Skip to main content

ကိုကို ကိုကိုလို့ ခေါ်ချင်လို့

ကိုကို ကိုကိုလို့ ခေါ်ချင်လို့
# Zawgyi Version ဖြင့် ဖတ်ပါ # 

ယောက်ျားလေးတွေက မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးအချစ်ကို လိုချင်မိပေမယ့် မိန်းကလေးတွေကတော့ ယောက်ျားလေးတစ်ယောက်ရဲ့ နောက်ဆုံးအချစ်ကိုပဲ တောင့်တကြပါတယ်။ မိန်းကလေးတွေအနေနဲ့ အသက်ငယ်တဲ့ မောင်လေးတွေဆီမှ အချစ်ကို မျှော်လင့်ကြပေမယ့် မိန်းကလေးတွေဘဝမှာ တစ်သက်မှာတစ်ခါတော့ ကိုကိုကြီးများနဲ့ ပတ်သက်ဖူးကြပါတယ်၊ ဟုတ်တယ် ဟုတ်။ ကိုကိုကြီးတွေကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းအချက်များကို ဖော်ပြလိုက်ပါတယ်။ 

၁။ လောကကြီးအကြောင်း ပိုနားလည်တယ်။

ကိုကိုတွေဟာ လောကကြီးမှာ အတွေ့အကြုံစုံလင်လှသည်နည်းတူ ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်ရမယ်ဆိုတာ ပိုပြီးနားလည်ပါတယ်။ ကိုယ့်ဘဝအတွက် လှေကားထစ်သဖွယ် ရှေ့တက်လမ်းကို ဖြည့်ဆည်းပေးရင်း ကျောထောက်နောက်ခံကျေးဇူးရှင်ကြီးများ ဖြစ်တတ်ပါတယ်။ အကောင်းအဆိုး ၊ အကြောင်းအကျိုးများကို နည်းလမ်းတကျ ကူညီဖေးမပြီး ကိုယ့်ဘဝအတွက် လမ်းပြကြယ်များ ဖြစ်နေပါတယ်။ 

၂။ တိကျပြတ်သားတယ်။ 

ရည်းစားသက်တမ်းတစ်လျှောက်မှာ ကိစ္စတစ်စုံတစ်ရာပေါ်လာတိုင်း ကိုယ့်အပေါ်ချည်း အပြစ်ပုံချတတ်တဲ့ ရည်းစားမျိုးကို ဘယ်မိန်းကလေးကမှ လိုချင်မှာ မဟုတ်ပါဘူး။ကိုကိုတွေကတော့ ပြဿနာတိုင်းအတွက် တာဝန်ယူဖြေရှင်းလိုစိတ်အပြည့်ဖြင့် ကူညီသွားပါလိမ့်မယ်။ ပြဿနာရပ်တိုင်းကို ခေါင်းအေးအေးဖြေရှင်းလိုစိတ်ရှိပြီး အမှားအမှန်ကို တိကျပြတ်သားစွာ စွမ်းဆောင်ပါလိမ့်မယ်။ 

၃။ ငွေကြေးကိစ္စပူစရာမလိုဘူး။ 

ကိုကိုတွေဟာ အကွက်ကျကျလုပ်ဆောင်တတ်သူများပီပီ ရည်းစားဖြစ်တာနဲ့တစ်ပြိုင်နက် ဘဝရှေ့ရေးအတွက် ငွေးကြေးစုဆောင်းမှုများ စတင်နေပါပြီ။ ငွေကြေးကိစ္စအတွက် ပူစရာမလိုတဲ့အတွက် အိမ်ထောင်ရေးချစ်ခရီးမှာလည်း သာယာချောမွေ့နေပါပြီ။ ငွေရေးကြေးရေးမပူချင်ရင်တော့ ကိုကိုကြီးတွေများကို လက်တွဲလိုက်ပါနော်။ 

၎။ လင်ယောက်ျားကောင်းဖြစ်မယ်။ 

ကိုယ့်ထက် အသက်ငယ်တဲ့ “မောင်” ကို ရွေးချယ်မိရင် ကိစ္စရပ်တိုင်းမှာ မိုက်ရူးရဲဆန်တာတို့ ၊ ကလေးဆန်တာတို့ လုပ်တတ်ပြီး စိတ်မချမ်းမမြေ့ဖြစ်စရာတွေ ကြုံတတ်ပါတယ်။ တကယ်တမ်းတော့ အတွေးအခေါ် ရင့်ကျက်တဲ့ ကိုကိုတွေကသာ ပြဿနာတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်ရုံသာမက ကိုယ့်အတွက် “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း” သဖွယ် ဘဝအရှင်သခင် အိမ်ဦးနတ်ကြီးများ ဖြစ်ပါတယ်။ 

၅။ အိမ်ထောင်ရေး သုခပြည့်စုံမယ်။ 

ဒီအချက်ကတော့ နေ့စဉ်လူနေမှုဘဝသာမက လင်မယားနှစ်ယောက်ဘဝမှာပါ ပြည့်စုံချမ်းသာစေပါတယ်။ ကိုယ့်အတွက် လိုချင်တဲ့စည်းစိမ်အမျိုးမျိုးကို အတွေ့အကြုံများသူပီပီ လက်တွဲခေါ်ဆောင်သွားရင်း ချစ်ဗိမာန်ကို နှစ်ကိုယ်တူ လှမ်းကိုင်နိုင်ပါပြီ။ ချစ်ခုန်တိမ်းမူဖွယ် အတွေ့အထိတွေနဲ့ သာယာဖွယ်ကောင်းတဲ့ ဖဲမွေ့ယာထက်မှာ အချစ်စစ်ပွဲဆင်နွှဲဖို့ဆိုရင် ကိုကိုတွေကိုပဲ ရွေးချယ်လိုက်ပါနော်။ 


Credit: ကျော်စိုးအောင် (အခရာ) 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...