Skip to main content

သားဖြစ်သူမှာ ဘောလုံးကစားရသည်ကို ခုံမင်ရူးသွပ်လွန်းသည့်အတွက် ညစာစားရန် ခက်ခက်ခဲခဲ လိုက်ရှာရတတ်ကြောင်း စီရော်နယ်ဒို အသိပေး

သားဖြစ်သူမှာ ဘောလုံးကစားရသည်ကို ခုံမင်ရူးသွပ်လွန်းသည့်အတွက် ညစာစားရန် ခက်ခက်ခဲခဲ လိုက်ရှာရတတ်ကြောင်း စီရော်နယ်ဒို အသိပေး



ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်း၏အသက်ခုနစ်နှစ်အရွယ် သားကြီးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာမှာ ၎င်းကဲ့သို့ပင် ဘောလုံးကစားရသည်ကို အရူးအမူး ခုံမင်သူဖြစ်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး ၎င်း၏သားဖြစ်သူမှာ တစ်ချိန်လုံးနီးပါး ဘောလုံးကစားနေတတ်သည့်အတွက် တစ်ခါတစ်ရံ၌ ညစာစားရန်ကိုပင် ခက်ခက်ခဲခဲ လိုက်ရှာရတတ်လေ့ရှိကြောင်း စီရော်နယ်ဒိုက ဆက်လက်ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မက်ဒရစ်၊ နိုဝင်ဘာ ၉

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်း၏အသက်ခုနစ်နှစ်အရွယ် သားကြီးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာမှာ ၎င်းကဲ့သို့ပင် ဘောလုံးကစားရသည်ကို အရူးအမူး ခုံမင်သူဖြစ်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး ၎င်း၏သားဖြစ်သူမှာ တစ်ချိန်လုံးနီးပါး ဘောလုံးကစားနေတတ်သည့်အတွက် တစ်ခါတစ်ရံ၌ ညစာစားရန်ကိုပင် ခက်ခက်ခဲခဲ လိုက်ရှာရတတ်လေ့ရှိကြောင်း စီရော်နယ်ဒိုက ဆက်လက်ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ၎င်း၏သားဖြစ်သူ၌ သွေးသားဗီဇ၌ပင် ဘောလုံးကို ရူးသွပ်သည့် ပါရမီမျိုး ပါရှိလာခဲ့ခြင်းဖြစ်လိမ့်မည်ဟု မှတ်ချက်ပေးထားသေးကာ လူကြီးသူမများနှင့် ဆက်ဆံရာတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိခြင်းကလည်း သားဖြစ်သူ၏ထူးချွန်ထက်မြက်သည့် အကျင့်ကောင်းတစ်ခုဖြစ်ကြောင်း စီရော်နယ်ဒိုက ဆက်လက် အသိပေးသွားခဲ့သေးသည်။

စီရော်နယ်ဒိုသည် ၎င်း၏သားဖြစ်သူထံ၌ ရင်းနှီးဖော်ရွေတတ်မှု၊ သူတစ်ပါးကို လေးစားတတ်မှုနှင့် ပွင့်လင်းရိုးသားစွာ ထုတ်ဖော်ဆက်ဆံတတ်လေ့ရှိမှု စသည့် ကိုယ်ရည်ကိုယ်သွေးများ ရှိသေးကြောင်းလည်း အမွှမ်းတင်သွားခဲ့သေးကာ ယင်းအချက်များကြောင့်ပင်လျှင် ဖခင်တစ်ဦးဖြစ်သော ၎င်းကို ဂုဏ်တက်စေကြောင်း စီရော်နယ်ဒိုက မှတ်ချက်ပေးသွားခဲ့သည်။

စီရော်နယ်ဒိုသည် ခရစ္စတီယာနိုဂျူနီယာ ဘောလုံးကစားသည့် ဗီဒီယိုဖိုင်များကို ၎င်း၏အင်စထရာဂရမ် လူမှုကွန်ရက်စာမျက်နှာတွင် မကြာခဏ လွှင့်တင်ဖော်ပြပေးလေ့ရှိပြီး လွန်ခဲ့သည့်သီတင်းပတ်၌ နေအိမ်ရှိ ဥယျာဉ်အတွင်းတွင် မန်ယူအသင်းဖော်ဟောင်း ဖာဒီနန်၊ ၎င်းနှင့် သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာတို့ အတူတကွ ဘောလုံးကစားဖြစ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို စီရော်နယ်ဒိုက လွှင့်တင်ပေးခဲ့သေးသည်။

စီရော်နယ်ဒိုနှင့် ၎င်း၏မိသားစုဝင်များသည် ခရစ္စတီယာနိုဂျူနီယာ၏မိခင် မည်သူမည်ဝါဖြစ်သည်ဆိုခြင်းကို ယခုအချိန်တိုင်သည်အထိ လျှို့ဝှက်ထားဆဲဖြစ်ပြီး စီရော်နယ်နယ်ဒိုတို့၏နေအိမ်တွင် အိမ်အကူအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့သော အမျိုးသမီးတစ်ဦးကမူ စီရော်နယ်ဒိုမှာ ခရစ္စတီယာနိုဂျူနီယာကို မက္ကဆီကိုအမျိုးသမီးနှစ်ဦး၏အကူအညီဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအမျိုးသမီးနှစ်ဦးအနက် တစ်ဦးက မျိုးဥအလှူပေး၍ တစ်ဦးက အငှားကိုယ်ဝန်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

စီရော်နယ်ဒိုသည် လွန်ခဲ့သည့်ဇွန်လ၌ အငှားကိုယ်ဝန်ဆောင်ခြင်းနည်းလမ်းကို အသုံးပြု၍ အမြွှာရင်သွေးနှစ်ဦး ထပ်မံရယူခဲ့သေးကာ လာမည့်သီတင်းပတ်အနည်းငယ်အတွင်း၌ ၎င်း၏အတူနေချစ်သူ ဂျီအော်ဂျီနာက စီရော်နယ်ဒိုအတွက် ဓမ္မတာနည်းလမ်းဖြင့် သမီးငယ်လေးတစ်ဦး ထပ်မံမွေးဖွားပေးတော့မည်လည်းဖြစ်သည်။

Comments

Popular posts from this blog

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)

ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်) အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။  အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။  အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။  “အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟ...