Skip to main content

ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော် ယနေ့ ဖွင့်မည် Thithtoolwin

ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော် ယနေ့ ဖွင့်မည်

 Thithtoolwin 
 

ရန်ကုန် နိုဝင်ဘာ ၁ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှု၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်ကြီးကို နိုဝင်ဘာ ၂ ရက်(ယနေ့)ညနေ ၅ နာရီ တွင် ကျောက်တံတားမြို့နယ် ဆူးလေ ဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့ ၌ စတင်ဖွင့်လှစ်ပေးတော့မည်ဖြစ် သည်။ 

ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော် ကြီးကို နိုဝင်ဘာ ၂ ရက်မှ ၃ ရက်အထိ ကျင်းပပေးသွားမည်ဖြစ်ပြီး အဆိုပါ ရန်ကုန် တန်ဆောင်တိုင်ပွဲတော်ကြီးကို ရောင်စုံမီး အလှဆင်မှုများနှင့်အတူ မဟာဗန္ဓုလပန်းခြံတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ မြန်မာ့ယဉ်ကျေးမှု ပသာဒကို တွေ့မြင်ရမည်ဖြစ်သည်။ အဆိုပါ မီးအလှများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်း ဥယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် အတူ ပရီမီယာကုမ္ပဏီက ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါရန်ကုန်တန်ဆောင်တိုင် ပွဲတော်ကျင်းပမည့် ပြည်သူများနားခိုရာ မဟာဗန္ဓုလ ပန်းခြံမုခ်ဦးတွင် လဝိုင်းခြမ်းပုံသ္ဌာန် ရောင်စုံမီးအလှများဖြင့် သီကုံးအလှဆင်ထားသော ရန်ကုန် တိုင်းဒေသကြီး တန်ဆောင်တိုင်ပွဲတော် ဟူသောစားသားက ဖြတ်သန်းသွားလာသော ပြည်သူများအား ဆွဲဆောင်စေလျက် သာယာအေးချမ်းမှုနှင့်အတူ ဝင်ရောက်ခိုလှုံ ရှုမြင်ကြသည်မှာ အကြိုနေ့ ညဦးပိုင်းမှာပင် စည်ကားများပြားလျက်ရှိသည်။ 

''တန်ဆောင်တိုင် ပွဲတော်ရက်အတွင်းမှာ ပြည်တွင်းအနုပညာရှင်တွေနဲ့ ဖျော်ဖြေ တင်ဆက်ပေးသွားမှာပါ၊ ဘယ်အနုပညာရှင် တွေပါမယ်ဆိုတာတော့ မနက်ဖြန်ဖွင့်မယ့် အချိန်မှ အတည်ပြုရမှာပါ၊ ခေတ်ပေါ်အနုပညာရှင်တွေပါသလို ဒီတန်ဆောင်တိုင်ပွဲတော် မှာ မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ အငြိမ့်၊ အက၊ အလှများ၊ တန်ဆောင်တိုင်မီးအလှများ၊ ဆီမီးခွက်အက၊ အိုးစည်ဒိုးပတ်အက၊ မြေဝိုင်း၊ ရုပ်သေးအကနဲ့ ကျောက်ဆည် ဆင် အကတွေကိုလည်း ပြည်သူတွေကို ဖျော်ဖြေတင်ဆက်ပေးသွားဖို့လည်း စီစဉ်ထားပါ တယ်''ဟု တန်ဆောင်တိုင်ပွဲဖြစ်မြောက်ရေးတွင် ပူးပေါင်းပါဝင်သော ပရီမီယာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ရန်ကုန်တန်ဆောင်တိုင်ပွဲတော်ကြီးကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသော ပြည်သူ များအတွက် တန်ဆောင်တိုင်အမှတ်တရအနေဖြင့် နိဗ္ဗာန်ဈေးပွဲတော်ကြီးကိုလည်း ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်း-မင်းခေတ် 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho

တစ်ကိုယ်ရည် လိင်အသာဖြေခြင်းရဲ့ အကျိုးဆက်ကို ပြောဆိုခဲ့တဲ့ EXO အဖွဲ့သား Suho နာမည်ကြီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suho က အမျိုးသားအချို့ ပြုမှုတတ်လေ့ရှိတဲ့ တစ်ကိုယ်ရည် လိင်အသာဖြေရခြင်းကနေ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်အကြောင်းတွေကို ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။  Suho ဟာ KBS ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Hello Counselor မှာ EXO အဖွဲ့သားတစ်ဦးဖြစ်တဲ့ Sehun နဲ့အတူ အထူးဧည့်သည်တော်အဖြစ် ပါဝင်လာရင်းနဲ့ ဒီအကြောင်းအရာတွေကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ အစီအစဉ်မှာ တစ်ကိုယ်ရည် လိင်အာသာဖြေတဲ့အကြောင်း ဆွေးနွေးနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက Suho ကို လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်အကြောင်းကို မေးမြန်းခဲ့ရာ Suho က ” လိင်အာသာဖြေခြင်းရဲ့ အကျိုးဆက်ဆိုရင်တော့ သင့်ရဲ့အရိုးတွေ ဆွေးမြေ့လာပါလိမ့်မယ် ” လို့ ရယ်မောရင်း ဖြေဆိုသွားခဲ့ပါတယ်။  Suho က သူ့အဖြေကို သူကိုယ်တိုင်သဘောကျနေပြီး အရယ်မသတ်နိုင်ပဲ ဖြစ်နေချိန်မှာ အစီအစဉ်တင်ဆက်သူ Suho လက်ကိုကိုင်ပြီး ” မင်းရဲ့ အရိုးသီအိုရီက မှားနေတယ်။ ကြည့်ပါလား မင်းရဲ့လက်တွေက မဆွေးမြေ့သေးဘူးလေ ” ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားခဲ့...