Skip to main content

စစ်အုပ်ချုပ်ရေးကြေညာပေးဖို့ ဒိုင်းနက်ပါတီ တောင်းဆို

စစ်အုပ်ချုပ်ရေးကြေညာပေးဖို့ ဒိုင်းနက်ပါတီ တောင်းဆို

 
 

မောင်တောဒေသမှာ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေရှိနေသေးတာကြောင့် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာပေးဖို့ တောင်းဆိုကြောင်း ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီက အောက်တိုဘာလ ၂၉ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ 

မောင်တောဒေသကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ပူးပေါင်းပြီး စစ်အုပ်ချုပ်ရေးကြေညာပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဦးအောင်ကျော်ဇော ကပြောပါတယ်။ 

"ကျနော်တို့ ဒီဘူးသီးတောင်၊ မောင်တောမှာက တပ်မတော်မရှိရင် နယ်မြေလုံခြုံမှုမရှိဘူးလို့ ယုံကြည်နေ တာကိုး။ စစ်အုပ်ချုပ်ရေးလုပ်ပါဆို တပ်မတော်က တခါတည်းသီးသန့်လုပ်နေတာမှ မဟုတ်တာ သူရဲ့အပေါ်ကလည်း လွှတ်တော်၊ အစိုးရရှိနေတာကိုး။ တစ်နိုင်ငံလုံးကို လွှမ်းခြုံပြောနေတာမှ မဟုတ်တာ မြန်မာတစ်နိုင်ငံလုံးရဲ့ တစ်စိတ်တစ်ဝှမ်းဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် အဲ့ဒါကို ကျတော့ လုပ်ရင်ကောင်းမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်" 

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ပြီးနောက် အစိုးရက နယ်မြေ ရှင်းလင်းရေးတွေဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ ၅ ရက်နေ့မှာ နယ်မြေလုံခြုံအေးချမ်းတဲ့အနေအထားရှိပြီ ဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေကို နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ 

အဲဒီနောက် မောင်တောမြို့နယ်အတွင်းက အောင်သပြေကျေးရွာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က အကြမ်းဖက်မှုထပ်မံဖြစ်ပွားခဲ့ပြီး ဒိုင်းနက်လူမျိုး ၂ ဦးသေဆုံးပြီး ၂ ဦးဆေးဝါးကုသမှုခံယူခဲ့ရတယ်လို့ ဦးအောင်ကျော်ဇော ကပြောပါတယ်။ 

မောင်တောဒေသအတွင်းမှာ ဒိုင်းနက်တိုင်းရင်းသားအရေအတွက် ၃ သောင်းနီးပါးလောက်ရှိပြီး သြဂုတ်လ ၂၅ ရက်နေ့နဲ့ အဲဒီနောက်ပိုင်းဖြစ်ပွားတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် သေဆုံးသူ စုစုပေါင်း ၈ ဦးရှိခဲ့ကြောင်းနဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ဒိုင်းနက်လူမျိုးစုဝင်တွေ တဖြည်းဖြည်းပျောက်ကွယ်မှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဦးအောင်ကျော်ဇော ကပြောပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...