Skip to main content

သွေးအမျိုးအစားအလိုက် နိုင်စားတဲ့ မမလေးတွေက ဘယ်သူလဲ

သွေးအမျိုးအစားအလိုက် နိုင်စားတဲ့ မမလေးတွေက ဘယ်သူလဲ
# Zawgyi Version ဖြင့် ဖတ်ပါ # 

သူငယ်ချင်းတွေအပေါ်မှာ အနိုင်ယူရမှ နေသာထိုင်သာရှိသူက ကိုယ့်ပတ်ဝန်းကျင်မှာရှိမှာပေါ့နော်။ သူကိုတော့ မမဘုရားလို့သာ ခေါ်လိုက်ချင်တော့မှာပါ။ 

ကဲ သူတို့ကတော့ သွေးအမျိုးအစားအလိုက်ဘယ်လို စိတ်နေစိတ်ထားရှိကြသလဲဆိုတာကို ကြည့်လိုက်ရအောင်လား။ 

၀၁. O သွေးအမျိုးအစား ...... အကြံပေးချက်တွေကို အမြဲအလေးထားမှာပါ။ 

O သွေးမိန်းကလေးတွေကတော့ ဘယ်တော့မဆို ဒုက္ခရောက်နေသူတွေကို ကယ်တင်ချင်နေတာ သူတို့ရဲ့ပင်ကိုယ်စိတ်နေစိတ်ထားပါ။ ဒါပင်မယ့်သူတို့ပြောစကားကို နားမထောင်ရင်တော့ တဖြည်းဖြည်းစိတ်တိုလာမှာပါ။ သူဘာကြောင့် ကိုယ့်စကားကိုနားမထောင်တာပါ့လိမ့်လို့ ကိုယ့်ကိုကိုယ်အပြစ်တင်နေတတ်သူပါ။ ဒါပင်မယ့်သူ့ကို အားပေးချီးကျူးရင်တော့ စိတ်ကြီးတွေဝင်ပြီး ထိန်းရခက်သူဖြစ်သွားပါလိမ့်မယ်။ ခဏကပြောသလို ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင် နေတတ်သူဖြစ်တယ်ဆိုတာတော့ မမှားပါ။ 

၀၂. B သွေးအမျိုးအစား ...... ငါပြောတာတွေက အမြဲ အမှန်တရားတွေဆိုတာကို သိထားကြပါ။ 

အမြဲတည်း ယုံကြည်မှုအပြည့်နဲ့ ကိုယ့်လမ်းကို ကိုယ်လျှောက်နေသူဖြစ်တာကြောင့် ဘယ်သူတွေဘာပဲပြောပြော မမူပါ။ အကယ်၍ အမှားရှိခဲ့သည်ရှိသော်လည်း ကိုယ်မှန်တယ်ဆိုတာကို ယုံပြီး ပြောစကားနားမထောင်ပါ။ ကိုယ်မှားတယ်ဆိုရင်တောင်မှ သူကကိုယ့်ကို မှားတဲ့လမ်းရောက်အောင် အရောက်ပို့တယ်ဆိုပြီး လုံးဝကို လက်ခံမှာမဟုတ်ပါ။ စိတ်ထဲထင်တာကို ထင်တဲ့အတိုင်းပြောတတ်သူဖြစ်တာကြောင့် စကားကို အပေါ်ကပဲပြောတတ်သူပါ။ သူ့ရဲ့ပြောဆို ဆက်ဆံပုံကြောင့်လည်း သူ့ပတ်ဝန်းကျင်မှာလည်း သူ့ကိုကြောက်တတ်ကြပါတယ်။ 

၀၃. AB သွေးအမျိုးအစား ...... ဘုရင်မတစ်ပါးလိုနေပင်မယ့်လည်း တကယ်တော့ အားငယ်တတ်သူပါ။ 

သူက အမှန်အမှားကို သေသေချာချာ ခွဲခြားနားလည်တတ်သူဖြစ်တာကြောင့် ကိုယ်ကမှန်နေတယ်ဆိုရင် တဖက်သားကို ကြီးသည်ငယ်သည်ဖြစ်ပါစေ၊ ရဲရဲတင်းတင်းကို ပြောတတ်သူပါ။ ဒါကြောင့်လည်း အပေါ်စီးကနေ စကားပြောတတ်တဲ့သူလို့ အထင်မှားတတ်ပါတယ်။ သူများတွေနဲ့လည်း တိုင်းပြီး ယှဉ်ပြိုင်ရတာကိုလည်း စိတ်ကိုမဝင်စားသူတစ်ယောက်ပါ။ လာပြီးပူးကပ်နေတာထက် ကိုယ့်ဟာကိုယ် အဝေးမှာတစ်ယောက်တည်းနေရတာကို ပိုပြီး စိတ်ချမ်းသာသူတစ်ယောက်ပါ။ 

