိတ်ညစ်အထီးကျန်တာတွေလည်း လျော့လာမှာပါ။ စိတ်ညစ်ချိန်တွေက ခဏပဲလေ။ အချိန်တန်ရင် ပျော်စရာတွေရောက်လာမှာ။ ဒီတော့ လက်ရှိမှာ ကိုယ်ဘယ်လိုမျိုး ကောင်းကောင်းမွန်မွန်နေမလဲဆိုတာကိုပဲ တွေးပါ။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားလိုက်ပါတော့။ 

Source : List 


Credit: duwun 




Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...