Skip to main content

အုပ်စုဖွဲ့ ငွေတောင်းယူသူများအနက် တစ်ဦး ဖမ်းဆီးရမိ

မန္တလေးတွင် တရားမ၀င်ကားဂိတ်ဖွင့်ကာ ခရီးသည်များထံမှ အုပ်စုဖွဲ့ ငွေတောင်းယူသူများအနက် တစ်ဦး ဖမ်းဆီးရမိ

 Mizzimaburmese
 
မူဆယ်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်ပြီး မန္တလေးမြို့သို့ ပြန်လာသည့် ခရီးသည် ၇ ဦးထံက ပါလာသော ငွေများကို လူ ၃၀ ခန့်က အုပ်စုဖွဲ့အနိုင်ကျင့်တောင်းယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေး၊နိုဝင်ဘာ ၇ ။           ။ မန္တ္တလေးမြို့တွင် ခရီးသည်များထံမှ အုပ်စုဖွဲ့အနိုင်ကျင့်၍ ငွေတောင်းခံနေသူများထဲမှ တစ်ဦးကို နိုဝင်ဘာလ ၇ ရက်၊ နံနက် ၇နာရီက စည်ပင်သာယာရဲတပ်ဖွဲ့နှင့် သီရိမန္တလာကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ  ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မူဆယ်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်ပြီး မန္တလေးမြို့သို့ ပြန်လာသည့် ခရီးသည် ၇ ဦးထံက ပါလာသော ငွေများကို လူ ၃၀ ခန့်က အုပ်စုဖွဲ့အနိုင်ကျင့်တောင်းယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသူများသည် ယာဉ်ငှားခ မတန်တဆတောင်းယူပြီး ပါလာသမျှငွေကို လူအုပ်စုဖွဲ့တောင်းယူကြောင်း လူအချို့က လူမှုကွန်ရက်တွင် မျှဝေခဲ့ကြသည်။
ဖမ်းဆီးရာတွင်ပါဝင်သည့် စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်မျိုးနိုင်က "ဒါပထမဆုံးဖမ်းမိတာပါ။ ကွင်းဆက်တရားခံတွေ ဖမ်းမိဖို့ အပိုင်နယ်မြေရဲစခန်းက လုပ်နေပါတယ်။လက်ရှိတော့ ကျွန်တော်က တရားလိုလုပ်ပြီး အမှတ် ၈ ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေပါတယ်။"ဟု မဇ္ဈိမကို ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး မူဆယ်မြို့မှပြန်လာသည့် ခရီးသည် ၇ ဦးသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်၊ တွင်းငယ်ကျေးရွာသို့ ပြန်ရန်အတွက် သီရိမန္တလာကားကြီးကွင်းသို့ သွားရောက်ရန် နံနက် ၅ နာရီခန့် တွင် အငှားကားတစ်စီးကို မေးရာ၌ ဂိတ်ကိုလိုက်ပို့မည်ဟုဆိုကာ ၃၁ လမ်းနှင့် ၇၇ လမ်းထောင့်ရှိ လက်မှတ် အရောင်းဆိုင်အားခေါ်ယူပြီး အငှားကားခ တစ်ဦးလျှင် တစ်သောင်းတောင်းယူအပြီး ပါလာသည့်ငွေများကိုပါ လူ ၃၀ ခန့်ဖြင့် ခြိမ်းခြောက်တောင်းယူခဲ့ကြခြင်းဖြစ်သည်ဟု ခရီးသည် ၇ ဦးထဲမှ ၁ ဦးဖြစ်သည့် ကိုအောင်ကျော်မိုးက ဆိုသည်။