၀၄. A သွေးအမျိုးအစား ....... အခစားဝင်ဖို့ရန် အသင့်အနေအထားရှိနေသူပါ။ 

ပတ်ဝန်းကျင်နဲ့အတူ ယှဉ်တွဲပြီး နေချင်သူလည်းဖြစ်ပြီး သူတပါးပြောစကားကို ကြားပြီးပြီဆိုရင်လည်း စိတ်ထဲမှာ အမြဲစဉ်းစားနေတတ်သူပါ။ တစ်ယောက်တည်းနေရင် မာနကြီးပုံရတယ်လို့ထင်ကြတာကြောင့် ဒီလိုထင်ခံရတာကို မုန်းတာကြောင့် တတ်နိုင်သလောက် အားလုံးနဲ့အဆင်ပြေအောင်နေတတ်သူပါ။ အေးအေးဆေးဆေးနေရတာကို သဘောကျသူဖြစ်တာကြောင့် အကယ်၍ စကားများမယ့်နေရာမှာလည်း ကိုယ့်ဘက်က အမှားမပါအောင် ဂရုတစိုက်ပြောတတ်သူတစ်ယောက်ပါ။ ကိုယ့်အတွက်ထက် သူများအတွက်ကို အလေးထားပြီး လုပ်တတ်သူတစ်ယောက်ပါ။ 

ကဲကိုယ်ကတော့ ဘယ်လိုလူမျိုးတစ်ယောက်လည်း ဆိုတာကို စမ်းစစ်ကြည့်လိုက်ရအောင်နော်။ 

Comments

Popular posts from this blog

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား

ဖွားဖက်တော် ရွှေအိုးကြီး (၄) လုံးဟာ ကပိလဝတ်ပြည်မှာ တကယ်ပေါ်ခဲ့တာလား # Zawgyi Version ဖြင့် ဖတ်ပါ #  ဗုဒ္ဓရဲ့ဖွားဖက်တော်ခုနှစ်ပါးထဲမှာ ရွှေအိုးကြီး (၄) လုံးတောင် ပါပါတယ်။ ဘုရားရှင်မွေးဖွားတာနဲ့တစ်ချိန်တည်း ရွှေအိုးကြီး (၄) လုံးဟာ နန်းတော်ထဲက ပေါ်လာတာနော်။  ကဲ . . .  ရွှေအိုးကြီး (၄) လုံးက ဘယ်လောက်တောင်ကြီးလဲ။ သင်္ဃဆိုတဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ်။ ဧဠဆိုတဲ့ ရွှေအိုးက ယူဇနာဝက်။ ဥပ္ပလဆိုတဲ့ ရွှေအိုကြီးက သုံးဂါဝုတ်။ ပုဏ္ဏရိကဆိုတဲ့ ရွှေအိုးကြီးက တစ်ယူဇနာတောင်ရှိပါတယ်။ ရွှေအိုးကြီး (၄) လုံးရဲ့အစောက်က နှစ်သိန်းလေးသောင်းအထုရှိတဲ့မြေထုနဲ့အတူတူပင်။ ဂါဝုတ်တွေ ယူဇနာတွေက ဘယ်လောက်ဝေးလဲဆိုတာ ပြန်ကြည့်ရအောင်။  (၁၀) ဆံခြည် = (၁) နှမ်း  (၆) နှမ်း = (၁) မုယော  (၄) မုယော = (၁) လက်သစ်  (၈) လက်သစ် = (၁) မိုက်  (၂) မိုက် = (၁) ထွာ  (၂) ထွာ = (၁) တောင်  (၄) တောင် = (၁) လံ  (၇) တောင် = (၁) တာ  (၂၀) တာ = (၁) ဥဿဘ  (၂၀) ဥဿဘ = (၁) ကောသ  (၄) ကောသ = (၁) ဂါဝုတ်  (၄) ဂါဝုတ် = (၁) ယူဇနာ  ၄၄၈ဝဝတောင် = ၁ယူဇနာ ။ ၃ပေ = ၂တောင် ။ ၁မိုင် = ၅၂၈ဝပေ ။ ၁ယူဇနာ = ၁၂....

