Skip to main content

ရန်သူဘေးမှ လွတ်နိုင်တဲ့ ကြားရခဲသော စကား၎ခွန်း

ရန်သူဘေးမှ လွတ်နိုင်တဲ့ ကြားရခဲသော စကား၎ခွန်း
# Zawgyi Version ဖြင့် ဖတ်ပါ # 

ဟိုရှေ့လွန်လေပြီးသောအခါက ကြွေအန်ကစားရာတွင် အလွန်ဝါသနာကြီးသော ဘုရင်တစ်ပါးရှိပါတယ်။ အဲဒီ ဘုရင်ကြီးမှာ ဝိဓူရအမည်ရှိတဲ့ ပညာရှိအမတ်ကြီး တစ်ဦးလဲရှိပါတယ်။ ဘုရင်ကြီးက သူရဲ့ပညာရှိအမတ်ကြီးကို အရမ်းချစ်ခင်မြတ်နိုးတော် မူပါတယ်။ 

တစ်နေ့မှာ ဘုရင်ကြီးက ဥပုသ်စောင့်ရင်း ဥယျာဉ်တော်ထဲမှာ တရားထိုင်နေပါတယ်။ အဲဒိအချိန်မှာ ဘုရင်ကြီးရဲ့ မိတ်ဆွေတွေဖြစ်တဲ့ သိကြားမင်း၊ နဂါးမင်း ၊ဂဠုန်းမင်းတွေလဲ ဥယျာဉ်ထဲ ရောက်လာကြတယ်။ မိတ်ဆွေတွေစုံမိတော့ စကာတွေ ပြောကြတာပေါ့။ သူတို့ရဲ့ အသီးသီး စောင့်ထိန်းတဲ့ သီလတွေကိုပြောပြီး ဘယ်သူစောင့်ထိန်းတဲ့သီလက ပိုမြတ်သလဲဆိုတာ ပြောကြတာပေါ့။ ဘယ်သူက ပိုမြတ်မှန်း မင်း၎ပါးလုံး အဖြေမထုက်နိုင်ကြပါဘူး။ အဲဒိတော့ ပညာရှိ ဝိဓူရအမတ်ကြီးကို မင်းကြီးက ခေါ်ပြီးဆုံးဖြတ်ပေးခိုင်းပါတယ်။ ဒိအခါမှာ ပညာရှိအမတ်ကြီးက မင်းကြီးတို့လေးပါးလုံး စောင့်ထိန်းတဲ့သီလ၏ အဓိကပန်းတိုင်ကတော့ နိဗ္ဗာန်တစ်ခုထဲဖြစ်လို့ မြတ်တာချင်း တူတူပါပဲလို့ တရားဟောပြပြီး ဆုံးဖြတ်ပေးလိုက်ပါတယ်။ ဒိအခါမှာ အမတ်ကြီးရဲ့ သမာသမတ်ကျကျ ဆုံးဖြတ်ပေးတာကို သဘောကျပြီး သကြားမင်း က ဘွဲ့ဖြူပုဆိုး၊ ဂဠုန်မင်းက ရွှေပန်းခိုင်၊ နဂါးမင်းက ပတ္တမြား၊ ဘုရင်ကြီး ကလဲ ဆင်မြင်း စသည် တို့ဖြင့် ပညာရှိအမတ်ကြီးကို ဆုတွေပေးကြတာပေါ့။ 

