Skip to main content

Texas သေနတ်ပစ်ခတ်မှု မိသားစု ပြဿနာအခြေခံ

Texas သေနတ်ပစ်ခတ်မှု မိသားစု ပြဿနာအခြေခံ

 

လူ၂၆ဦးသေဆုံးခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ဘုရားကျောင်းတခုအတွင်းပစ်ခတ်ခဲ့တဲ့သူဟာ သူ့ယောက္ခမနဲ့အဆင်မပြေတဲ့သူတဦးဖြစ်ပြီး တိုက်ခိုက်မှုမလုပ်ခင် ယောက္ခမဆီကို ခြိမ်းခြောက်စာတွေပေးခဲ့တယ်လို့ အာဏာပိုင်တွေက မနေ့ကပြောပါတယ်။ 

မှုခင်းစုံစမ်းစစ်ဆေးသူတွေက တနင်္ဂနွေနေ့မနက်ပိုင်း ဘုရားကျောင်းအတွင်း ၀တ်ပြုနေသူတွေကိုသေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး ဘာရည်ရွယ်ချက်နဲ့အခုလို လုပ်ရသလဲဆိုတဲ့အချက်ကို အဓိကထား စုံစမ်း မှုတွေလုပ်နေတာပါ။ သေနတ်သမားဟာ၂၆နှစ်အရွယ် Devin Kelleyဖြစ်ပြီး အမေရိကန်လေတပ်ကနေ အထုတ်ခံခဲ့ရသူ လည်းဖြစ်ပါတယ်။ 

Sutherland Springs မြို့က First Baptist ဘုရားကျောင်းကို သေနတ်သမား Kelley ရဲ့ယောက္ခမတွေတက်လေ့တက်ထရှိတယ်ဆိုပေမယ့် တနင်္ဂနွေနေတုန်းကတော့ သူတို့တွေ ဘုရားကျောင်းကိုမလာ ကြပါဘူး။ ဒါပေမဲ့ သေနတ်သမားဇနီးရဲ့ အဖွါးကတော့ ဘုရားကျောင်းတက်တာကြောင့် ပစ်ခတ်လို့သေဆုံးခဲ့သူတွေထဲမှာ ပါသွားပါတယ်။ အခုပစ်ခတ်မှုဟာ လူမျိုးရေးရည်ရွယ်ချက်နဲ့လည်းမဟုတ်ဘူး။ 

ဘာသာရေးယုံကြည်ချက်ကြောင့်လည်း မဟုတ်ဘူး မိသားစုအတွင်းဖြစ်တဲ့ပြဿနာလို့ တက္ကဆက်ပြည်နယ် စုံစမ်းစစ်ဆေးရေးအရာရှိ Freeman Martin ကပြော ပါတယ်။ ဘုရားဝတ်ပြုနေသူတွေကို ပစ်ခပ်ပြီးဘုရားကျောင်းကနေထွက်ပြေးခဲ့တဲ့ သေနတ်သမား Kelleyဟာ သူ့ရဲ့ကား အတွင်းသေဆုံးနေတာကိုတွေ့ရပြီး သူ့ ကိုယ်သူပစ်တဲ့သေနပ်ဒဏ်ရာကြောင့်သေဆုံးခဲ့တာလို့ယုံကြည်ရ ကြောင်း စုံစမ်း စစ်ဆေးသူတွေကပြောပါတယ်။ 

သေနတ်သမား Kelleyက သူ့ရဲ့ဖခင်ဆီတယ်လီဖုန်းဆက်ပြီး ဘုရားကျောင်းကနေသူ အမြန်ပြေးလာခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်တာကိုကြားတဲ့ ဘုရားကျောင်းအနီးကလူတဦးနဲ့သူနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့ အကြောင်း သူကိုထိမှန်ထားတဲ့ဒဏ်ရာကြောင့် သူသေဆုံးလိမ့်မယ်လို့ထင်တဲ့ကြောင်း ပြောဆိုခဲ့တယ်လို့အာဏာပိုင် တွေကပြောပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း) 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...