ထားဝယ်မြို့နယ်၌ လက်နက်နှင့် ကျည်တောင့်များ ဖမ်းဆီးရမိ
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ၀၈၃၀ အချိန် ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသော ရတခလရ(၅၈၃)မှ တပ်မတော်သားများသည် ထိုင်းနိုင်ငံသား(၃)ဦးနှင့် မြန်မာနိုင်ငံသား(၁)ဦးထံမှ ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကဒ် (၂)ကဒ်၊ ၎င်းကျည်(၂၄)တောင့်အား ဖမ်းဆီးရမိကြောင်း သိရပါသည်။ 
ထားဝယ်မြို့ နယ် ဝါတော ကျေးရွာ၌ ၁ဂ/×××× ဟိုင်းလတ်ယာဉ်ဖြင့် ထိုင်းနိုင်ငံသား Mr.Surmourchot Rum Thary(ခ) ပီချေ၊ (၅၄)နှစ် ပါ ကျား(၄)ဦး(ထိုင်း ၃၊ မြန်မာ ၁)တို့အား မသင်္ကာ၍ စစ်ဆေးရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်ပေါ်ပါအိတ် အတွင်းမှ အမေရိကန်နိုင်ငံထုတ် ပွိုင့် ၄၅ ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကဒ်(၂)ခု၊ ၎င်းကျည်(၂၄) တောင့်၊ ထိုင်းဘတ်ငွေ(၁၃၀၀၀)တို့အား သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသူ (၄)ဦးအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
- Get link
- X
- Other Apps
- Get link
- X
- Other Apps
Comments