Skip to main content

အဲအေးရှား Group CEO ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ် စတင်ဝယ်ယူနိုင်

အဲအေးရှား Group CEO ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ် စတင်ဝယ်ယူနိုင်
ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခုအဖြစ် ထင်ရှားသည့် အဲအေးရှားလေကြောင်းလိုင်းကို စီမံခန့်ခွဲနေသော အဲအေးရှား Group CEO ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို ၂၀၁၇ နိုဝင်ဘာ ၆ ရက်မှ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အဲအေးရှားလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၂

ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခုအဖြစ် ထင်ရှားသည့် အဲအေးရှားလေကြောင်းလိုင်းကို စီမံခန့်ခွဲနေသော အဲအေးရှား Group CEO ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို ၂၀၁၇ နိုဝင်ဘာ ၆ ရက်မှ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အဲအေးရှားလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်သည်။

အဲအေးရှား Group CEO Mr.Tony Fernandes သည် သူ၏ ကိုယ်တွေ့မှတ်တမ်းဖြစ်သော Flying High, a look back at his journey from music man to airline man စာအုပ်ကို အောက်တိုဘာလ ၂၉ ရက်က ကွာလာလမ်ပူ Petronas Twin Towers ရှိ Marini’s On 57 တွင် ပြုလုပ်သော star-studded affair ၌ ထုတ်ဖော်မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Flying High ဟာ စိတ်ကူးအိမ်မက်တွေရဲ့ စွမ်းအားအကြောင်းကို ဖော်ပြထားပါတယ်။ လေကြောင်းလိုင်းနဲ့ ဘယ်လို စီးပွားဖြစ်မှာလဲ၊ အဆင်ပြေမှာ မဟုတ်ဘူးလို့ ဝိုင်းပြောကြတယ်။ ဒီစာအုပ်မှာ အိမ်မက်တွေက တကယ် ဖြစ်လာနိုင်တာကို သက်သေပြထားပါတယ်။ ဒါကြောင့် သင့်ရဲ့ အတွင်းစိတ်ကို ယုံကြည်ပါ၊ အခြားသူတွေ ဝေဖန်တာကို ဂရုမစိုက်ပါနဲ့၊ ရဲရဲသာ ဆက်လုပ်ပါ။ သင့်ရဲ့ အကောင်းဆုံး အိမ်မက်တွေကို အကောင်အထည် ဖော်ပါ။” အဲအေးရှား Group CEO Mr.Tony Fernandesက စာအုပ်မိတ်ဆက်ပွဲတွင် ပြောဆိုလိုက်သည်။

အဆိုပါစာအုပ်တွင် မလေးရှားက ကောင်လေးတစ်ယောက်ကနေ စိတ်ကူးအိမ်မက်တွေအပြည့်နှင့် အိမ်ကိုလွမ်းနေသည့် British boarding school ကျောင်းသား တစ်ယောက်အကြောင်း၊ Warner Music မှာပဲ အချိန်ကုန်ခဲ့သည့်အကြောင်းကစပြီး နောက်ဆုံး AirAsia chief ဖြစ်သည့်အထိ Mr.Tony Fernandes ရေးသားဖော်ပြခဲ့သည်။

Flying High စာအုပ်ကို နိုဝင်ဘာလ ၆ ရက်မှစပြီး စာအုပ်ဆိုင်များ၊ AirAsia လေယာဉ်များနှင့် bigdutyfree. com တို့တွင် ဝယ်ယူနိုင်ပြီဖြစ်သည်။

ကမ္ဘာ့ အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခုဖြစ်သော အဲအေးရှားသည် အာရှပစိဖိတ်တစ်ခွင်တွင် ခရီးစဉ်ပေါင်း ၁၂၀ ကျော် ပြေးဆွဲလျက်ရှိသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Skytrax World Airline Awards မှာ ကမ္ဘာ့ အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းအဖြစ် (၉) ကြိမ်တိုင်တိုင် ဆက်တိုက် ဂုဏ်ပြုသတ်မှတ်ခံခဲ့ရသည်။
................................

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...