မြောက်ကိုရီးယားကို ဖိအားပေးဖို့ ထရမ့် ပြောမယ်
အမေရိကန်သမ္မတ ထရမ့်က မြောက်ကိုရီယားနိုင်ငံရဲ့ နျူးကလီးယားလက်နက် အစီအစဉ် ဖျက်သိမ်းရေးအတွက် ကမ္ဘာတစ်ခုလုံးအနေနဲ့ ဆက်လက်စောင့်ဆိုင်းရန် အချိန်မရှိတော့ကြောင်း သောကြာနေ့စတင်မယ့် သူ့ရဲ့ အာရှခရီးစဉ်အတွင်း ပြောကြားလိမ့်မယ်လို့ သိရပါတယ်။
သူ့ရဲ့ လက်ထောက်တစ်ဦးက အဲဒီခရီးစဉ်အတွင်း အာရှခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ မြောက်ကိုရီးယားနိုင်ငံကို နျူးကလီးယားအစီအစဉ် ရပ်ဆိုင်းရေးအတွက် ပိုမိုကြိုးပမ်းကြဖို့ တိုက်တွန်းမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
သမ္မတ ထရမ့်ဟာ သောကြာနေ့ကစတင်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို သွားရောက်ပါလိမ့်မယ်။
ဒါဟာ အာရှတိုက်ကို ၂၅ နှစ်ကျော်ကာလအတွင်း အမေရိကန်သမ္မတတစ်ဦး ကာလအရှည်ကြာဆုံး သွားရောက်မယ့် ခရီးစဉ်ဖြစ်ပါတယ်။
Photo: Donald J. Trump

Comments