Skip to main content

မြန်မာအိမ်အကူ သေဆုံးမှု စစ်ဆေး

မြန်မာအိမ်အကူ သေဆုံးမှု စစ်ဆေး
ကိုယ်ကိုယ်ကို သေကြောင်းကြံစည်မှုနဲ့ အမှုပိတ်သိမ်းထားတဲ့ မြန်မာနိုင်ငံသား အိမ်အကူမိန်းကလေးအလုပ်လုပ်တဲ့ နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က မနေ့က သွားရောက်စစ်ဆေးတဲ့ အခါမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ပုံစံမျိုး မတွေ့ရဘူးလို့ စစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။ 

သေနတ်မှန်တဲ့ နေရာတွေ၊ အနေထားတွေကို လိုက်ကြည့်တဲ့အခါမှာ သေဆုံးသူ နော်ညိုအေးဟာ သူ့ကိုယ်သူ သေကြောင်းကြံတာမျိုးမဖြစ်နိုင်တဲ့အကြောင်း စစ်ဆေးရာမှာပါဝင်တဲ့ ထိုင်းရဲမှူးတစ်ယောက်က မှတ်ချက်ပေးတယ် လို့ ကိုရဲမင်း က ပြောပါတယ်။ 

"သူဌေးအိမ်ကိုလိုက်ပို့တဲ့ ရဲမှူးကို ကျနော်ကိုယ်တိုင်မေးတယ် မနေ့က ။ ရဲမှူးခင်ဗျ ဒါကိုယ့်ဘာသာကိုယ် သတ်သေတာလား ၊ သူများသတ်တာလား။ ဟာ မဟုတ်ဘူး မဟုတ်ဘူးတဲ့၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် လို့ ပြောလို့မရဘူးတဲ့၊ အဲ့ဒါဆိုရင် လွန်ခဲ့တဲ့ ၃ လ လောက်က သေသေချင်း အမှုတွဲဖိုင်မှာထွက်တဲ့ ထိုင်းသတင်းတွေမှာထွက်တဲ့ မိမိကိုယ် မိမိ သတ်သေသွားတဲ့ မြန်မာအိမ်ဖော်မိန်းကလေး အသက် ၁၇ နှစ် ဆိုပြီး ဒီရဲမှူးတို့ရဲ့ မှုခင်းတွဲတွေထဲ အမှုတွဲတွေထဲမှာ မိမိကိုယ်မိမိ သတ်သေသွားတယ်ဆိုတဲ့ အမှုစစ်ချက် ဆိုပြီး ရေးထားပြီးတော့ အခုမှ မဟုတ်ဘူးလို့ ဘာလို့ပြောတာလဲဆိုတော့ အဲ့ဒါအခု အခြေအနေပြောင်းသွား ပြီ။ အဲ့တုန်းက သေချာမစစ်လိုက်ရလို့တဲ့။ အခု သေချာစစ်ကြည့်တော့ အဲ့လိုပြောလို့မရတော့ဘူးတဲ့။ အဲ့ဒါဆို သူများသတ်တာလား။ အဲ့ဒါလည်းပြောလို့မရဘူးတဲ့ ။ ကျနော်တို့ အဆင့်ဆင့်စစ်ချက်တွေ ယူရဦးမယ်ဆိုပြီး ထိုင်းရဲက စကားတွေ ပြောင်းကုန်ပြီပေါ့နော်" 

အဲဒီအိမ်ကို သွားရောက်စစ်ဆေးတဲ့အခါမှာ အိမ်ရှင်အမျိုးသမီးနဲ့ သမီးဖြစ်သူကို မတွေ့ရဘဲ အိမ်ရှင်အမျိုးသားကို သာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ 

သေဆုံးသွားတဲ့ အိမ်အကူ နော်ညိုအေးက အိမ်ရှင်သိမ်းထားတဲ့ သေနတ်ကို ခိုးပြီး သေကြောင်းကြံတာလို့ အိမ်ရှင်အမျိုးသားက ထွက်ဆိုကြောင်း ကိုရဲမင်းက ပြောပါတယ်။ 

အဲဒီအမှုကို နယ်မြေခံရဲတပ်ဖွဲ့ကို တာဝန်မပေးဘဲ ထိုင်းနိုင်ငံ အမျိုးသားမှုခင်းတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ CSD က ဒီလကစပြီး ပြန်စစ်ဆေးနေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ်လက ထိုင်းနိုင်ငံ လပ်ဘူရီမြို့က ထိုင်းနိုင်ငံသားတစ်ယောက်အိမ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အိမ်အကူ အမျိုးသမီး နော်ညိုအေး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုဟာ ကိုယ်ကိုကိုယ် သေကြောင်း ကြံစည်မှုလို့ ထိုင်းနယ်မြေခံရဲတပ်ဖွဲ့က သတ်မှတ်ပြီး အမှုကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ နော်ညိုအေးရဲ့ မိသားစုဝင်တွေက မကျေနပ်တာကြောင့် ထိုင်းအမျိုးသား မှုခင်းတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တဲ့အတွက် သေဆုံးသူရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၂ ရက်နေ့က ပြန်လည်တူးဖော်ခဲ့တာ ဖြစ်ပါတယ်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...