ပါတီဝင်စာရင်းတွေ ပြန်လည်တင်ပြဖို့ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြား
Thithtoolwin
![]() |
| ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း(အလယ်)နဲ့ အဖွဲ့ဝင်တွေကို ၂ဝ၁၆ ခုနှစ် မတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ Photo: Union Election Commission Facebook |
သတ်မှတ်ပါတီဝင်အင်အား တိုးတာလျှော့တာတွေကို သိချင်တဲ့အတွက် ညွန်ကြားချက်ထုတ်ပြန်တာလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
"ပါတီတစ်ခုဆိုရင် တစ်ပြည်လုံးစည်းရုံးရင် တစ်ထောင်၊ ပြည်နယ်နဲ့ တိုင်းဆိုရင် ငါးရာ ပါတီဝင်အင်အား အဲလောက်ရှိရမယ်လို့ ဥပဒေမှာပြဌာန်းထားပြီးသား။ တချို့က အဲဒါတင်ထားပြီး နှစ်တွေလတွေကြာပြီး သေတဲ့သူသေ ထွက်တဲ့သူထွက် ပြောင်းတဲ့သူပြောင်း အဲဒါတွေက ဘာမှပြန်မလာတော့ဘူး ဘယ်ပါတီကမှ ဘယ်သူထွက်တယ်၊ ဘယ်သူသေတယ်၊ ဘယ်သူပြောင်းတယ၊် မပြည့်ရင် ပြည့်အောင်ပြန်စည်းရုံးရတယ် ၃ လ အဲ့ဒါနဲ့ မညီရင် ဥပဒေနဲ့ညှိတာပဲလေ။ အဲဒါသိချင်လို့ လုပ်တာပါ"
မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီအားလုံး ပါတီဝင်အင်အားတွေကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ ညွန်ကြားထားတယ်လို့ ပြောပါတယ်။
သတ်မှတ်ပါတီဝင် အင်အားမပြည့်မီဘူးဆိုရင် တင်ပြပြီး ၃ လအတွင်း ပြည့်မီအောင် စည်းရုံးဆောင်ရွက်ရမှာဖြစ်ပြီး သတ်မှတ်အချိန်အထိ မပြည့်မီသေးတဲ့ ပါတီတွေကို ပါတီမှတ်ပုံတင် ဖျက်သိမ်းပြီး အရေးယူဆောင်ရွက် ရမှာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၉၄ ခုရှိပြီဖြစ်ပါတယ်။
RFA Burmese
- Get link
- X
- Other Apps
- Get link
- X
- Other Apps

Comments