ပျိုမေ တို့တစ်ဖတ်သက်ကြိတ်ကြွေနေတဲ့သူကို ဘယ်လိုမေ့ပစ်မလဲ
# Zawgyi Version ဖြင့် ဖတ်ပါ #
ပျိုမေတို့မှာ ခုလက်ရှိဖြစ်ဖြစ် ဟိုး…… အရင်ကဖြစ်ဖြစ် ယောင်းတို့ဘက်ကကြိတ်ကြွေရတဲ့သူ တစ်ယောက်လောက်တော့ အနည်းဆုံးရှိတယ်ဟုတ်။ (မရှိရင်လည်း မရှိဘူးပေါ့နော်။ :P) ယောင်းတို့နဲ့ရှေးရေစက်မပါ တဲ့အခါ ကိုယ့်အတွက်မဟုတ်ဘဲ တခြားလူအတွက်ဖြစ်သွားတဲ့အခါမျိုး ရှိဖူးမှာပါ။ အဲဒီအခါကျ ရင်ကွဲပက်လက်တော့ ဖြစ်မိမှာပဲ။ အဲဒီအခါ ကိုယ်နဲ့ရေစက်မပါတဲ့သူကို အမြန်ဆုံး မေ့ပစ်ဖို့ Rin လက်တွေ့စမ်းသပ်ထားတဲ့နည်းလမ်းတွေကို ကြည့်ရအောင်။
စည်းမျဉ်း (၁)
crushရဲ့ အပြစ်အနာအဆာ တွေကို မြင်အောင်ကြည့်ကြစို့။ ဒီအဆင့်ကို တစ်နည်းပြောရရင် လုပ်ကြံဖန်တီးအဆင့်လို့လည်း ခေါ်တယ်။ မီးရဲ့ crushလေးက ပြစ်မျိုးမှည့်မထင်လေးပါရှင်ဆိုတဲ့ ယောင်းတို့အတွက်ပေါ့။ ဥပမာ ပြောရရင် fashion၊ သူ့မှာကိုယ်ကြိုက်တဲ့ styleတစ်ခု လိုအပ်နေတဲ့အခါ…အမလေး…..သူ့ဝတ်ပုံစားပုံကြီးကလည်း ဂွမ်းလိုက်တာဟယ်ပေါ့။ ကိုယ်ကတိရစ္ဆာန်လေးတွေ ချစ်တတ်တယ် သူက မချစ်တတ်ဘူး ။အဲ့အခါကျရင်လည်း ဒီလိုအကြင်အနာတရားမရှိတဲ့လူကြီးကို ငါဘာလို့များ ကြိုက်မိသလဲပေါ့။ လိုအပ်ချက်သေးသေးလေးတွေကို အကြီးကြီး ချဲ့ပစ်ရမယ် ယောင်းတို့ရေ ဒါမှ အချိန်တွေကြာလာတာနဲ့အတူ သူ့အပေါ်အထင်ကြီးစိတ်လည်း လျော့လာမယ်။
စည်းမျဉ်း (၂)
သူနဲ့ မတွေ့အောင် ရှောင်ရမယ်။ အနေဝေးလေ သွေးအေးလေဆိုတဲ့ စကားကြာဖူးတယ်ဟုတ်။ Facebookတို့ instagramတို့မှာလည်း unfollowပါ။ (Unfollowထားပြီး တစ်နေ့ အခါနှစ်ဆယ်လောက်လည်း သူ့timelineကို ဝင်မကြည့်နဲ့ဦးနော်) သူနဲ့တစ်ကျောင်းတည်းအတူတူဆိုရင်လည်း ယောင်လို့ တောင်မှ သူ့ အခန်းရှေ့က ဖြတ်မလျှောက်မိလေနဲ့ ယောင်းတို့ ။ လူ့စိတ်က ပြောနိုင်တာမဟုတ်ဘူးရယ်။ ချစ်စိတ်တွေ ပြန်ဝင်လာမှဖြင့် ကြိုးစားထားသမျှ အလကားဖြစ်ရချည်ရဲ့။ အတတ်နိုင်ဆုံး သူ့ကို မမြင်မိအောင် နေပါ။ ကုန်ကုန်ပြောမယ်ကွာ ကိုယ်နဲ့ တစ်ခန်းထဲဖြစ်နေတယ်ဆိုရင်တောင်… သူရှိတဲ့ ဘက်ကို လှည့်မကြည့်မိပါစေနဲ့။ သူနဲ့ အဝေးဆုံး နေရာမှာ ပြောင်းထိုင်ပါ။ သူနဲ့ပတ်သက်တဲ့ အကြောင်းတွေဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ နားမထောင်ပါနဲ့ မသိချင်ပါနဲ့။ သူ့အကြောင်းလာပြောတဲ့ သူငယ်ချင်းဆို အခန်းပြတင်းပေါက်ကနေသာ ပစ်ချလိုက်ပါ။ ရက်စက်တက်ရမယ်နော် ယောင်းတို့။
စည်းမျဉ်း (၃)
