Skip to main content

ပုသိမ်မြို့ က လင်မယားချင်း နောက်ပြောင် ကြည်စယ် ရိုက်နှက်တာဟုဆိုတဲ့ လူသတ်မှု

ပုသိမ်မြို့ က လင်မယားချင်း နောက်ပြောင် ကြည်စယ် ရိုက်နှက်တာဟုဆိုတဲ့ လူသတ်မှု

 
 

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ နယ်မြေစခန်းအပိုင် အမှတ် ၇ ရပ်ကွက် မာတကမ်းနားလမ်းမှာ စိတ်ကျမ္မာရေးချို့ တဲ့နေသူ လင်ယောက်ျားက ဇနီးဖြစ်သူအား (၃)ပေခန့်အရှည်ရှိ ၆ မူးလုံးသံချောင်းဖြင့် နောက်ပြောင်ကြည်ဆယ် ရိုက်နှက်ခဲ့ရာက လူသတ်မှုဖြင့် အမှုဖွင့် အရေးယူ ရကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ ၆.၁၁.၂၀၁၇.ရက်နေ့  ည ၁၀ နာရီခွဲ အချိန်ခန့်က ဦးစိုးအောင် အသက် ၅၇ နှစ်(ဘ)ဦးကြီးမြင့် သည် ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်မှုရုံးတွင် တာဝန်ထမ်းဆောင်နေချိန် နယ်မြေမှူးဦးအောင်ကျော်သူက ဖုန်းဖြင့် ဆက်သွယ်၍ မာတကမ်းနားလမ်း မျိုးချစ်ဆန်ဆက်ရှေ့ အိမ်အမှတ်မရှိနေ လှိုင်ထွန်း အသက်၂၇ နှစ်(ဘ)ဦးခင်ညွန့် ကျဘမ်းလုပ်သား သည် ဇနီးဖြစ်သူ မအေးအေးကြူ အသက် ၂၇ နှစ်အား အရှည် ၃ ပေခန့် ၆ မူးလုံးသံချောင်းနှင့်ရိုက်၍ နေအိမ်ရှေ့ခန်းမှာ သတိလစ်နေကြောင်းပြောသဖြင့် အပိုင်နယ်ထိန်း ရဲဒုတပ်ကြပ် ကျော်ဝင်းထွန်းနှင့်အတူ အခင်းဖြစ်ရပ်သို့သွားရောက်ကြပြီး ပြည်သူတို့၏အကူညီဖြင့် လူနာအားဆေးရုံသို့ရဲဆေးစာနဲ့အတူ ရဲတပ်ကြပ်ကြီးဟန်စိုး တို့က ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့သည်။ 

တရားခံအား နယ်ထိန်းနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့က ထိန်းသိမ်ပြီး စခန်းသို့ခေါ်ဆောင်လာခဲ့ကာ တာဝန်မှူးဖုန်းထက်အာကာထံ အပ်နှံပေးခဲ့၏၊ ထိုအချိန်တွင် ဆေးရုံတွင်ဆေးကုသနေသော မအေးအေးကြူသည် ရရှိသောဒါဏ်ရာများကြောင့် သေဆုံးသွားကြောင်းသတင်းရရှိသဖြင့် သေဆုံးသူအမျိုးသ္မီးမှာ သာပေါင်းမြို့ ဘက်မှလာရောက်အိမ်ထောင်ကြနေပြီး ဆွေးမျိုးသားချင်းမရှိ၍ အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က တရားလိုပြုတိုင်ကြားခဲ့ပါသည်။ 

အဆိုပါအမှုအား ပုသိမ် နယ်မြေ ရဲစန်း (ပ)၂၉၀ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ အမှုအား စခန်းမှူးရဲအုပ်အောင်ဝင်းမြင့် က မြင်ကြားသက်သေအခင်းဖြစ်ရပ် စစ်ဆေးရာ တရားခံသည် စိတ်ကျမ္မာရေး မကောင်းကြောင်း ထင်ရာလုပ်လေ့လုပ်ထရှိကြောင်း သိရပြီးတရားခံအား စစ်ဆေးရာ တွေဝေနေပြီး ဇနီးဖြစ်သူကို ချစ်လို့ နောက်ပြောင်ကြည်စယ် သံချောင်းနဲ့ရိုက်နေခြင်းသာဖြစ်ကြောင်း ပြောဆိုခြင်းမှလွဲ၍ အခြားဘာမှ မေးမရဖြစ်နေသည်။ 

ရွှေဘို ဝဠာ 
ရွှေဘိုဝဠာ - မှု့ခင်းသတင်း နှင့် သတင်းစုံ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...