Skip to main content

ဒူးနာခြင်းအတွက် ကိုယ်လက်ကြံ့ခိုင်ရေးကုထုံးများ၊ အယူအဆများမှားယွင်းနေသော ရှေးရိုးစွဲ အမြင် (၅) ခု

ဒူးနာခြင်းအတွက် ကိုယ်လက်ကြံ့ခိုင်ရေးကုထုံးများ၊ အယူအဆများမှားယွင်းနေသော ရှေးရိုးစွဲ အမြင် (၅) ခု





ဒူးနာခြင်းသည် နေ့စဉ် လုပ်ငန်းဆောင်တာများကို ထိခိုက်စေပါသည်။ ထိုသို့ခံစားရလျှင် ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် သင့်အတွက် အရေးပါသော ကုသမှုများထဲတွင် ပါဝင်လာပါသည်။



ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ hellosayarwon.


ဒူးနာခြင်းသည် နေ့စဉ် လုပ်ငန်းဆောင်တာများကို ထိခိုက်စေပါသည်။ ထိုသို့ခံစားရလျှင် ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် သင့်အတွက် အရေးပါသော ကုသမှုများထဲတွင် ပါဝင်လာပါသည်။

သို့သော် သင်ကြားဖူး မြင်ဖူးသော ရှေးစကားများ၊ အတွေ့အကြုံများအရ သင်သည် လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးများကို အယုံအကြည်ရှိချင်မှ ရှိပါလိမ့်မည်။ ထို့ကြောင့် အမှန်တရားကို ရှာဖွေဖော်ထုတ်ကြည့်ကြပါစို့။အများအားဖြင့် မှားယွင်းနေသော အယူအဆများမှာ အောက်ပါတို့ဖြစ်ပါသည်။

ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အလုပ်မဖြစ်ပါ။

ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အလုပ်မဖြစ်ဟု အချို့သူများက ထင်နေတတ်ကြသည်။ တခါတရံတွင် မလုပ်ဖူးသော လေ့ကျင့်ခန်းများကို လုပ်ရန် တွန့်ဆုတ်နေကြပါသည်။ အမှန်မှာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိပါသည်။

ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အများစုသော ကုသမှုများတွင် အရေးပါသော ကဏ္ဍတစ်ခုဖြစ်လာပြီး အများစုသော လူနာများတွင် အကျိုးရှိကြောင်း တွေ့ပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သံသယရှိလျှင် သင့်ဆရာဝန်အား လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်။

လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် နာကျင်မှုအနည်းငယ်ဖြစ်စေသောကြောင့် ချက်ချင်းရပ်တန့်လိုက်သင့်ပါသည်။

လေ့ကျင့်ခန်းများသည် စလုပ်ကာစတွင် အနည်းငယ် နာကျင်စေပါသည်။ ထို့ပြင် ကြွက်သားများသည် ပုံမှန်ထက် ပို အလုပ်လုပ်ရသောကြောင့် အနည်းငယ်တောင့်တင်းခြင်းများကိုလည်း ခံစားရမည်ဖြစ်ပါသည်။

ယင်းဖြစ်စဉ်သည် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်းဖြစ်တတ်ပါသည်။ ထို့ကြောင့် ထိုဝေဒနာများကို သက်သာစေမည့် နည်းလမ်းများကို သင့်ဆရာဝန် သို့မဟုတ် ကျန်းမာရေးနည်းပြများကို ကြိုမေးထားသင့်ပါသည်။ ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများကို မပြုလုပ်မီ သွေးပူလေ့ကျင့်ခန်းများပြုလုပ်ပေးခြင်း၊ အကြောများဆန့်ပေးခြင်းဖြင့် ထိုနာကျင်မှုများ သက်သာစေမည်ဖြစ်ပါသည်။

သို့သော် သင်သည် ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများကြောင့် မခံမရပ်နိုင်အောင် နာကျင်ခြင်းများဖြစ်လာလျှင် ဆရာဝန်အားပြောပြသင့်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် သင်လုပ်နေသော လှုပ်ရှားမှုများသည် သင့်အခြေအနေနှင့် မသင့်တော်သောကြောင့် ဖြစ်နိုင်ပါသည်။

ဒူးနာမကောင်းလာသောကြောင့် ကျွန်ုပ်သည် ထိုလေ့ကျင့်ခန်းများကို ဆက်မလုပ်သင့်တော့ပါ။

အရာအားလုံးသည် အသားကျရန်အတွက် အချိန်ယူရမည်ဖြစ်ပါသည်။ အထူးသဖြင့် ဆေးဝါးကုထုံးများသည် တိုးတက်မှုများရရှိရန်  အနည်းဆုံး ၆ ပတ်ခန့် အချိန်ယူရမည်ဖြစ်ပါသည်။ ထို့ကြောင့် သင်သည် ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများကို အနည်းဆုံး ၁၂ ကြိမ်မျှ ပြုလုပ်ရမည်ဖြစ်ပါသည်။

