ကျားမ တန်းတူဖြစ်ဖို့ နှစ် ၂ဝဝ ကျော် ကြာဦးမယ်
အမျိုးသမီးများအနေနဲ့ လုပ်ငန်းခွင်များမှာ အမျိုးသားများနဲ့ တန်းတူ လစာများရရှိဘို့ ၂၁၇ နှစ် စောင့်ရအုန်းမှာဖြစ်တယ်လို့ ကမ္ဘာစီးပွားရေးဖိုရမ်ရဲ့သုတေသနပြုချက်တွေ အရသိရပါတယ်။
ကမ္ဘာစီးပွားရေးဖိုရမ် WEFမှာ တင်ပြချက်အရ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ လစာတ၀က်လောက်ဘဲရရှိပြီး အမျိုးသားနဲ့ အမျိုးသမီးကြားက ကွာဟ ချက်ဟာ ၅၈%လောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခုလိုအမျိုးသားနဲ့ အမျိုးသမီးကွာဟမှုဟာ နိုင်ငံတိုင်းလိုလိုမှာဖြစ်ပေါ်နေတာဖြစ်ပြီး အိုင်ယာလန်၊ နော်ဝေး၊ ဖင်လန်၊ ရ၀မ်ဒါ၊ ဆွီဒင်နိုင်ငံတွေမှာတော့ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး စီးပွားရေးအခွင်အလန်းတွေမှာ သိတ်ကွာခြားမှုမရှိတာတွေမြင်ရတယ်လို့ WEF က သုံးသပ်ထားပါတယ်။

Comments