မီးလောင်မှုကြောင့် ဒဏ်ရာရခဲ့သည့် ညမီးကြီးမီးပုံးပျံ မီးဆရာ ကွယ်လွန်
တောင်ကြီးမြို့ မီး လောင်မှုမှ ယမ်းလောင်ဒဏ်ရာ များရရှိ၍ ဆေးရုံတင်ထားရသည့် လူပဲ့မီးအဖွဲ့မှ မီးဆရာ ဦးအောင်ငဲ (ခ) ဦးစိုးနိုင်လေးသည် နိုဝင်ဘာ ၄ ရက် နံနက်က ကွယ်လွန်ခဲ့ကြောင်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
တောင်ကြီးမြို့ ချမ်းမြသာ စည်ရပ်ကွက် အနော်ရထာလမ်း အိမ်အမှတ်(၂၄၇)တွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင် နေစဉ် အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီ မိနစ် ၂၀ က ယမ်းပေါက်ကွဲရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူပဲ့မီးအဖွဲ့မှ မီးဆရာ ဦးအောင်ငဲ(ခ) ဦးစိုးနိုင်လေး၌ မီးလောင်ဒဏ်ရာ ပြင်းထန်သဖြင့် စဝ်စံထွန်းဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသခဲ့ရသည်။ ထို့နောက် အခင်းဖြစ်ပွားအပြီး ခုနစ်ရက်အကြာ၌ ကွယ်လွန်ခြင်းဖြစ်သည်။
‘‘အခင်းဖြစ်တဲ့နေ့က ယမ်း လောင်တဲ့ ဒဏ်ရာလည်း များ တယ်။ ဆုံးပါးသွားတာ စိတ်မ ကောင်းပါဘူး။ ယမ်းမီးကြီးမှာ နာမည်ရ ထူးချွန်သူတစ်ဦးဖြစ်ပါ တယ်’’ဟု တောင်ကြီးတန်ဆောင် တိုင် မီးပုံးပျံပြိုင်ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်တွင် လူသုံးဦး ဒဏ်ရာရရှိပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ နေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ ယခုအခါ ဒဏ်ရာရရှိသူ သုံးဦးအနက် တစ်ဦး ထပ်မံသေဆုံးခြင်းဖြစ် သည်။
ညမီးကြီးအမျိုးအစား ပြိုင်ပွဲ ဝင် မီးပုံးပျံများ ပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု နှစ်စဉ်ဖြစ် ပေါ်လေ့ရှိပြီး နောင်နှစ် တန်ဆောင်တိုင်ပွဲတော်တွင် ထိခိုက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် မီးပုံးပျံပြိုင်ပွဲကျင်းပရေးကော်မတီနှင့် တိုင်ပင်ဆွေးနွေးအဖြေရှာ မည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်က အောက်တိုဘာ ၃၀ ရက်၌ ပြောကြားသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ဆယ်ရက်တိုင် ကျင်းပခဲ့ပြီး မီးပုံးပျံအလုံးရေ ၃၉၀ ကျော် ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
Credit: 7DayDaily
- Get link
- X
- Other Apps
- Get link
- X
- Other Apps

Comments