Skip to main content

မြန်မာကို စစ်ဘက်နဲ့ ဆိုင်တဲ့ ပစ္စည်းရောင်းချခွင့် အစ္စရေး ပိတ်ပင်

မြန်မာကို စစ်ဘက်နဲ့ ဆိုင်တဲ့ ပစ္စည်းရောင်းချခွင့် အစ္စရေး ပိတ်ပင်

Thithtoolwin 
 
 ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိဘူးလို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အရင်လက ထုတ်ပြန်
မြန်မာနိုင်ငံကို စစ်ဖက်နဲ့ဆိုင်တဲ့ ပစ္စည်းတွေ တင်ပို့ရောင်းချ တာကို အစ္စရေးက ရပ်ဆိုင်းလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ လူအခွင့်အရေး ချိုးဖောက်မှုရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲ ခဲ့ပြီး နောက်မှာ အစ္စရေး နိုင်ငံက အခုလို ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ 

အောက်တိုဘာလ နှောင်းပိုင်းမှာတုန်း က အစ္စရေး နိုင်ငံက မြန်မာကို လက်နက် ရောင်းချတာ ကို သတင်းဌာနတွေမှာ လူသိရှင်ကြား ထွက်ပေါ် လာပြီးတဲ့နောက်မှာတော့ ဒီကိစ္စကို အစ္စရေးနိုင်ငံသားတွေက ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။ 

အစ္စရေးနဲ့ မြန်မာအကြား ပတ်သက် ဆက်နွယ်မှုဟာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိဘူးလို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အရင်လက ထုတ်ပြန်ခဲ့ပါတယ်။ 

အမြန်သွား ကင်းလှည့် ရေယာဉ်တွေနဲ့ တခြား စစ်ဖက်ဆိုင်ရာ ပစ္စည်းတချို့ကို အစ္စရေးက မြန်မာ စစ်တပ်ကို ရောင်းချတာတွေ ရှိခဲ့ပါတယ်။ 

စစ်လက်နက်တချို့ မြန်မာကို ရောင်းချပြီး အထူးတပ်ဖွဲ့တွေကို သင်တန်း ပေးနေတဲ့ ဓာတ်ပုံတွေ အစ္စရေး TAR Ideals Concept ကုမ္ပဏီရဲ့ အင်တာနက် စာမျက်နှာပေါ်မှာလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ 

နိုင်ငံတကာရဲ့ ဒဏ်ခတ်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာ့ စစ်တပ်အပေါ် ခုလို ကန့်သတ်လိုက်တာဟာ ထူးထူး ခြားခြား သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။ 

မြန်မာ စစ်တပ်အတွက် စစ်ဖက်ဆိုင်ရာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို တရုတ်၊ အိန္ဒိယ၊ ရုရှားကနေ ရရှိနေ တာလို့ စစ်ရေး လေ့လာသူတွေကဆိုပါတယ်။ 

လက်နက်ရောင်းချတာ ရပ်ဆိုင်း လိုက်တဲ့အပေါ် အစ္စရေး ကာကွယ်ရေး ဝန်ကြီး ဌာနက မှတ်ချက်ပေးဖို့ ငြင်းဆန်တဲ့ အကြောင်း အစ္စရေးတိုင်မ်း သတင်းက ဖော်ပြ ပါတယ်။ 

BBC Burmese 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...