အဲဒိလိုနဲ့ နဂါးမင်းကြီးက သူပတ္တမြားကြီးကို ပေးခဲ့ပြီး နဂါးပြည် ပြန်သွားတဲ့အခါမှာ နဂါးမိဘုရားကြီးက မေးတာပေါ့။ ဒိတော့ နဂါးမင်းကြီးက ပတ္တမြားကြီးကို လူ့ပြည်က ပညာရှိအမတ်ကြီးအား ဓမ္မပူဇာအနေနဲ့ ပူဇော်ခဲ့ကြောင်း ပညာရှိအမတ်ကြီးတရားက နာလိုအလွန်ကောင်းပုံ စတာတွေကို ပြောပြပါတယ်။ အဲဒိလိုတွေကြားပြီး မိဘုရားကြီးက ဝိဓူရထံမှာ တရားနာလိုစိတ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါပင်မယ့် အမတ်ကြီးကို နဂါးပြည်ခေါ်ဖို့ ကလဲ မဖြစ်နိုင်ဘူးတဲ့။ ဒိတော့ နဂါးမိဘုရားကြီးက အကြံထုက်ပါတော့တယ် ဘယ်လိုထုက်လဲဆိုတော့ ပညာရှိအမတ်ကြီး ဝိဓူရ၏ အသဲနှလုံးကို စားချင်ပါတယ် မစားရရင် သေရပါတော့မယ်လို့ပြောပြီး အိပ်ရာပေါ်မှာ လှဲပြီးနေတော့တာပေါ့။ နဂါးမင်းကြီးက မိဘုရားကြီးအတွက် စိုးရိမ်သောက ဖြစ်နေရရှာပါတယ်။ ဒါကိုနဂါးမင်းသမီးလေး ကြားသွားတော မိခင်မိဘုရားကြီးအတွက် ဝိဓူရ၏၊ အသဲနှလုံးကိုယူရန် လူပြည်သွာဖို့ နဂါးမင်းကြီးထံ ခွင့်တောင်းပါတယ်။ 

နဂါးမင်းသမီးလေးသည် ခမည်တော်နဂါးမင်းကြိးထံမှ အခွင့်ရသောအခါ ကာဠလို့ခေါ်တဲ့ တောင်သို့သွားခဲ့ပါတယ်။ အဲဒိတောင်မှာ ပုဏ္ဏကဘီလူနဲ့ တွေ့ကြပါတယ်။ ပုဏ္ဏကဘီလူးက နဂါးမင်းသမီးလေးအလှကို မြင်တာနဲ့ ချစ်ကြိုက်စွဲလန်းသွားရှာပါတယ်။ နဂါးမလေးကို ချစ်ခွင့်ပန်တဲ့အခါမှာတော့ မင်းသမီးလေးက ဝိဓူရ၏၊ နှလုံးသဲပွတ်ကို ရအောင်ယူပေးနိုင်ခဲ့ရင် လက်ထပ်မယ်လို့ ကတိပေးလိုက်ပါတယ်။ ဒိအခါမှာ အချစ်သူရဲကောင်းကြီး ပုဏ္ဏကသည် သူအချစ်တွေကို သက်သေပြဖို့ ဝိဓူရရဲ့ အသဲပွတ်ကို ရအောင်ယူဖို လုပ်ငန်းစပါတော့တယ်။ 

ပုဏ္ဏကဆိုတာ သာမာန်ဘီလူး မဟုက်ပါဘူး။ အစွမ်းသတ္တိနဲ့ ပြည်စုံတဲ့ နတ်စစ်သူကြီးတစ်ဦးပါ။ ကုဝေရနတ်မင်းကြီးရဲ တူလဲဖြစ်ပါတယ်။ စစ်သူကြီးပုဏ္ဏကရဲ့ အစွမ်းသတ္တိကို အခြားနတ်ဘီလူးတွေ ကြောက်ကြပါတယ်။ ပုဏ္ဏကနတ်ဘီလူးက နတ်မြင်းပျံကြီးကိုစီးပြီး ဝေပုလ္လတောင်မှာရှိတဲ့ အဖိုးအလွန်ထိုက်တန်တဲ့ ပတ္တမြားကြီးကို အရင်သွားယူပါတယ်။ အဲဒိပတ္တမြားကြီးကို နတ်စစ်သည်တော်တွေ အများကြီး စောင့်ရှောက်ကြပါတယ်။ ပုဏ္ဏကဘီလူးက ဝေပုလ္လတောင်ရောက်တဲ့အခါမှာ နတ်ဘီလူတွေကို ကြိမ်းမောင်းဟိန်းဟောက်လိုက်ပါတယ်။ ပုဏ္ဏကရဲ့အာဏာစက်က ပြင်းထန်လွန်းတာကြောင့် အစောင့်နတ်ဘီးလူတွေ လွင့်စင်ကုန်ကြပါတော့တယ်။ 

