တရုတ်ကူညီတဲ့ ရေကာကာ အိုင်ဗရီကို့စ် ဖွင့်လှစ်
အိုင်ဗရီကို့စ်နိုင်ငံမှာ တရုတ်ပြည်အကူအညီနဲ့ဆောက်လုပ်တဲ့ ရေကာတာကြီးတစ်ခုကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ တာဘိုင်စက် ၄ လုံးနဲ့ လှည်ပတ်တဲ့ အဲဒီ ဆိုဘားရေကာတာဟာ လေးမိုင်ခန့် ရှည်လျှားပြီး ၂ဝ၁၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာပါ။
ဒီရေကာတာကနေ လျှပ်စစ်ဓါတ်အား ၂၇၅ မီဂါဝပ်ကို ထုတ်လုပ်ပေးမှာဖြစ်ကြောင်းနဲ့ ကုန်ကျငွေ ၈၅% ဖြစ်တဲ့ ဒေါ်လာ ၅၈၃ သန်းကို တရုတ်ပြည်က ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ပတ်ဝန်းကျင်ပျက်စီးမှုအတွက် အပြင်းအထန်ကန့်ကွက်ခဲ့ကြပေမယ့် သမ္မတ Quattra ကွက်တားရားကတော့ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု ထိန်းသိမ်းရေးအတွက် အကျိုးရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

Comments