ယင်းကုထုံးများသည် သင့်နာကျင်မှုများကို ဖြေးဖြေးချင်း ပြေလျော့စေပြီး ကြွက်သားများကို ဆန့်ထုတ်စေပါသည်။ ကြာလာလျှင် ယင်းကုထုံးများသည် သင့်ကျန်းမာရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာသောကြောင့် စွဲမြဲစွာ လုပ်ဆောင်သင့်သော လေ့ကျင့်ခန်းများဖြစ်ပါသည်။

ကျန်းမာရေးကုထုံးပညာရှင်သည် နာကျင်မှုများအားလုံးကို ကုသနိုင်ပါသည်။

ကိုယ်လက်ကျန်းမာရေးကုထုံးပြုလုပ်ရာတွင် ပြုလုပ်သော အစိတ်အပိုင်းများအပေါ်မူတည်ပြီး ပညာရှင်များလည်း ကွဲပြားပါသည်။ ဥပမာ- လက်ကုထုံး၊ကျောရိုး၊ ပခုံးများ နှင့် ဒူးများကို ကုသော ကုထုံး၊ အာရုံကြောကုထုံး (လေဖြတ်ခြင်း၊ ကျောရိုးကို ထိခိုက်မိခြင်း၊ အကြောဆိုင်းရောဂါဖြစ်ခြင်း)၊ အားကစားသမားများတွင် ထိခိုက်မှုများအတွက် ကုထုံးများ၊ အမျိုးသမီးများအတွက် ကျန်းမာရေးကုထုံးများ စသဖြင့် ကုထုံးများစွာ ၇ှိပါသည်။

ကုထုံးတမျိုးစီအပေါ်မူတည်ပြီး ပြုလုပ်ရသော လှုပ်ရှားမှုများလည်း ကွာခြားပါသည်။ ထို့ကြောင့် သင်သည် ကုထုံးပညာရှင်ကို မရွေးချယ်မီ မှန်ကန်သော ရွေးချယ်မှုမျိုးဖြစ်အောင် စုံစမ်းလေ့လာသင့်ပါသည်။

ကိုယ်အလေးချိန်များခြင်းသည် ဒူးနာခြင်းနှင့် မသက်ဆိုင်ပါ။

အမှန်မှာ ကိုယ်အလေးချိန်များခြင်းသည် ဒူးနာခြင်းနှင့် တိုက်ရိုက် ဆက်နွယ်နေပါသည်။ ကိုယ်အလေးချိန်များလျှင် ဒူးတွင် ဖိအားပိုများပြီး ဒူးဆစ်များကို ထိခိုက်ဒဏ်ဖြစ်စေပါသည်။ အထူးသဖြင့် လမ်းလျှောက်စဉ် လှေခါးတက်စဉ်များတွင် ပိုပြီး ဒဏ်ဖြစ်ပါသည်။

လေ့လာချက်များအရ ကိုယ်အလေးချိန်များခြင်းသည် အရိုးများနှင့် အဆစ်များ ကျီးပေါင်းရောဂါ(အသက်ကြီးလာသောကြောင့် အရိုးအဆစ်များ ယိုယွင်းလာသည့် အဖြစ်များဆုံးရောဂါ) ဖြစ်နိုင်ချေကို ပိုများစေပါသည်။ ထို့ကြောင့် ကိုယ်အလေးချိန်ကို လျှော့ချပါ။ ယင်းသည် သင့်ဒူးကို ပိုပြီး ကျန်းမာစေပါသည်။

အရေးကြီးဆုံးအချက်မှာ ကိုယ်အလေးချိန်ကျစေသည့် လေ့ကျင့်ခန်းများကို ပြုလုပ်ပေး၇န် ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကိုယ်အလေးချိန်နှင့် သင့်တော်သည့် လေ့ကျင့်ခန်းများကို ဆရာဝန်၊ ကုထုံးပညာရှင်များနှင့် ဆွေးနွေးပါ။ ထို့ပြင် သင့်ကုထုံးများတွင် ကိုယ်အလေးချိန်ကျစေသော ကုထုံးများလည်း ထည့်သွင်းလုပ်ဆောင်ရန် လိုအပ်ပါသည်။

တခါတရံတွင် ကိုယ်လက်ကြံ့ခိုင်ရေးကုထုံးများသည် ထိရောက်မှုရှိချင်မှ ရှိပါလိမ့်မည်။ ထိုကုထုံးများ ခံယူနေစဉ်တွင် သင့်ဒူးကို ပိုပြီး နာကျင်စေကောင်း နာကျင်စေပါလိမ့်မည်။ သို့သော် ထိုသို့အမြဲမဖြစ်ပါ။ ထို့ကြောင့် သင်သည် ယခုဆောင်းပါးပါအချက်များကို သိထားခြင်းဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးကုထုံးများအကြောင်းကို ပိုသိလာမည်ဖြစ်ပြီး သင့်ခံယူချက်များလည်း ပြောင်းလဲလာမည်ဖြစ်ပါသည်။




Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...