"ကျွန်တော်တို့က ဒီကားကြီးကွင်းကို မနက် ငါးနာရီလောက်ရောက်တယ်။တွင်းငယ် ထွက်မယ့် ကားဂိတ်ကို သူတို့မေးတော့ လိုက်ပို့မယ်ဆိုပြီး ခွေးဘီးလူးပေါ် ဇွတ်တင်တယ်။ ကျွန်တော် လိုက်သွားတယ်။ ၃၁ လမ်း နဲ့ ၇၇ လမ်းထောင့်အရောက်မှာ ဒီနေရာမှာ လက်မှတ် ဝယ်ရမယ်ဆိုပြီး တစ်ယောက်ကို ၅၅၀၀တောင်းတယ်။ပြီးတော့ သူ့ကားခက တစ်ယောက် တစ်သောင်း တောင်းပြန်တယ်။တောင်းပန်လည်း မရဘူး။သူတို့က လူ ၃၀ လောက် ဝိုင်းထားတယ်။ဒါနဲ့ပေးလိုက်ရတယ်။ အဲဒီလက်မှတ်ဝယ်ပြီး သီရိမန္တလာကားကြီးကွင်းကို ပြန်လိုက်ပို့တယ်။ အဲဒီပို့ခလည်း တစ်ယောက်တစ်သောင်းထပ်တောင်းတယ်။ အဲလိုတောင်းတဲ့အပြင် ကျွန်တော်တို့မှာ ပါလာတဲ့ငွေပါ ဝိုင်းယူတယ်။ အခုကတော့ ဒီဂိတ်ကသူတွေကို အကူအညီတောင်းလိုက်တော့ အခုလိုမိတာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ခရီးသည်တွေအပေါ် ဒီလိုမလုပ်သင့်ဘူး။"ဟု ကိုအောင်ကျော်မိုးက ပြောသည်။
သီရိမန္တလာကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်စိုးက "အဲဒီလက်မှတ်ရောင်းတဲ့ ဂိတ်က တရားဝင် မဟုတ်ဘူး။ပြီးတော့ လက်မှတ်ဖြတ်ပေးတယ်ဆိုတာကလည်း ရိုးရိုးဘောင်ချာ စာရွက်မှာ ရေးပေးထားတာပါ။ကျွန်တော်တို့ သိသိချင်းပဲဆောင်ရွက်တာ အခု တစ်ဦးမိပါတယ်။ဒါမျိုးတွေမဖြစ်အောင်လို့ လုပ်နေပါတယ်။အခုဟာကလည်း အပြင်တွေမှာ ဖြစ်ဖြစ်လာနေတယ်။ကျွန်တော်တို့ကတော့ ခရီးသည်တွေ လုံခြုံချောမွေ့ စိတ်ချမ်းသာဖို့ပဲ လိုလားပါတယ်။"ဟုပြောသည်။
ထိုသို့ခရီးသည်များထံမှ အုပ်စုဖွဲ့အနိုင်ကျင့်ငွေတောင်းယူမှုများကို တားဆီးအရေးယူနိုင်ရန်အတွက် စည်ပင်သာယာရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအင်အားကို အောက်တိုဘာလ ၂၈ ရက်မှစတင်၍ အင်အား နှစ်ဆတိုးမြှင့်ဆောင်ရွက်နေသလို သီရိမန္တလာကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့်လည်း လုံခြုံရေးကင်မရာ ၄ လုံး တပ်ဆင်၍ ဆောင်ရွက်နေကြောင်းသိရသည်။
ခရီးသည်များထံမှအုပ်စုဖွဲ့ အနိုင်ကျင့်ငွေတောင်းသူများကို အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် တရားမဝင် လက်မှတ် ရောင်းနေသည့် ဂိတ်ကိုလည်း ပိတ်သိမ်း၍ စည်ပင်သာယာဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်မျိုးနိုင်က ဆိုသည်။
မန္တလေးမြို့စည်ပင်သာယာရေးကော်မတီအနေဖြင့် ကားကြီးကွင်းပြင်ပတွင် တရားမဝင်လက်မှတ်များ ရောင်းချနေသည့်ဂိတ်များကို နိုဝင်ဘာလ ၄ ရက်မှစတင်၍ အရေးယူဆောင်ရွက်လျှက်ရှိရာ ဂိတ် ၆ ခုကို စည်ပင်သာယာဥပဒေပုဒ်မ ၁၁၆ ဖြင့် အရေးယူထားပြီး ထပ်မံဖမ်းဆီးရမိရေးအတွက်လည်း ဆောင်ရွက် နေကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့မှ သိရသည်

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...