နောက်တစ်ယောက်နဲ့ အစားထိုးပါ။ ဒီနည်းလမ်းကတော့ အလုပ်အဖြစ်ဆုံးနဲ့အမြန်ဆုံးနည်းပေါ့ ယောင်းယောင်းတို့ရေ…သူ့ကို မေ့ဖို့ကြိုးစားနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်အပြောင်းအလဲ လုပ်ပေးရမယ်။ ဒီတော့သူ့ထက်သာတဲ့ တစ်ယောက်ကို အစားထိုးရမယ်။ သူနဲ့လုံးဝမတူတဲ့ ဆန့်ကျင်ဘက် တစ်ယောက်ကို အစားထိုးပါ။ ဥပမာကွာ သူက ရှက်တက်တဲ့ကောင်လေးဆို…. ယောင်းတို့က သူနဲ့မတူတဲ့ ခပ်သွက်သွက် ကောင်လေးကိုအစားထိုးပါ။ သူ့ကို မေ့ပစ်နေပါတယ်ဆိုမှ သူနဲ့ တူတဲ့ ကောင်လေးကို ရွေးလို့မရဘူးလေနော်။
ဒီနေရာမှာမေးစရာရှိတာက ဒုတိယ တစ်ယောက်ကိုပါ ခရက်ရှ် သွားရင် ဘယ်လို လုပ်မလဲပေါ့။ ရက်စက်တယ်လို့ ဆိုမလား Rin ကတော့ ဒုတိယကိုမေ့ဖို့က ပထမလောက်မခက်ဘူးလို့ ထင်တယ်…လက်ခံတယ်ဟုတ်?(ခွက်ရှ်တာ ဝါရင့်သွားပြီဆိုတော့ :P) ဒီတော့ ယောင်းယောင်းတို့ရေ အန္တရာယ်ကင်းချင်တယ် ဆိုရင်တော့ ကွီးယားမင်းသားတို့ ဟောလိဝုဒ်က Captain America တို့ကိုသာ crushတာ အကောင်းဆုံးပါပဲ။
စည်းမျဉ်း (၄)
စိတ်ကြီးဝင်ပါ။ ကိုယ်က သူ့ထက်သာတဲ့သူနဲ့သာ ထိုက်တန်တယ်လို့တွေးပါ။ သူက ယောင်းကို မမြင်တာဟာ သူ့မှာ ကြည့်တတ်တဲ့ မျက်လုံး မရှိလို့ပါ… ယောင်းမှာ ချို့ယွင်းချက်ရှိလို့ မဟုတ်ပါဘူး။ အဲ့လို မမြင်တတ်တဲ့သူကိုလည်း ဆက်တွယ်တာစရာ အကြောင်းမှ မရှိတာလေ။
ခွက်ရှ်ပြန်မကြိုက်လို့ သူ့အချစ်ကို မရလို့ဆိုပြီး စိတ်ဆင်းရဲစရာ မလိုပါဘူး။ သူ့အကြိုက်လည်း အတင်းလိုက်ပြီးယောင်းတို့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲစရာမလိုပါဘူး ။ ဟိုအရာဒီအရာတွေ ပြောင်းလဲမှ ချစ်နိုင်တယ်ဆိုတဲ့သူက လူကောင်းမဟုတ်ဘူး။ ကိုယ့်ဘဝကို လမ်းပြနိုင်တဲ့သူလည်း ဖြစ်လာမှာမဟုတ်ဘူး… ချုပ်ကိုင်တဲ့သူသာဖြစ်လာမှာပါ။
Rinရဲ့ နည်းလမ်းတွေဖတ် ပြီး ယောင်းယောင်းတို့ ပျော်ရမယ် အသုံးတည့်မယ်ဆို Rin အပင်ပန်းခံရကျိုးနပ်ပါတယ်ရှင့်။ တကယ်တော့ ယောင်းတို့ရယ် မဖြစ်နိုင်တဲ့ သူကို တမ်းတနေမယ့် အစား သူလည်း သူ့ဘဝနဲ့သူ ကိုယ်လည်း ကိုယ့်ဘဝ နဲ့ ကိုယ်လို့သာ စိတ်ထဲမှာ အမြဲတမ်းထားပါ။ မဖြစ်နိုင်တဲ့ သူတွေအပေါ်တွေးပြီး တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းနဲ့တော့နော်။
ကိုယ့်ကိုယ်ကိုယ် ပိုချစ်နိုင်ကြပါစေ<3
Stay pretty
Credit: Rin (For Her Myanmar)

- Get link
- X
- Other Apps
- Get link
- X
- Other Apps

Comments