Skip to main content

ကျွမ်းကျင်လုပ်သား ၅၀၀၀ မွေးထုတ်ရန် NSSA က စီမံချက်ဖြင့် ဆောင်ရွက်နေ

ကျွမ်းကျင်လုပ်သား ၅၀၀၀ မွေးထုတ်ရန် NSSA က စီမံချက်ဖြင့် ဆောင်ရွက်နေ

 
လုပ်သားတွေအနေနဲ့ မိရိုးဖလာကျွမ်းကျင်မှုမျိုးကနေ နည်းစနစ်တကျလုပ်ကိုင်လာနိုင်တဲ့အတွက် ဒေသတွင်းနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နိုင်သည်အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်းမှာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သား ၅၀၀၀ နီးပါး မွေးထုတ်ပေးဖို့ စီမံချက်နဲ့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) က သိရပါတယ်။
လက်ရှိ ပြည်တွင်းလုပ်သားတွေအနေနဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိပေမယ့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့ အံဝင်ခွင်ကြမှုမရှိခြင်း၊ အသိအမှတ်ပြုလက်မှတ် မရှိခြင်းများကြောင့် ပြည်ပလာရောက်လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်အချို့မှာ ပြည်ပကလုပ်သားတွေကို ပြည်တွင်းက လုပ်သားတွေထက် ပိုမို သဘောကျတယ်လို့ NSSA အဖွဲ့ဝင်  ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးအေးလင်းက ဆိုပါတယ်။
ဦးအေးလင်း က" သူတို့ လုပ်နေတဲ့ နည်းပညာနဲ့ ကိုင်နေတဲ့ Tool က အစပေါ့ မတူဘူးပေါ့။ မတူတဲ့အခါမှာ နိုင်ငံတကာက လာပြီး တော့ လုပ်တဲ့သူတွေကတော့ သူတို့ Train ထားပြီးသား  လက်သပ်တွေကို ခိုင်းတာနဲ့ ကျွန်တော်တို့ ဆီက ပစ္စည်းကိရိယာနဲ့ မရင်းနှီးတဲ့ကလေးတွေကိုခိုင်းတာက အချိန်ကြာတာတစ်ခုရယ်။ နောက်တစ်ခုက ဘာသာ စကား ခက်ခဲမှုကြောင့်မို့လို့ အဲဒါတွေကို သူတို့က ပြန်ပြီး Train မလုပ်ပေးချင်တော့ ပဲနဲ့ ခေါ်လာတာလဲ ဖြစ်နိုင်သလို သူတို့ အသားကျနေတဲ့ သူတို့နဲ့ လက်တွဲနေကြ သူတို့နိုင်ငံကလေးတွေကို လာလုပ်ခြင်းအားဖြင့် သူတို့ရဲ့ဝင်ငွေက  သူတို့အတွက် ပိုရတာပေါ့" လို့ မဇ္ဈိမကို ပြောပါတယ်။
ဒါကြောင့် NSSA အနေနဲ့  ပြည်တွင်းလုပ်သားတွေကို ပြည်တွင်းမှာသာမက ဒေသတွင်း နိုင်ငံတွေမှာပါ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျွမ်းကျင်မှုကို စစ်ဆေးပြီး အသိအမှတ်ပြု လက်မှတ်ပြုလက်မှတ်ထုတ်ပေးတာတွေကို ဆောင်ရွက်နေပါတယ်။
သင်တန်းတက်ရောက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သား ကိုဇော်မင်းဦးက "သင်တန်းတက်တာကကြတော့ ပိုပြီးတော့ ပစ္စည်းမှန်ကန်အောင် သုံးမယ်ဆိုတဲ့ နေရာတွေရယ်။ သင်တန်းမတက်ခင်တုန်းကတော့ သိပ့်မသိရဘူးလေ။ ဗဟုသုတလည်း သိမ့်မရှိကြဘူး။ သင်တန်းတက်ပြီးသွားမှ ပစ္စည်းမှန်အကုန်လုံးသိရတာ။ ဘယ်နေရာမှာ ဘာသုံးဆိုတာ အကုန်လုံးသိရတာ" လို့ ပြောပါတယ်။
ဒါကြောင့် လုပ်သားတွေအနေနဲ့  မိရိုးဖလာကျွမ်းကျင်မှုမျိုးကနေ နည်းစနစ်တကျလုပ်ကိုင်လာနိုင်တဲ့အတွက်  ဒေသတွင်းနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နိုင်သည်အထိ ဖြစ်လာတယ်လို့ သိရပါတယ်။
ဦးအေးလင်း "ဒီလက်မှတ်အောင်ပြီးသွားတဲ့ ကလေးတွေက အာဆီယံအသိုင်းအ၀ိုင်းမှာတော့ ၀င်ရောက် ယှဉ်ပြိုင်ပြီး လုပ်ကိုင်ဖို့ အာမခံမှုရှိပါတယ်။ နောက်ပြီး ဒီသင်တန်းဆင်းလက်မှတ်တွေ ရထားခြင်းအားဖြင့် မြန်မာ နိုင်ငံက AEC ၀င်ထားပြီးသားဖြစ်တဲ့အတွက် သူများနိုင်ငံကကလေးတွေလည်း ကျွန်တော်တို့ဆီမှာ လာလုပ်လို့ ရသလို ကျွန်တော်တို့နိုင်ငံက ကလေးတွေကလည်း သူများနိုင်ငံမှာ သွားလုပ်လို့ရတဲ့ အဆင့်မျိုးတွေ ဖြစ်တော့ မှာပါ" က ပြောပါတယ်။
လက်ရှိ NSSA အနေနဲ့ ဆောက်လုပ်ရေး၊ အထည်ချုပ်နှင့် စက်ယန္တရားပြင်ဆင်ကဏ္ဍများတွင် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
NSSA က ကျွမ်းကျင်လုပ်သားမွေးထုတ်ရေးလုပ်ငန်းတွေကို ၂၀၁၃ စတင်အကောင်ဖော်ခဲ့ရာ ၂၀၁၆ အထိ ကျွမ်းကျင်လုပ်သား ၂၀၀၀ နီးပါးကို စနစ်တကျသေချာမွေးထုတ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...