Skip to main content

နောက်ကျ

နောက်ကျ

 
မြန်မာစံတော်ချိန်ဟု ပြောလေ့ရှိသည့် စကားမှာ အလွန် ခံပြင်းစရာ ကောင်းလှသည့်စကား ဖြစ်သည်။ အချိန် မတိကျ၊ မလေးစားဟု အပြောခံရခြင်းနှင့် အတူတူ ဖြစ်နေခြင်းကြောင့် စိတ်ပျက်စရာစကားဟု သတ်မှတ်မိခြင်းဖြစ်ပါသည်။
မြန်မာစံတော်ချိန်ဟု ပြောလေ့ရှိသည့် စကားမှာ အလွန် ခံပြင်းစရာ ကောင်းလှသည့်စကား ဖြစ်သည်။ အချိန် မတိကျ၊ မလေးစားဟု အပြောခံရခြင်းနှင့် အတူတူ ဖြစ်နေခြင်းကြောင့် စိတ်ပျက်စရာစကားဟု သတ်မှတ်မိခြင်းဖြစ်ပါသည်။ 

စောင့်ဆိုင်းရခြင်းမှာ အလွန် စိတ်မရှည်စရာ ကောင်းသည့် အလုပ်တစ်ခုဖြစ်ပါသည်။ အစည်းအဝေးကို နောက်ကျသည်။ ချိန်းထားလျှင် နောက်ကျမှ ရောက်လာတတ်သည်။ စောင့်ရခြင်းကြောင့် စောစော အပြီးသတ်ရမည့်လုပ်ငန်းများမှာ မပြီးနိုင်ဖြစ်ရသည်။ စောင့်ရခြင်းကြောင့် နောက်ကျမှ အဖြေထွက်သည်။ နောက်ကျမှ ပြန်ရသည်။ စောင့်ရခြင်း၏ အကျိုးဆက်များကို လူတိုင်း ခံစားဖူးကြမည်ဖြစ်သလို ကိုယ်တိုင်ကလည်း စောင့်ရသူ သို့မဟုတ် အစောင့်ခံရသူ တစ်ဦးဦး ဖြစ်သွားနိုင်သည်။ 

စောင့်စားရချိန် မရှိသင့်ဘူးလား။ ရှိသင့်ပါသည်။ ဆုံးဖြတ်ချက်ချရန် စောင့်စားရပါသည်။ အတည်ပြုချက် တစ်ခုခု ရယူရန် စောင့်ရပါသည်။ အချက်အလက်များ မပြည့်စုံသေးသောကြောင့် စောင့်ရသည်လည်း ရှိနိုင်ပါသည်။ မည်သို့ဆိုစေ စောင့်ရခြင်းက အချိန်တွေ ပေးရသည်။ ရလဒ်ကို နှောင့်နှေးစေသည်။ ပေါင်းသင်း ဆက်ဆံမှုကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ 

အချို့သော စောင့်ဆိုင်းရမှုများမှာ မလွဲဧကန် ရှိမည်သာ ဖြစ်သည်။ မဖြစ်မနေ စောင့်ဆိုင်းရမည့် ကိစ္စများကိုတော့ သည်းခံပြီး စောင့်ဆိုင်းရမည်သာ ဖြစ်သည်။ စာမေးပွဲဖြေပြီး ချက်ချင်းအဖြေ မထုတ်နိုင်သည့်စနစ်ကို ကျင့်သုံးလျှင် အောင်စာရင်းကို စောင့်ရမည်သာဖြစ်သည်။ စောင့်စားရခြင်းတွင် ဤသဘောမျိုးကို ထည့်မတွက်စေလိုပါ။ ချိန်းဆိုထားချက်ကို အချိန် မလေးစား၊ အလေး မထားဘဲ နောက်ကျမှ ရောက်လာခြင်းမျိုးကို ဆိုလိုခြင်းဖြစ်သည်။ နောက်ကျချင်စိတ် တစ်ကြိမ်မွေးလိုက်လျှင် တစ်သက်လုံး နောက်ကျချင်တတ်သည်။ ထို့ကြောင့် နောက်မကျချင်စိတ် မည်သို့ မွေးကြမည်နည်း။

၁။ အချိန်ကို ခန့်မှန်းနိုင်စွမ်း အရေးကြီးသည်။ သွားချိန်၊ လာချိန်၊ စားချိန် မည်မျှ လိုမည်နည်း။ ချိန်းထားသည့် နေရာကို ၁၅ မိနစ်အတွင်း ရောက်နိုင်သည်မှန်သော်လည်း ကားပိတ်နိုင်သည်။ မည်သည့်လမ်းက သွားလျှင် အမြန်ဆုံး ရောက်မည်။ အချိန် မည်မျှ ယူရမည်ဆိုသည်ကို ခန့်မှန်းနိုင်စွမ်းလိုသည်။