ပုဏ္ဏကနတ်ဘီလူးသည် မဖိုးမဖြတ်နိုင်သော ပတ္တမြားကြီးကို ရသောအခါ လူယောင်ဖန်စင်းပြီး ကြွေအံကစားရာတွင် လွန်ဝါသနာပါသော မင်းကြီးထံသို့သွားပါတော့တယ်၊ လူယောင်ဆောင်ထားသော နတ်ဘီလူး ပုဏ္ဏကသည် အရင်မြို့ဝန်ထံ သွားပြီး မင်းကြီးနှင့်ကြွေကစားလိုကြောင်း ပြောဆိုပါတယ်။ မြို့ဝန်မင်း မှတဆင့် ကမ်းလှန်းချက်ကို ဘုရင်က လက်ခံပါတယ်။ နောက်သုံးရက်ကြာရင် ကစားမယ်လို့ အကြောင်းပြန်ပါတယ်။ ပြီးတော့ မြို့ဝန်မင်းက အလုပ်များတဲ့သူဖြစ်သောကြောင့် ပြိုင်ဘက်လူငယ်ကို ဧည့်ဝတ်မကျေမှာစိုးလို့ ဝိဓူရအမက်ကြီးနေအိမ်သို့ ပြောင်းရွှေပြီး နေစေဖို့ပါ ပြောလိုက်ပါတယ်။ 

ဝိဓူရအမတ်ကြီးက လူအသွင်ဆောင်ထားသော ပုဏ္ဏဘီလူးကို ကောင်းစွာ လိုလေသေးမရှိအောင် ကျွှေးမွေးဧည့်ခံပြုစုပါတယ်။ အားတဲ့အချိန်တိုင် လာရောက်ပြီး ဓမ္မစကား ပြောကြားပါတယ်။ ဧည့်သည်ဖြစ်တဲ့ မိမိအပေါ်မှာ ကြာမြင့်စွာ့ ကွဲကွာနေသော သွေးသားရင်ကဲ့သို့ စေတနာအပြည့်ဝထားတဲ့ အမတ်ကြီးကို ပုဏ္ဏကဘီလူးကိုယ်တိုင် လေးစားကြည်ညိုစိတ် ဖြစ်လာမိပါတယ်၊ သို့သော် ချစ်သူအတွက် ဒိအမတ်ကြီးကိုသတ်ပြီး နှလုံးသားကို ယူကိုယူရမှာပါ။ စိတ်ထဲမှာတော့ မကောင်းလှပါဘူး။ 

ရက်ချိန်းစေ့သွာသောအခါ မင်းကြီးကို ကြွေအံကစားဖို့ နန်တော်ကိုခေါ်လိုက်ပါတော့တယ်။ မောင်လုလင် လောင်းကြေးဘယ်လောက်ထပ်ကြမလဲလို့ မင်းကြီးက မေးပါတယ် ဒိအခါ ပုဏ္ဏကဘီလူးကြီးက သူစီးလာတဲ့ နတ်မြင်းပျံရဲ့ အစွမ်းသတ္တိကို ပြပါတယ်။ နတ်မြင်းပျံ၏ အစွမ်သတ္တိကို မြင်တဲ့သူတိုင်း အံသြကြရပါတယ်။ နောက်တစ်ဖန် ပတ္တာမြားကိုထုတ်ပြပါပြီး မင်းကြီးကို အရှင်မင်းကြီး အကျွန်ူပ်ရှုံးခဲ့ရင် ဒိမြင်းနဲ့ အဖိုးမဖြတ်နိုင်တဲ့ ဒိပတ္တမြားကြီးကိုပေးပါမယ်။ အရှင်မင်းကြီး ရှုံးခဲ့ရင်ရော ဘာပေးမှာလဲလို မေးလိုက်ပါတယ်။ 

