Skip to main content

ကိုလံဘီယာတွင် မိခင်နို့တိုက်ကျွေးမှု ဓလေ့ပိုမိုထွန်းကားရေး ကလေးအမေ ရာပေါင်းများစွာ စုရုံးနို့ချိုတိုက်ကျွေး ဒေသန္တရသတင်းများ


ကိုလံဘီယာတွင် မိခင်နို့တိုက်ကျွေးမှု ဓလေ့ပိုမိုထွန်းကားရေး ကလေးအမေ ရာပေါင်းများစွာ စုရုံးနို့ချိုတိုက်ကျွေး

 
 
ထိုအတွက် မိခင်နို့တိုက်ကျွေးမှုသည် ပြောဆိုချင်စရာ ကိစ္စရပ်မဟုတ်ကြောင်း ယခုဆန္ဒပြစုရုံးမှုဖြင့် တုံ့ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဘိုဂိုတာ၊ နိုဝင်ဘာ ၄ ။         ။ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်ရှိ ပန်းခြံတွင် ရာပေါင်းများစွာသော ကလေးအမေများက စုရုံးကြကာ ၎င်းတို့၏ ရင်သွေးငယ်များကို မိခင်နို့ရည် တိုက်ကျွေးကြသည်။
ကလေးငယ်များ၏ ကျန်းမာရေး ဒေါင်ဒေါင်မြည်ရန်၊ မိခင်နို့တိုက်သည့် အကျင့် ပိုမိုထွန်းကာလာရန် ရည်ရွယ်ကာ ယခုကဲ့သို့ ကလေးမအေများက စုရုံးကြကာ နို့ချိုတိုက်ပွဲ ပြုလုပ်ခြင်းဖြစ်သည်။
မြို့တော်ဝန်ရုံးက ယခုပွဲကို လေးကြိမ်မြောက်အဖြစ် ပါဂူးဒီလို့စ်နိုဗီယိုပန်းခြံတွင် ကျင်းပခြင်းဖြစ်ကာ လာရောက်ကြသူ မိသားစုပေါင်း တစ်ထောင်နီးပါး ရှိသည်။
ထိုသို့သော မိခင်နို့ချို စုရုံးတိုက်ကျွေးမှုကို ပြီးခဲ့သည့် နှစ်များအတွင်း လက်တင်အမေရိကနှင့် ကမ္ဘာ့နေရာဒေသအချို့တွင် ပြုလုပ်ခဲ့ကြပြီး အချို့သော ပွဲများမှာ အများပြည်သူနေရာများတွင် ကလေးနို့တိုက်ခြင်းများကို တားမြစ်ပြောဆိုမှုများအား တုံ့ပြန်သည့်အနေဖြင့် ကျင်းပခဲ့ခြင်းများလည်း ရှိသည်။
“ဒါက မိခင်နို့ရည်ဟာ အာဟာရ ကြွယ်ဝတာကြောင့် ကလေးတွေကို မိခင်တွေက နို့တိုက်ဖို့ အရေးကြီးကြောင်း သတင်းပါးတာအပြင် လူမှုအသိုင်းအဝန်းမှာ ခွဲခြားဆက်ဆံမှု မရှိအောင်၊ နို့ချိုတိုက်တာဟာ မိခင်နဲ့ ကလေးရဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တယ်ဆိုတာ နားလည်အောင်အတွက်ပါ။”ဟု ဘိုဂိုတာ လူမှုသဟဇာတဖြစ်ရေး ဝန်ကြီး မာရီယာကွန်ဆယ်လိုက ပြောသည်။
အဆိုပါ ပွဲတွင် ရောက်ရှိသူ အသက် ၃၂ နှစ်ရှိ ကလေးသုံးယောက် မိခင် ယူရီကော်ရီဒေါက သူ့၏ ခုနစ်လသားကို နို့ချို တိုက်ကျွေးရာမှ ပြောသည်မှာ “ဒီနေ့ဒီအချိန်မှာ ခေတ်က ပြောင်းလာတယ်။ လမ်းပေါ်မှာ ကလေးနို့တိုက်တာထက် လူမှုမီဒီယာမှာ ရင်သားတွေ ဖော်ပြတာက လူပြောသူပြော ခံရတာ ပိုနည်းလာတယ်။”ဟု ပြောသည်။
ထိုအတွက် မိခင်နို့တိုက်ကျွေးမှုသည် ပြောဆိုချင်စရာ ကိစ္စရပ်မဟုတ်ကြောင်း ယခုဆန္ဒပြစုရုံးမှုဖြင့် တုံ့ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။



Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...