Skip to main content

ညကြီးမင်းကြီး ဗိုက်ဆာတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲ

ညကြီးမင်းကြီး ဗိုက်ဆာတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲ
# Zawgyi Version ဖြင့် ဖတ်ပါ # 

ညဉ့်နက်မှ အိပ်တတ်တဲ့ ယောင်းတို့ဆိုရင် ည ၁ဝ နာရီ ၁၁ နာရီလောက်မှာ ဗိုက်က ပုံမှန် alarm ပေးထားတဲ့အတိုင်း တကျုပ်ကျုပ် မြည်တာ ကြုံဖူးမှာပါ။ အဲ့အချိန်ကျမှ ဟိုလှန် ဒီလှောနဲ့ ဘာစားရမှန်းမသိ လုပ်စရာအလုပ်ကို ပစ်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်တွေကုန်။  ညဘက်စားရင် ဝိတ်တက်မှာစိုးလို့ မစားဘူးဟဲ့ဆိုပြီး တင်းခံနေပေမယ့် ဗိုက်က ဆန္ဒတွေပြနေတော့ အလုပ်လည်း ဆက်လုပ်လို့မရ ဗိုက်ကအော်နေတော့ အိပ်လို့လည်းမပျော်..။ နောက်ဆုံးကျ တွေ့ရာစားပြီး အိပ်ပစ်လိုက်ရတဲ့ဘဝ….။ တစ်ညလောက် အဲ့လို စားလိုက်မိလို့ကတော့ နောက်နေ့တွေကျ အကျင့်ကိုပါလို့..။ ခံစားဖူးသူများ သိပါလိမ့်မည်။ 

အဲ့လို တွေ့ကရာ လျှောက်စားပြီး အိပ်လိုက်ရတဲ့အတွက် ဝိတ်တက်စေတဲ့ ဆိုးကျိုးအပြင် ကောင်းကောင်းမွန်မွန် မအိပ်စက်ရတာ… နောက်နေ့မနက်ထရင် ညမှာစားထားတဲ့အတွက် ပြည့်ပြီး မနက်စာ မစားနိုင်ဘဲ အစားအသောက်တွေ ပုံမှန်မဟုတ်တော့ ကျန်းမာရေးတွေပါ ချို့တဲ့..ဆီးချိုသမားတွေဆို ပိုဒုက္ခရောက်ပါတယ်တဲ့လေ။ 

ဒီတော့ကား…ဒီအကျင့်ကို ဘယ်လိုဖျောက်မလဲ…နည်းလမ်းလေးတွေ ညွှန်ပါမယ်။ 

(၁) စောစောစီးစီး သွားတိုက်ထားပါ။ 

ဒါက ရေတိုအတွက် လုပ်လို့ရတဲ့နည်းလမ်းပါ။ တစ်ခါတလေကျ ဗိုက်ဆာတယ်ဆိုတာ ပါးစပ်ထဲက စားထားပြီးသား စားကြွင်းစားကျန်တွေရဲ့ အရသာကြောင့် လျှာရဲ့ တောင်းဆိုမှုလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညစာစားပြီးတာနဲ့ သွားတိုက်ပစ်လိုက်ပါ။ နောက်ပြီး အက်ဒမင်ဆို..သွားထပ်တိုက်ရမှာ ပျင်းလို့ မစားတော့ပါဘူးလေဆိုပြီး မစားဖြစ်တော့တာမျိုးလည်း ရှိပါတယ်။ 

(၂) အသင့်စားမုန့်တွေ အိမ်မှာ မထားပါနဲ့။ 

ပေါက်တတ်ကရမုန့်လေးတွေ စားတတ်တဲ့ယောင်းတို့…စားချင်ရင် အပြင်မှာတင်စားပြီး အိမ်မသယ်လာမိပါစေနဲ့။ ကိုယ့်ဆီမှာ မုန့်ရှိနေတဲ့အတွေးက ဆာလောင်မှုကို ဖြစ်ပေါ်စေသလို… အိမ်မှာရှိနေတော့ စားဖြစ်သွားတယ်လေ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဆိုတော့ ပိုပြီး ဝိတ်တက်စေတာပေါ့။ 

(၃) စားပါ။ 

ညဉ့်နက်ဘက်စားတိုင်း ဝတာတော့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့ အစာက ပြဿနာ ဖြစ်စေတာပါ။ အဆီမပါတဲ့…ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာမျိုးဆိုရင် ညဉ့်နက်ဘက် စားလည်း ကိစ္စမရှိပါဘူး။ ဥပမာ- ပူပူနွေးနွေး နွားနို့တစ်ခွက်ကလည်း ဗိုက်ပြည့်စေတဲ့အပြင် ကောင်းကောင်းလည်း အိပ်ပျော်စေတယ်လေ။ 

(၄) ပြည့်ပြည့်ဝဝ ပုံမှန်စားပါ။ 

အစားအသောက်ကို ပုံမှန်မစားတဲ့အတွက်ကြောင့် ညကြီး အချိန်မတော် ဆာတတ်တာပါ။ ဒါက အက်ဒမင်လက်တွေ့ပါ။ အလုပ်ထဲနစ်ပြီး နေ့လည်စာတွေကျော် ညကျတော့မှ ဟက်တက်စွဲသောအခါ…. ဒိုးခတွေ ရောက်ကုန်တာပေါ့နော်။ ပုံမှန် မနက်စာဆိုလည်း ပြည့်ပြည့်ဝဝ နေ့လည်စာ ညစာ ပုံမှန် ပြန်စားတဲ့အခါ အစာအိမ်လည်းပုံမှန် လည်ပတ်နေတော့ ညဥ့်နက်ကျ မစားဖြစ်တော့ဘူး။ 

(၅) စောစောအိပ်ပါ။ 

သြော်..အက်ဒမင် ပြောမှလားလို့ မပြောပါနဲ့..။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...