ဒိအခါမှာ မင်းကြီးက အမောင်လုလင် ငါအရှင်မင်းမြတ်ရှုံးခဲ့ရင် ထီးနန်း၊ မိဘုရားနှင့် ငါအရှင်မှတစ်ပါး သင်အလိုရှိတာ ယူလို့ပြောလိုက်ပါတော့တယ်။ ထိုနောက် စတင်ယှဉ်ပြိုင်ကြပါတော့တယ်။ မင်းကြီးက အခြားသူများကို ပြိုင်တိုင်းနိုင်ပါတယ်။ အကြောင်းကတော့ ထီးချက်ကိုစောင့်တဲ့နတ်သ္မီးက မင်းကြီးဘက်က တန်ခိုးနဲ့ အမြဲကူညီပေးနေလို့ပါ။ ဒါကိုပုဏ္ဏကဘီလူးက သိသွားပါတယ်။ အဲဒိအခါမှာ မျက်စောင်းတစ်ချက်ထိုးလိုက်ပါတယ် ပုဏ္ဏမျက်စောင်းကို တော်ရုံနတ်တွေ မခံနိုင်ပါဘူး လွင့်ထွက်ကုန်ပါတယ်။ ပုဏ္ဏက မျက်စောင်းကြောင့် ထီးချက်စောင့်နတ်သ္မိး ကြွေကစားဝိုင်းမှ အဝေးလွှင့်သွာပြီး မင်းကြီးကို မကူညီနိုင်တော့ပါဘူး။ အဲဒိအခါမှာ မင်းကြီးရှုံးသွားပါတော့တယ်။ 

ဘုရင်ကြီးလဲ နတ်သ္မီးအကူညီမရတော့ ရှုံးသွားပါတော့တယ်။ ဒိအခါမှာ မင်းကြီးက သူ၏ကတိအတိုင်း ကြိုက်ရာတောင်ဖို့ ပြောတော့တာပေါ့။ ဒိတော့ ပုဏ္ဏကလုလင်က ဝိဓူရအမတ်ကြီးကို ပေးဖို့ပြောပါတယ်။ မင်းကြီးအနေနဲ့ ထင်မထားမိပါဘူး ခုလိုစကားမျိုး ကြားလိုက်ရတဲ့အခါ အရမ်းအံ့သြသွားပါတယ်။ မင်းကြီးကိုယ်တော်တိုင်ကလဲ ဝိဓူရပညာရှိအမတ်ကြီးကို အလွန်မြတ်နိုးတော်မူပါရှာပါတယ်။ ဒါကြောင့် အမောင်လုလင် ပညာရှိအမတ်ကြီးကလွဲရင် ကျန်တာကြိုက်ရာကို တောင်ပါလို့ ထပ်ပြောပါတယ်။ 

မင်းကြီးစကားကြားတော့ လုလင်က အရှင်မင်းကြီး ကတိမတည်ပါ့လား။ ကျွန်ုပ်ကျန်တာမလိုချင်ဘူး ဝိဓူရအမတ်ကြီးကိုပဲ လိုချင်တယ်လို့ ထပ်ပြောပါတယ် ဒိအခါ မင်းကြီးက ပရိယာယ်နဲ့ အမောင်လုလင် ပညာရှိအမတ်ကြီးက ငါပိုင် ပစ္စည်းမဟုက်ဘူး သူကိုယ်သူသာပိုင်တယ် လို့ပြောလိုက်ပါတော့တယ်။ ဒိအခါမှာ လုလင်က အရှင်မင်းကြီး မင်းဆိုတာ တိုင်းသူပြည်သားကိုပိုင်တယ်လို ထပ်ပြောရင်း အငြင်းပွားကြပါတယ်။ ဒိလို အငြင်းပွားနေရင်းကနေ ပုဏ္ဏကဘီလူးကြီးက အရှင်မင်းကြီး အကျွန်ုပ်တို့ ငြင်းနေရင် ပြီးမှာမဟုက်တော့ဘူး ဒီတော့ သင့်ရဲ့အမှန်တရားဘက်က အမြဲရပ်တည်တဲ့ ပညာရှိအမတ်ကြီးဝိဓူရထံ အဆုံးဖြတ်ခံကြရအောင် လို့ပြောလိုက်ပါတယ်။ ဒိအခါမှာ မင်းကြီးက ငါ့အမတ်ကြီး ဆုံးဖြတ်ရင်တော့ ငါ့ဘက်က ပါမှာပဲဆိုတဲ့ အတွေးနဲ့ ကောင်းပြီးလို လက်ခံလိုက်ပါတော့တယ်။ 

