Skip to main content

မိသားစုထဲမှာအကြီးဆုံးသားသမီးများသာ သိတဲ့အချက်(၇)ချက်


# Zawgyi Version ဖြင့် ဖတ်ပါ # 

မိသားစု ဦးရေများတဲ့သူတွေကြားမှာ အသက်ကြီးဆုံး သားသမီးဖြစ်ရတာကို ဂုဏ်ယူတဲ့သူရှိ

သလို၊ တစ်ခါတလေ မပြေလည်တဲ့မိသားစုကြားမှာ ဖိအားတွေအများကြီးနဲ့ ထွက်ပြေးချင်စိတ် 
ပေါက်တဲ့အထိလည်း ဖြစ်တတ်ပါတယ်။ မြန်မာစကားပုံလည်း ရှိနေတာပဲ။ အစ်ကိုကြီး အဖအရာ၊ 
အစ်မကြီးတော့ အမိအရာ-ဆိုသလို မိသားစုတာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ဖို့ အလား 
အလာအရှိဆုံးကလည်း သားကြီးသမီးကြီး အခေါ်ခံထိုက်သူတွေပဲ ဖြစ်ပါတယ်။ အောက်မှာတော့ 
အကြီးဆုံးသားသမီးတွေသာ ခံစားရလေ့ရှိတဲ့ အချက် (၇)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။…… 


1. အမြဲတမ်း စံပြပုဂ္ဂိုလ်ဖြစ်ဖို့ကြိုးစားရတယ်။

ငယ်ရွယ်တဲ့ ညီ/ညီမတွေကြားမှာ သင်ဟာ သူတို့ အနီးစပ်ဆုံး အတုယူရမယ့် စံပြပုဂ္ဂိုလ်ဖြစ်ဖို့ 
ကြိုးစားရပါတယ်။ သင့်မိဘတွေကလည်း အငယ်တွေကို ဆုံးမတဲ့အခါတိုင်း “အကြီးကောင်တုန်း 
က ဘယ်လို ဖြစ်တယ် … အကြီးမတုန်းက ဘယ်လို လုပ်ခဲ့တာ ” စသည်ဖြင့် ဥပမာပေးပြီး ဆုံးမကြ 
ပါလိ့မ်မယ်။ 

2. ဘာအတွက်ပဲဖြစ်ဖြစ် သင်ပဲ အပြစ်ဆိုခံရမယ်။ 

ဒါကတော့ သင်ကိုယ်တိုင်က အကြီးဖြစ်နေတော့ သင် မမှားတောင် ကျန် ညီညီမတွေရဲ့ အမှားတွေ 
ဟာ သင့်ခေါင်းပေါ်မှာပဲ ရှိနေပါလိမ့်မယ်။ ဒါဘာကြောင့်လဲဆိုတော့ သင်က အကြီးဖြစ်နေလို့ပါဘဲ။ 
သင်က အကြီးဖြစ်ပြီး ပြောဖို့ပျက်ကွက်တယ်၊ သင်က သင်စရာရှိတာ သင်မပေးလို့ သူတို့တစ်တွေ 
ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပေါ့။ 

3. အရှုံးပေးရမယ်။ 

ဒါကတော့ မိဘတွေက အငယ်လေးတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်တဲ့သဘောနဲ့ သင်နဲ့သင့် ညီငယ် 
ညီမငယ်တွေ ကစားတဲ့အခါမျိုးမှာ သင့်ကို တမင်အရှုံးပေးခိုင်းတာပဲဖြစ်ဖြစ်၊ သင်ကိုယ်တိုင်က 
ညှာတာတဲ့သဘောနဲ့ တမင်အရှုံးပေးတာပဲဖြစ်ဖြစ် သင် လုပ်ရမှာဖြစ်ပါတယ်။ တစ်ခါတလေ 
လက်ဆောင်ဝေတဲ့အခါမျိုးမှာ သင်ဟာ နောက်ဆုံးမှ ယူရတဲ့သူဖြစ်ချင် ဖြစ်ပါ့လိမ့်မယ်။……. 

4. လစာမရတဲ့ကလေးထိန်း 

သင်ဟာ လစာမရတဲ့ ကလေးထိန်းသမားပါ။ သင့်ရဲ့အောက်က ညီတွေ ညီမတွေဟာ အမေ နို့ချို 
တိုက်ကျွေးရုံ၊ အဖေ ရုံးကအပြန် ပွေ့ဖက်ရုံကလွဲရင် သင်အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းရမှာ 
သေချာပါတယ်။ ဒါကြောင့်လည်း မိသားစုထဲမှာ အကြီးဆုံးသားသမီးတွေဟာ သူ့အောက်က 
ညီငယ်ညီမငယ်တွေအပေါ်မှာ အဖေအမေ-သြဇာသက်ရောက်သလို သက်ရောက်နိုင်တာမ 
ဟုတ်လား။ 

5. ကိုယ့်ကိုယ်ကိုယ်ပဲအားကိုးရမယ်။ 

မိဘတွေက တစ်ခြားသားသမီးတွေအတွက် ပြင်ဆင်ပေးချိန်မှာ သင်ဟာ သင့်ကိုသင် အားကိုး 
နေရပါပြီ။ ဘာကြောင့်ဆို မိဘတွေက သင့်ကို အချိန်ပေးဖို့ မအားလပ်လို့ပါ။ ဒီလို ကိုယ့်ကိုယ်ကို အားကိုးစိတ်ကြောင့်သင်ပင်လျှင် သင်ဟာ မိသားစုကို ဦးဆောင်စေနိုင်တဲ့ သတ္တိတွေပေးတာပါ။ 

6. စွန့်လွှတ်စရာရှိရင် အများကြီးစွန့်လွှတ်ရမယ်။ 

ဒါကတော့ ရှင်းပါတယ်။ အငယ်တွေကို ဦးစားပေးနေရတာနဲ့ သင့်ကို ဘယ်သူကမှ အတင်းအကြပ် 
မစွန့်လွှတ်ခိုင်းလည်း သင်ကိုယ်တိုင်က လိုလိုချင်ချင်ပဲ စွန့်လွှတ်စရာရှိတာကို စွန့်လွှတ်မှာပါ။……. 

7. မိဘအားအကိုးဆုံး 

ဘဝမှာဘာပဲ ဖြစ်ချင်ဖြစ်ချင် မိဘရဲ့မျက်နှာကို ထောက်ရပါတယ်။ မိဘက သင့်ကိုအားကိုးမှာဖြစ်ပြီး 
ညီငယ်၊ညီမငယ်တွေရဲ့ အနာဂတ်ကလည်း သင့်ခေါင်းပေါ်ရောက်နေတတ်ပါတယ်။ 

ဖိုးသူတော်

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...