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက်

ဆာင်းရာသီမှာအဖြစ်များတဲ့ လက်အရေပြား ကွာတတ်သူများ အတွက် # Zawgyi Version ဖြင့် ဖတ်ပါ #  မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြားကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ်ပျက်ပါတယ်။ အစားအသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေပြား ကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီးအမားကြီးအထိ ဖြစ်သွားနိုင်တဲ့ ပြဿဒ်မီးလောင်ကိစ္စ ဖြစ်ပါတယ်။  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါတယ်။ အကြမ်းပတမ်းလုပ်ရပြီ ဆိုရင်လည်း လက်ဟာ ရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွ အလှအပအတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေ ပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်းတွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာ ကွာလာတတ်ပါတယ်။ ပြင်ပရာသီဥတုကလည်း အေးစက်နေပြီး ဆောင်းလေအေးတွေ တိုက်နေတာမို့ အရေပြားဟာ ခြောက်သွေ့ပြီး အရေပြားကွာလာတတ်ပါတယ်။  အရေပြားကွာရခြင်း အကြောင်းရင်းများ  လ...

ကည့်ကောင်းပြီး အုံထူတဲ့ ဆံပင်လေးလိုဖြစ်နေစေဖို့

ကည့်ကောင်းပြီး အုံထူတဲ့ ဆံပင်လေးလိုဖြစ်နေစေဖို့ မိန်းကလေးတွေ စိတ်အညစ်ရဆုံး အလှအပဆိုင်ရာ ပြဿနာတစ်ခုထဲမှာ ဆံပင်ပါးခြင်းဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဆံပင်က ပါးနေတော့ စိတ်ကြိုက်လည်း ပုံဖော်လို့မရ။ တစ်ခါတစ်လေ ခေါင်းမှာ အရမ်းကပ်သလို ဖြစ်နေရင်လည်းကြည့်မကောင်းဖြစ်နေတတ်ပါတယ်။ ဆံပင်ပါးတာကိုတော့ ဘယ်မိန်းကလေးမှာ လိုချင်မှာ မဟုတ်ပါဘူး။ အရမ်းမထူနေရင်တောင် အတန်အသင့်အုံရှိတဲ့ ဆံပင်မျိုးတော့ မိန်းကလေးတိုင်း လိုချင်မိကြပါတယ်။ သဘာဝအတိုင်းပါးနေတာပဲ ဘာမှလုပ်လို့ ရမှာမဟုတ်ဘူးလို့ သင်တွေးနေတယ်ဆိုရင်တော့ သင့်ရဲ့ယူဆချက်မှားပါတယ်။ ပါးနေတဲ့ဆံပင်  ကနေ မွေးရာပါအုံထူတဲ့သူတွေလောက်တော့ သင်ပြောင်းလဲယူလို့ မရပေမယ့် သင့်ရဲ့လက်ရှိပါးနေတဲ့ ဆံပင်အုံထက်ပိုပြီး  ကြည့်ကောင်းအောင်တော့ သေချာပေါက်လုပ်လို့ရပါတယ်.............  ၁ ။ ဆံကေသာကို အမြဲသန့်ရှင်းအောင်ထားပါ။  ပြင်ပလေထုထဲက အညစ်အကြေးတွေကြောင့် ဆံပင်ဟာလည်း ညစ်ပေလွယ်တတ်ပါတယ်။ ရာသီဥတုပူတဲ့အချိန်မှာဆို  ချွေးတွေနဲ့ ပိုပြီး ညစ်ပေလွယ်တတ်ပါတယ်။ ဆံပင်ကထွက်တဲ့အဆီနဲ့ပတ်ဝန်းကျင်က အညစ်အကြေးတွေပေါင်းစပ်သွား  တဲ့အခါ ဆံပင်ကို အိကျလာစေပါတယ်။ အစတည်းက ဆံပင...