ရက် တီလာဆန် မြန်မာပြည် လာမယ်
မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက် တီလာဆန် သွားရောက်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့ မနေ့က ကြေညာလိုက်ပါတယ်။
နေပြည်တော်ကို နိုဝင်္ဘာလ ၁၅ ရက်နေ့သွားရောက်တဲ့အခါ ရခိုင်ပြည်နယ် ပဋိပက္ခကိုဆွေးနွေးမှာဖြစ်သလို မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံမှုကိုလည်း ပြောဆိုမယ်လို့ သိရပါတယ်။
ဝန်ကြီး တီလာဆန်ဟာ တခြား အာရှနိုင်ငံတွေကိုလည်း သွားရောက်မှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှထိပ်သီး ညီလာခံကို သမတ ထရမ့်ကိုယ်စားတက်ရောက်ပါလိမ့်မယ်။

Comments