Skip to main content

အပြောင်းအရွှေ့အသုံးစရိတ်ထုတ်ပေးရာတွင် ကန့်သတ်မှုများရှိနေ၍ မန်ယူဘုတ်အဖွဲ့ကို မော်ရင်ညို စိတ်တိုင်းမကျဖြစ်ဖြ

အပြောင်းအရွှေ့အသုံးစရိတ်ထုတ်ပေးရာတွင် ကန့်သတ်မှုများရှိနေ၍ မန်ယူဘုတ်အဖွဲ့ကို မော်ရင်ညို စိတ်တိုင်းမကျဖြစ်


မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဘုတ်အဖွဲ့တာဝန်ရှိသူများကို ကစားသမားသစ်များခေါ်ယူရန်အတွက် အပြောင်းအရွှေ့အသုံးစရိတ်ထုတ်ပေးရာတွင် ကန့်သတ်မှုများရှိနေခြင်းကြောင့် စိတ်တိုင်းမကျ ဖြစ်နေပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ချက်စတာ၊ နိုဝင်ဘာ ၉

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဘုတ်အဖွဲ့တာဝန်ရှိသူများကို ကစားသမားသစ်များခေါ်ယူရန်အတွက် အပြောင်းအရွှေ့အသုံးစရိတ်ထုတ်ပေးရာတွင် ကန့်သတ်မှုများရှိနေခြင်းကြောင့် စိတ်တိုင်းမကျ ဖြစ်နေပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် မန်ယူကို တာဝန်ယူခဲ့သည့် တစ်နှစ်ခွဲတာကာလအတွင်း ကစားသမားသစ်များခေါ်ယူစုစည်းရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၃၀၀ ၀န်းကျင် သုံးစွဲခဲ့ပြီးပြီဖြစ်ကာ မန်စီးတီးနည်းပြ ဂွါဒီယိုလာကဲ့သို့ ငွေကြေးအလုံးအရင်းသုံးစွဲ၍ အသင်းကို ပြင်ဆင်စုဖွဲ့ခွင့် ရရှိမှသာလျှင် မန်ယူကို အောင်မြင်မှုလမ်းကြောင်းထက်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု မော်ရင်ညိုက ယူဆမှုများရှိနေသည်။

မော်ရင်ညိုသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် မန်စီးတီးနှင့် ရမှတ်ကွာဟချက်ပမာဏ ရှစ်မှတ်အထိ မြင့်တက်သွားခဲ့အပြီး၌ လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်းတွင် ကစားသမားသစ်အချို့ခေါ်ယူခွင့်ရနိုင်ရန် ဆန္ဒရှိနေပြီး မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ကမူ ကစားသမားသစ်များခေါ်ယူလိုပါက အသင်းရှိ ပိုလျှံကစားသမားအချို့ကို ရောင်းထုတ်ကာ အသင်း၏လစာငွေပေးချေနေရမှုကို ချိန်ညှိပေးရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း မော်ရင်ညိုကို သတိပေးထားသည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် ပေါ့ဂ်ဘာနှင့် အီဘရာဟီမိုဗစ်တို့ကဲ့သို့သော အမာခံပွဲထွက်ကစားသမားများကို ဒဏ်ရာပြဿနာများကြောင့် လက်လွှတ်လိုက်ရအပြီးတွင် ယင်းကွက်လပ်များကို အစားဝင်ရောက် ကစားပေးနိုင်မည့်သူများ အသင်းထံတွင်ရှိမနေသည့်အတွက် အခက်ကြုံရလျက်ရှိကြောင်း ဖွင့်ဟအသိပေးထားပြီး ယခုကဲ့သို့ အကန့်အသတ်အခြေအနေများဖြင့်သာ ကစားသမားခေါ်ယူစုစည်းရမည်ဆိုပါက များမကြာမီကာလအတွင်း မန်ယူကို စွန့်ခွာရန် မော်ရင်ညိုက ဆုံးဖြတ်လာဖွယ်ရှိနိုင်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေပြီဖြစ်သည်။

ချယ်လ်ဆီးနောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်သူ ဒက်ဆယ်လီကလည်း မော်ရင်ညို၏အရည်အချင်းမှာ ဂွါဒီယိုလာကို ယှဉ်နိုင်စွမ်းအပြည့်ရှိသည်ဟု ထောက်ခံပြောကြားထားပြီး လက်ရှိအချိန်တွင် မော်ရင်ညိုနှင့် ဂွါဒီယိုလာအကြား အဓိကကွာဟချက်တစ်ရပ်မှာ အသင်းကစားသမားအင်အားဖြစ်သည့်အတွက် မော်ရင်ညိုမှာ ဂွါဒီယိုလာကဲ့သို့ လုပ်မပြနိုင် ဖြစ်နေရခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်ထားသည်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...