၂။ အချိန်ကိုက် စတင်နိုင်စေရန် ကြိုးစားပါ။ နောက်ကျသူတွေ ရှိနေသောကြောင့် စောင့်ဦးမည်ဆိုပြီး မလုပ်ပါနှင့်။ သတ်မှတ်ထားသည့်အချိန်တွင် စဖြစ်အောင် စလိုက်စေချင်ပါသည်။ ကိုယ့်မှာ အချိန်တွေ အများကြီး ရှိနေလည်း အချိန်မပေးနိုင်သည့်သူတွေ ရှိနေနိုင်ကြောင်း ကိုယ်ချင်းစာကြည့်စေချင်သည်။ ထို့ကြောင့် မည်သူ နောက်ကျသည်ဖြစ်စေ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ရန် အချိန်ကိုက် စတင်လိုက်ပါ။

၃။ စောထွက်ပါ။ အချိန်ကို ဖြစ်နိုင်လျှင် ၁၅ မိနစ်က စောထားလိုက်စေချင်သည်။ အနည်းဆုံး ၁၅ မိနစ်ခန့် ချိန်းထားသည့်နေရာကို ကြိုရောက်စေရန် ကြိုးစားသင့်သည်။ သင့်အတွက် တစ်ခုခု ကောင်းကျိုး ဖြစ်စေနိုင်ပါသည်။ စောရောက်သဖြင့် ပြဿနာ မရှိနိုင်ပါ။ နောက်ကျသည့်သောကမှာ အလုပ်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။

၎။ ပြန်ထွက်ချိန် သို့မဟုတ် ပြီးဆုံးချိန်ကိုလည်း အတိအကျ သတ်မှတ်စေချင်သည်။ စလျှင်လည်း တိတိကျကျစ၊ ဆုံးလျှင်လည်း တိတိကျကျ ဆုံးနိုင်စေရန် ကြိုးစားသင့်သည်။ ၄ နာရီပြီးရန် သတ်မှတ်ထားလျှင် ၄ နာရီ အတိအကျပြီးရန် ၁၅ မိနစ် ကြိုပြင်ထားသင့်သည်။ 

၅။ နောက်ထပ် ၁၅ မိနစ်လောက် ဆိုသည့် အကြောင်းပြချက်ကို အစလည်း လက်မခံ၊ အဆုံးလည်း လက်မခံသင့်ပါ။ မပြီးပြတ်သေးလျှင် ချရေးထားခိုင်းလိုက်ပါ။ ပြဿနာ အဖြေကို အခြားသော အချိန်တစ်ခုတွင် ရှင်းလင်းသည့်အနေနှင့် စီစဉ်သင့်ပါသည်။ သတ်မှတ်ထားသည့် အချိန်ဆိုသော အတိုင်းအတာကို အထိ အခိုက် မခံသင့်ပါ။

၆။ မမျှော်လင့်သည့် အခက်အခဲများ၊ အတားအဆီးများ၊ ပြဿနာများကို အမြဲ မျှော်လင့်ထားစေလိုပါသည်။ အကြောင်း တစ်ခုခုကြောင့် စီစဉ်ထားသည်များ အလွဲလွဲ အချော်ချော် ဖြစ်သွားနိုင်ပါသည်။ အကယ်၍ဆိုသည့် အကြောင်းအချက်ကို ထည့်တွက်ထားစေလိုပါသည်။ အကယ်၍ဆိုသည်မှာ နောက်ကျသူအတွက် မဖြစ်သင့်ပါ။

၇။ အရေး အကြီးဆုံးမှာ စိတ်ဓာတ်နှင့် အလေ့အထ ဖြစ်ပါသည်။ စိတ်က နောက်ကျလည်း ကိစ္စမရှိပါဘူးဟု အလေးထားလျှင် နောက်ကျသည်မှာ အရေးကြီးသည့် ကိစ္စတစ်ခု မဟုတ်နိုင်တော့ပါ။ သူလည်း နောက်ကျ ငါလည်း နောက်ကျ ဘာမှလုပ်မရသည့် အနေအထားကို ရောက်သွားနိုင်ပါသည်။ ငါကစပြီး နောက်မကျစေရ ဟု လူတိုင်း သတ်မှတ် ထားလိုက်လျှင် အားလုံး အလုပ်ဖြစ်သွားပါလိမ့်မည်။ 

ကိုယ့်ပတ်ဝန်းကျင်က မြန်မာစံတော်ချိန်ဟု ပြောနေသည့် အလေ့အထထဲတွင် ကိုယ်မပါစေရန် ကြိုးစားသင့်ပါသည်။ ကိုယ်လက်ခံထားသည့် မြန်မာ စံတော်ချိန် ဆိုသည်မှာ (အတိအကျ) ဟု တော်လှန် မပြောင်းလဲနိုင်သရွေ့ ကိုယ်လည်း နောက်ကျထဲတွင် ပါနေမည်သာ ဖြစ်သည်။

E-01

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...