Skip to main content

မနက်စာပုံမှန်စားပေးခြင်းဖြင့် ပြောင်းလဲလာမယ့် သင့်ခန္ဓာကိုယ်

မနက်စာပုံမှန်စားပေးခြင်းဖြင့် ပြောင်းလဲလာမယ့် သင့်ခန္ဓာကိုယ်
ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ စာဖတ်သူတို့ မနက်စာကို ပုံမှန် မပျက်မကွက် စားဖြစ်ကြမယ်လို့ ယုံကြည်မိပါတယ်။ မနက်စာဟာ အရေးကြီးဆုံး အစားအစာတစ်ခုဖြစ်တယ်ဆိုတာစာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။ မနက်စာမစားဘဲနေတာဟာ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအလွန်အကျွံစားမိခြင်း၊ မှားယွင်းတဲ့ အစားအစာကို ရွေးချယ်မိခြင်း တွေဖြစ်စေတတ်ပါတယ်။ 

မနက်စာဟာ အဓိကအရေးပါတဲ့ အစားအစာဖြစ်တာမို့ မနက်စာကို အာဟာရပြည့်ပြည့်ဝဝ စားပေးဖို့လိုအပ်ပါတယ်။ 

မနက်စာစားပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲမှုတွေရှိလာမလဲဆိုတာ မျှဝေပေးသွားပါမယ်။ 

၁။ ကိုယ်အလေးချိန်လျှော့ချပေးနိုင်တယ် 

မနက်စာကို အာဟာရပြည့်ပြည့်ဝဝ စားပေးတာဟာ သင့်ကို ကျန်းမာစေပြီး တစ်နေ့တာလုံးမှာ အားအင်ပြည့်ဝနေစေပါတယ်။ စိတ်ကိုကြည်လင်စေတာကြောင့် သင့်ကို အဝလွန်စေမယ့် အစားအစာကို ရွေးချယ်မဝယ်ယူမိအောင် ကူညီပေးပါတယ်။ သုတေသနပြုချက်အရ မနက်စာစားပေးတာဟာ သွေးတွင်းသကြားဓာတ်ကိုထိန်းပေးပြီး ဆာလောင်မွတ်သိပ်မှုကို သက်သာစေလို့ ကိုယ်အလေးချိန် ကျစေတယ်လို့ဆိုပါတယ်။ 

၂။ သင့်ရဲ့ ဥာဏ်ရည်စွမ်းဆောင်မှုကို ကောင်းမွန်စေတယ် 

မနက်စာစားပေးတာဟာ သင့်ရဲ့ တက်ကြွဖြတ်လတ်မှု၊ ဥာဏ်ရည်စွမ်းဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ 

၃။ မနက်စာဟာ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပေးနိုင်တယ် 

မနက်စာကို အာဟာရပြည့်ပြည့်ဝဝ စားပေးခြင်းဖြင့် တစ်နေ့တာလုံး အားအင်ပြည့်ဝနေပြီး လုပ်ငန်းဆောင်တာတွေကို လန်းဆန်းတက်ကြွစွာနဲ့ လုပ်ဆောင်နေမှာပါ။ 

၎။ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေတယ် 

အာဟာရပြည့်ဝတဲ့ မနက်စာကို စားပေးတာဟာ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို လှုံ့ဆော်ပေးပါတယ်။ 

၅။ စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်တယ် 

မနက်စာပုံမှန်စားပေးတာဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ပါတယ်။ ဗိုက်ဆာတဲ့အခါ လူတွေက ပိုပြီးစိတ်တိုကြသလို စိတ်ဖိစီးမှုလည်း များကြလို့ပါပဲ။ 

၆။ သင့်ရဲ့ အားကစားစွမ်းဆောင်ရည်ကို ကောင်းမွန်စေတယ် 

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အနက်စာစာကို စားပေးတာဟာ ကယ်လိုရီကျစေပြီး ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း အားအင်အပြည့်လုပ်ဆောင်နိုင်ပါတယ်။ 

၇။ ရောဂါဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ် 

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့မနက်စာဟာ သင့်ကို ရောဂါအမျိုးမျိုး ဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်ပါတယ်။ 

၈။ စိတ်ခံစားမှုကို ကောင်းမွန်စေတယ် 

အာဟာရပြည့်ဝတဲ့ မနက်စာဟာ သင့်ကို စိတ်ဖိစီးမှုကင်းစေပြီး သင့်စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။ 

၉။ သင့်နှလုံးကို ကျန်းမာစေတယ် 

ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ မနက်စာမစားတဲ့သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ချေပိုများတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မနက်စာပုံမှန်စားပေးရင် နှလုံးကို ကျန်းမာစေမှာပါ။ 

၁၀။ သင့်မိသားစု မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေတယ် 

အရာအားလုံးဟာ သွယ်ဝိုက်သောနည်းလမ်းနဲ့ ဆက်စပ်နေကြတာပါပဲ။ မနက်စာကို မိသားစုစုံစုံလင်လင်နဲ့ စားပေးမယ်ဆိုရင် သင့်မိသားစု အတွင်း ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေမှာပါ။ ဒါ့အပြင် အာဟာရပြည့်ဝတဲ့ မနက်စာကြောင့် တစ်နေကုန် အားအင်အပြည့်ရှိနေပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေလို့ သင့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်စေပါတယ်။
Credit: MyFood 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...