မင်းကြီးနဲ့ ပုဏ္ဏဘီလူးတို့ အဖြစ်ပျက်ကိုကြားတဲ့အခါ သီလနဲ့ပြည့်စုံတဲ့ ဝိဓူရအမတ်ကြီးက အရှင်မင်းမြတ် အရှင်မင်းမြတ်အား သက်ရှိဥစ္စာ သက်မဲ့ဥစ္စာဆိုပြီး နှစ်မျိုးရှိပါတယ်။ အရှင်မင်းမြတ်၏ ကျေးကျွန်ဖြစ်တဲ့ ကျွန်တော်မျိုးတို့က သက်မဲ့ဥစ္စာသာဖြစ်ပါတယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ ဒိအခါမှာ မင်းကြီးက ဘာမှမတတ်နိုင်တော့ပါဘူး။ သူအရမ်းမြတ်နိုးတဲ့ ပညာရှိအမတ်ကြီးကို ပုဏ္ဏကဘီလူးနောက်ကို ထည့်လိုက်ရပါတော့တယ်။ 

ပညာရှိအမတ်ကြီးကို ပိုင်သွားတဲ့ ပုဏ္ဏကဘီလူးက စဉ်းစားမိပါတယ် အင်း အမတ်ကြီးက ငါမပေါ်မှာ ဧည့်ဝတ်ကျေပြီး ပြုစုပေးတဲ့ ကျေးဇူးရှိတယ်။ ဒိတိုင်းငါသတ်လို့တော့ မတော်ဘူး သူဟာသာသေအောင် မြင်းအမှီးကို ဆွဲလိုက်ခိုင်းမယ် ဆိုပြီး အမတ်ကြီးကို မြင်းမှီးဆွဲခိုင်းပြီး နတ်မြင်းကို အကြမ်းမောင်းပါတော့တယ်။ တောင်တွေအထပ်ထပ်ကို ခုံပျံပြီး မြင်းကိုအမျိုးမျိုး ပြင်းထန်စွာမောင်းပါတယ်။ နတ်မြင်းပျံကို ဘယ်လောက်ပဲ ပြင်းထန်စွာမောင်းမောင်း အမတ်ကြီးရဲ သီလသမာဓိ အစွမ်းကြောင့် အသက်မသေပါဘူး အမတ်ကြီးခဗျာ မြင်းနောက်က မောပန်ရုံမျှသာဖြစ်ပါတယ်။ ဒိတော့ပုဏ္ဏကနတ်ဘီလူးက အင်း အမတ်ကြီးကို ဒိလိုသတ်လို့မရဘူး။ ခုလောက်နိုတ်စက်တာတောင် သေနိုင်ခဲလိုက်တာ မထူးတော့ပါဘူး သေအောင် တောင်အောက်ကို ကိုင်ပေါက်သတ်မှပဲ။ ဒိအမတ်ကြီး အသဲနှလုံးကိုရဖို့ ကအဓိကကျတယ် ဒါမှ ငါချစ်သူလေးနဲ့ လက်ထပ်ရမှာ အင်း ရအောင်သတ်မှပဲလို့ ကြံလိုက်ပါတယ်။ 

ပုဏ္ဏကဘီလူးသည် ဝိဓူရ အမတ်ကြီးကို အမျိုးမျို နှိတ်စက်လေ၏။ ထိုအခါ ပညာရှိ အမတ်ကြီးက အဆွေဘီလူး အဘယ်ကြောင့် အကျွန်ူပ်အား အမျိုးမျိုးဒုက္ခပေးနေတာလဲ သင်နဲ့ကျွန်ူပ်တို့က ရန်သူတွေမှ မဟုက်တာလို့ပြောလိုက်ပါတယ်။ ဒိအခါမှာ ဘီလူးက အမတ်ကြီး သင်နဲ့ငါရန်သူမဟုက်ပါဘူး ဒါပင်မဲ့ သင့်ကိုသတ်ပြီး သင့်အသဲနှလုံးကိုရမှ ငါချစ်သူက ငါကိုပြန်ချစ်မှာ ဒါကြောင့် သင်ကို ငါသေအောင် နိုတ်စက်နေတာလို့ ဖြေလိုက်ပါတယ်။ ဒိအခါမှာတော့ ပညာရှိ အမတ်ကြီးက ကောင်းပါပြီ ဘီလူးမင်း သင်ငါ့ကို သတ်လိုလျှင်သတ်ပါ။ ဒါပင်မယ့် ငါ့ကိုမသတ်ခင် ကြားရခဲတဲ့ စကားလေးခွန်းကို သင့်အား ငါပြောပြမယ်။ သင်အရင်နာကြားလေအုံး လို့ပြောလိုက်ပါတော့တယ်။ 

ပုဏ္ဏကဘီးလူက ကောင်းပြီး အမတ်ကြီး ထိုကြားနာရခဲတဲ့ စကားကြီးလေးခွန်းကို ငါ့အားဟောပြပါလို့ ပြောပါတယ်။ ဒိအခါမှာ အမတ်ကြီးက ပုဏ္ဏကဘီလူး ရိုသေစွာနာကြားလော့ သင့်အား ငါအဖိုးထိုက်တန်သော စကားကြီးလေးခွန်ကို ဟောပေအံ့။ 

အို နတ်ဘီလူး 
ရှေ့သူဟောင်းတို့ အကျင့်ကိုကျင့်ပါ။ 
စိုသောလက်ကိုမခြောက်ပါစေနှင့်။ 
အပျော်အပါးမမိုက်မှာနှင့်။ 
ခင်ပွန်းတို့အားအပြစ်မှားရာ။ 
လို့ဟောလိုက်ပါ တယ်။ 

အို နတ်ဘီလူး ရှေ့သူဟောင်းတို့ အကျင့်ကိုကျင့်ပါ ဆိုသည်မှာ မိမိအပေါ် ကျေးဇူးရှိတဲ့သူတွေကို ကျေးဇူးတုံ့ပြန်ရမယ်လို့ ဆိုပါတယ်။ 

အို နတ်ဘီလူး စိုသောလက်ကို မခြောက်ပါစေနှင့် ဟူသည်မှာ ကိုယ်အပေါ် ပေးကမ်းစွန့်ကြဲဖူးသောသူကို မပြစ်မှားပါနဲ့ ချစ်စကိုရှည်ပါစေ မုန်းစကို တိုပါစေ ကို့အပေါ် ပေးကမ်းစွန့်ကြဲဖူးသောသူကို နောက်ပေးကမ်းချင်စိတ်မရှိတော့အောင် ကျေးဇူးကန်းခြင်းသည် စိုသောလက်ကို ခြောက်စေသည် မည်ပါတယ်။ 

အို နတ်ဘီလူး ယုက်ညံသောမိန်းမတို့နှင့် ပျော်ပါးမိုက်မှားခြင်းသည် မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ မှားယွန်းသောအမူ့တို့ ကို ဖြစ်တတ်ပါတယ်။ 

အို နတ်ဘီလူး မိမိအပေါ် အစားတစ်လုတ် ရေတစ်ခွက်ဖြစ်စေ ကျေးဇူးရှိတဲ့ မိတ်ဆွေတွေကို ဘယ်သောအခါမှ မပြစ် မှာရဘူး။ 

အို နတ်ဘီလူး ဤလေးပါးသော တရားကို သာဓုနရ တရားလေးပါလို့ ခေါ်ပါတယ်လို့ တရားဟောပြလိုက်ပါတယ်။ ဒိအခါမှာ ပုဏ္ဏက ဘီလူးလဲ သူအပြစ်တွေကို ပြန်မြင်သွားပါတော့တယ်။ ငါဒိမတ်ကြီးအိမ်မှာတည်ခိုစဉ် သူကျွှေးတာတွေစားခဲ့တယ်။ အဆွေခင်ပွန်းကို ပြစ်မှားမိပြီ။ စိုသောလက်ကို ခြောက်အောင်ပြုမိပြီ။ ကျေးဇူးရှင်ကို ကျေးဇူးမဆပ်ဘဲ မိန်မတစ်ယောက်အတွက်နဲ့ ပြစ်မှားမိခဲ့ပြီ။ 

အို ပညာရှိအမတ်ကြီး ကျွန်ူပ်သည် မဘက်လိုက်လို့ မိုက်ဘက်ပါခဲ့မိပြီ သူတော်ကောင်းကြီးကို စော်ကားမိခဲ့ပြီ။ သံသရာအတွက် ဝန်လေးသောအမူ့ကြီးကို ပြုခဲ့မိပါပြီ။ လူမိုက်ကြီး ကျွန်ူပ်အား သနားသဖြင့် ခွင့်လွှတ်တော်မူပါလော့။ ဤတရားလေးပါသည် အလွန်တန်ဖိုးကြီးလှပါတယ်။ ကြားနာရန် ခဲရင်းလွန်းတဲ့ ဤတရားလေးပါကို မဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားကြီးနဲ့ ပူဇော်ပါတယ်ဟုပြောဆို ဝန်ချတောင်ပန်လိုက်ပါတယ်။ 

ဒိအခါမှာ ပညာရှိအမတ်ကြီးက အိုအဆွေပုဏ္ဏက သင့်အား ငါခွင့်လွှတ်တယ်။ သင်သည် သင့်ချစ်သူကို ချစ်လွန်းလိုမှားခဲ့မိတာဖြစ်တယ်။ သင့်ပင်ကိုယ်စိတ်က ပြစ်မှားလိုစိတ်မရှိ။ ပညာရှိတို့ရဲ့ အသဲနှလုံးဆိုတာ တရားကို ဆိုလိုတာဖြစ်တယ်။ ငါ့အား သင့်ချစ်သူတို့ နေရာဌာနသို့ ခေါ်ဆောင်သွားပါလို့ ပြောလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏကနတ်ဘီလူးသည် အမတ်ကြီးအား မိမိချစ်ရသူ နဂါးမလေးနေရာ နဂါပြည်သို့ ခေါ်ဆောင်သွားပါတယ်။ 

နဂါးပြည်ရောက်တဲ့အခါ နဂါးမင်းကြီးနှင့်တကွ နဂါးအပေါင်းတို့သည် ပညာရှိအမတ်ကြီးကို ဝမ်းမြောက်ဝမ်းသာ ဆီးကြိုကြပါတယ်။ ပညာရှိအမတ်ကြီးရဲ့ တရားတော်ကို နာပြီးတဲ့အခါမှာတော့ နဂါးမိဖုရားကြီးလဲ ဆန္ဒပြည့်ဝသွားပါတော့တယ်။ သမီးတော်လေးနဲ့ ပုဏ္ဏကကိုလက်ထပ်ပေးပြီး ပူဇော်ဖွယ်တွေနှင့်တကွ ပညာရှိ အမတ်ကြီးကို လူပြည်ပြန်ပို့လိုက်ပါတယ်။ 

လူပြည်ပြန်ရောက်တဲအခါ မင်းကြီးနှင့်တကွ တိုင်းသူပြည်သားများက အားရဝမ်းသာ ပညာရှိအမတ်ကြီးကို ကြိုဆိုကြပါတယ်။ ပညာရှိအမတ်ကြီးလဲ ဖြစ်ကြောင်းကုန်စင်ကို မင်းကြီးအားပြန်လျှောက်ပြီး ဘီးလူးထံမှရခဲ့တဲ့ ပတ္တမြားကြီးကို မင်းကြီးအား ဆက်သလေတော့၏။ ထိုအချိန်မှစ၍ ပညာရှိအမတ်ကြီးလဲ အသက်တိုင်း ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ပြီး သေလွန်တဲ့အခါ နတ်ပြည်သို့ ရောက်ရပါလေတော့သတည်း။ 

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...